OUR SERVICES

mental health support in Myanmar (Individual Counselling)

Individual Counseling

Jue Jue’s Safe Space ၏ တစ်ဦးချင်း တိုင်ပင်ဆွေးနွေးပေးသည့် ဝန်ဆောင်မှုကို Master Degree ရရှိပြီးသည့် နိုင်ငံတကာ အဆင့်မှီ အသိအမှတ်ပြု စိတ်ကျန်းမာရေး Counselor များနှင့်ရရှိနိုင်ပါတယ်။ စိတ်ကျန်းမာရေးဆိုင်ရာ တစ်ဦးချင်း ဆွေးနွေးကုသရာတွင် တစ်ကြိမ်လျှင် မိနစ် (၅၀)မှ (၆၀)မိနစ် ကြာမြင့်မှာဖြစ်ပြီး ကုသခံယူသူနှင့် Counselor နှစ်ဦးအပြန်အလှန် နှစ်သိမ့်ဆွေးနွေးခြင်းဖြစ်ပါတယ်။ တစ်ဦးချင်းတိုင်ပင်ဆွေးနွေးမှုရယူလိုပါက Jue Jue’s Safe Space ၏ Facebook Chat box ကနေတစ်ဆင့် booking ပြုလုပ်နိုင်ပါပြီ။​ Facebook chat box of Jue Jue’s Safe Space.

mental health support in Myanmar (Couple Counselling)

Group Counseling

မိမိတို့၏အဖွဲ့အစည်းများ၊ ကုမ္ပဏီများတွင် ဖြစ်ပေါ်လေ့ရှိသော လုပ်ငန်းခွင်ဆိုင်ရာ စိတ်ဖိစီးမှုများ၊ လှုမှုရေး ပဋိပက္ခများကို စိတ်ကျန်းမာရေး ကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးကာ လုပ်ငန်းခွင် (သို့) မိမိတို့၏ အသိုင်းအဝိုင်းအတွင်း ပိုမိုအဆင်ပြေလာစေရန် အဖွဲ့လိုက်နှစ်သိမ့်ဆွေး‌နွေးမှုဝန်ဆောင်မှုများလည်း Jue Jue’s Safe Space မှာ ရယူနိုင်ပြီဖြစ်ပါတယ်။​

mental health support in Myanmar (Group Counselling)

Couple Counseling

အိမ်ထောင်ရေး၊ အချစ်ရေး၊ မိမိနှင့် မိမိ Partnerကြားဆိုင်ရာ ပဋိပက္ခများကို ဖြေရှင်းလိုသူများ Master Degree ရရှိပြီးသည့် နိုင်ငံတကာ အဆင့်မှီ အသိအမှတ်ပြု စိတ်ကျန်းမာရေး Counselor များနှင့် Couple Counseling ကို ရယူနိုင်ပါတယ်။ တစ်ကြိမ်လျှင် မိနစ် (၅၀)မှ (၆၀)မိနစ် ကြာမြင့်မည်ဖြစ်ပြီး ဆွေးနွေးမှုခံယူသူစုံတွဲနှင့် Counselorကြား အပြန်အလှန် နှစ်သိမ့်ဆွေးနွေးခြင်းဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက Jue Jue’s Safe Space၏ Facebook Page Chat box တွင် အသေးစိတ်မေးမြန်းမှုများပြုလုပ်နိုင်ပါတယ်။​

စိတ်ဓာတ်ကျပြီး ထွက်ပေါက်ပိတ်နေတယ်လို့ ခံစားနေရပါသလား။

နိုင်ငံရေး လူမှုရေး စီးပွားရေးတွေမှာ အဘက်ဘက်က ကြပ်တည်းပြီး ဖိအားဖြစ်နေလို့ ထွက်ပေါက်ပိတ်နေတယ်လို့ ခံစားနေရပြီလား။

စိတ်ထွက်ပေါက်ရှာရင်း မိမိကိုယ်ကို အဆုံးစီရင်ဖို့ အတွေးတွေ တွေးနေမိပြီလား။

Jue Jue’s Safe Space provides a confidential 24/7 Suicide Helpline, offering support to individuals experiencing suicidal thoughts or emotional crisis.

If you are thinking about ending your life, or if someone around you is in need of mental health support, you can reach out through the Jue Jue’s Safe Space Facebook Messenger. Simply click the Request Support button and answer seven short questions.

Our trained volunteers will then contact you through Telegram, offering a listening ear, emotional support, and initial mental health assistance.

If you are experiencing suicidal thoughts or feeling overwhelmed, please remember that you are not alone.

Jue Jue’s Safe Space is here for you 24 hours a day, 7 days a week. We encourage you to reach out and seek the support you deserve.

မွန်းကြပ်မှုတွေသက်သာဖို့ PSS မှာရင်ဖွင့်စို့!

စိတ်ဓာတ်ကျပြီး မွန်းကြပ်နေတယ်လို့ ခံစားနေရပါသလား။

နိုင်ငံရေး၊လူမှုရေး၊ စီးပွားရေးတွေရဲ့ ဖိအားတွေကြောင့် စိတ်ညစ်နေရလား။

Do you feel like there is no one around you that you can safely talk to about what you are going through?

Jue Jue’s Safe Space invites you to reach out to the 24/7 PSS Helpline, a confidential support line that is always open to listen and help.

The PSS (Psychosocial Support) Helpline provides a safe and supportive space for people from all ethnic backgrounds across Myanmar who are struggling to cope with complex challenges. This service was created so that anyone in need of someone to talk to can share openly in a secure and non-judgmental environment.

Whether you are looking for a warm, understanding person to talk to, or someone around you is in need of mental health support, simply message us through the Jue Jue’s Safe Space Facebook page. Tap the Request Support button, answer a few brief questions, and you will be connected with one of our trained volunteers.

Our trained peer support volunteers will then contact you through Telegram to listen and offer the support you need.

These volunteers have been professionally trained and certified using U.S.-recognized peer support curricula under the guidance of a licensed mental health professional from the Jue Jue’s Safe Space team. Your conversations will remain strictly confidential and handled with respect and care.

Since the PSS Helpline is available 24 hours a day, 7 days a week, we encourage you to reach out rather than suffer in silence. You are not alone — we are here to support you.

Are you feeling down and overwhelmed due to recent natural disasters such as earthquakes?

Are you feeling worried and anxious about your family and loved ones?

Are you struggling yourself, even though you know you should help others? Do you feel the need to speak openly with someone you trust who can offer comfort and support?

For those experiencing stress, anxiety, or emotional distress, Jue Jue’s Safe Space provides the Disaster Distress Helpline, available 24 hours a day to offer compassionate support.

This helpline was created as a safe and confidential space where people from all walks of life, including diverse ethnic communities across Myanmar, can openly share their concerns and receive emotional support.

If you need a safe place to talk, or if someone around you requires mental health support, simply send a message through the Jue Jue’s Safe Space Facebook page. After answering a few brief questions, you will be connected with one of our trained volunteers.

Our volunteers have received professional training based on U.S.-recognized mental health support curricula and are committed to providing compassionate, confidential, and respectful care.

The Disaster Distress Helpline is available 24 hours a day, 7 days a week. You do not have to face difficult times alone—we encourage you to reach out whenever you need support.

Collective Healing Initiatives

Jue Jue's Safe Spaceသည် စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားစေရန်၊ စိတ်ပိုင်းဆိုင်ရာဖေးမကူညီမှုနှင့် လူမှုအဖွဲ့အစည်း၏စိတ်ကြံ့ခံ နိုင်စွမ်းကိုမြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍ အခမဲ့သင်တန်းများနှင့်ဆွေးနွေးပွဲများကို ပံ့ပိုးပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့၏အစီအစဉ်များသည် လူတိုင်းပါဝင်နိုင်ပြီး လက်လှမ်းမီလွယ်စေရန်စီစဉ်ထားသည့်အပြင် ပြုစုစောင့်ရှောက်သူများ၊ ရပ်ရွာခေါင်းဆောင်များ၊ လူငယ်များ၊ ပညာရေးဝန်ထမ်းများနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများစသည့် နယ်ပယ်အသီးသီးမှပုဂ္ဂိုလ်များ၏ လိုအပ်ချက်နှင့်ကိုက်ညီစေရန် သင်ရိုးညွှန်းတမ်းများရေးဆွဲ၍ ပို့ချလျက်ရှိပါတယ်။

ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို လူကိုယ်တိုင်တက်ရောက်နိုင်သော သင်တန်းများသာမက အွန်လိုင်းမှတစ်ဆင့်လည်းပို့ချပေးလျက်ရှိရာ မတူညီသောဒေသနှင့်နောက်ခံအသီးသီးမှတက်ရောက်သူများအနေဖြင့် ဘေးကင်းလုံခြုံစွာနှင့် စိတ်ကျန်းမာရေး သင်တန်းများကိုရရှိနိုင်မည်ဖြစ်ပါသည်။​                          

ဒီပြဿနာတွေကို အချိန်မကုန်၊ လူမပင်ပန်းဘဲ ဖြေရှင်းနိုင်ဖို့အတွက် လူမျိုးဘာသာအသက်အရွယ်မရွေး အားလုံးအတွက် အဖော်မွန်ကောင်းလေးလာပါပြီ။

Jue Jue’s Safe Space အနေနဲ့ အားလုံးအတွက် အင်တာနက်မလိုဘဲ အချိန်မရွေး၊ နေရာမရွေး လွယ်ကူရိုးရှင်းစွာအသုံးပြုနိုင်ပြီး မိမိတစ်နေ့တာကိုစိတ်သက်တောင့်သက်သာနဲ့ဖြတ်သန်းနိုင်ဖို့ self care tips အစုံအလင်ကို မြန်မာဘာသာနဲ့ တစ်စုတစ်စည်းထဲဖော်ပြပေးထားတဲ့ relaxation card ရောင်စုံလေးတွေကို ဝယ်ယူရရှိနိုင်ပါပြီ။

Relaxation card လေးတွေကိုဘယ်လိုအသုံးပြုလို့ရမလဲ၊ ဘယ်လိုကောင်းကျိုးတွေရမလဲဆိုတာကို video လေးကို အတူတူကြည့်လိုက်ကြစို့နော်။

သင့်ရဲ့တစ်နေ့တာကိုစိတ်လက်ပေါ့ပါးစွာဖြတ်သန်းနိုင်ဖို့ အဖော်မွန်ကောင်းတစ်ခုလိုအပ်နေပြီလား?

နေ့တစ်နေ့ရဲ့အစကနေ ညအိပ်ရာဝင်ချိန်အထိကိုယ်လုပ်ရမယ့်အလုပ်တွေကိုစဉ်းစားပြီး လူတိုင်းလိုလိုစိတ်ဖိစီးတတ်ကြတယ်။ ဒီလိုမျိုးနေ့တိုင်းနီးပါးဖြတ်သန်းနေရတာ ကိုယ့်စိတ်ကျန်းမာရေးအတွက်ရေရှည်အဆင်ပြေပါ့မလား။ ဒါကိုဖြေရှင်းနိုင်မယ့်နည်းလမ်းကောင်းကိုရှာနေလား?

သင်၏အလှူ အသက်ကိုကူ

လူကြီးမင်း၏ လှူဒါန်းမှုများအား အရေးပေါ် လူသားချင်းစာနာထောက်ပံ့မှုဆိုင်ရာ အကူအညီများနဲ့ ကယ်ဆယ်ရေးသမားများရဲ့ စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှုများအတွက် ပေးပို့ကူညီသွားမှာဖြစ်ပါတယ်။

မတ်လ ၂၈ ရက်နေ့တုန်းက စစ်ကိုင်းမြို့ကနေ ၁၂ ကီလိုမီတာ ဝေးတဲ့နေရာကို ဗဟိုပြုပြီး ၊ ပြင်အား ၇.၇ ရှိတဲ့ ငလျင်ကြီး တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။ စစ်ကိုင်း ၊ မန္တလေး ၊ နေပြည်တော် ၊ ပြည် ၊ အမရပူရ ၊ တောင်ကြီး နဲ့ ရန်ကုန် အပါအဝင် နေရာဒေသ တော်တော်များများမှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပြီးတော့ ကျေးရွာ ၊ မြို့နဲ့ လူနေအိမ်တွေ အများအပြား ပျက်စီးဆုံးရှုံးခဲ့ကြရပါတယ်။ လက်ရှိအချိန်အထိ ရရှိထားတဲ့ အချက်အလက်တွေအရ လူပေါင်း ၁,၆၄၄ ဦးသေဆုံး ၊ ၃,၄၀၈ ဦး ဒဏ်ရာရ ၊ ၁၃၉ ဦး ပျောက်ဆုံးနေတာ ဖြစ်ပြီး မိသားစုတွေလည်း အိမ်ခြေယာမဲ့တွေ ဖြစ်ကုန်ကြရပါတယ်။

ဒါ့ကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်ဖို့နဲ့ အစာရေစာ ၊ ရေသန့် ၊ ဆေးဝါးတွေ ကို အပူတပြင်း လိုအပ်နေကြပါတယ်။ ဒီအတွက် ကျွန်မတို့ Jue Jue’s Safe Space မှာ ပါဝင်ကူညီ လှူဒါန်း ခြင်းအားဖြင့် လိုအပ်တဲ့နေရာတွေကို အလျင်အမြန် အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ ကျွန်မတို့ Jue Jue's Safe Space ကယုံကြည်ရတဲ့ ဒေသခံအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး နာရီပိုင်းအတွင်းမှာပဲ အကူအညီတွေကို ရောက်ရှိအောင် ဆောင်ရွက်ပေးနေပါတယ်။

ထို့အပြင် မြေငလျင်သဘာဝ ဘေးအန္တရာယ်တွေကြောင့် ပူပန်မွန်းကြပ်မှုတွေကို ခံစားနေရသူတွေအတွက် ကျွန်မတို့ Jues Safe Space ရဲ့ Helpline တစ်ခုဖြစ်တဲ့ Disaster Distress Helpline က ၂၄နာရီ အမြဲအသင့်ရှိနေပါတယ်။ ဒီ Helpline ဟာဆိုရင် မြန်မာနိုင်ငံရဲ့ အဖက်ဖက်က ရိုက်ခတ်မှုတွေ ခက်ခဲတဲ့ကြားမှ ကြိုးစားရှင်သန်နေကြရတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားလူမျိုးပေါင်း စုံအတွက် ရင်ဖွင့်တိုင်ပင်ဆွေးနွေးလို့ရတဲ့ လုံခြုံတဲ့နေရာလေး တစ်ခုအဖြစ်ဖန်တီးထားပါတယ်။ 

ရင်ဖွင့်ပြောဆိုဖို့အတွက် နားထောင်ပေးဖို့ လုံခြုံနွေးထွေးတဲ့နေရာလေးတစ်ခု လိုအပ်သူတိုင်း ၊ဒါမှမဟုတ် ကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ပိုင်းဆိုင်ရာအရ အကူအညီလိုအပ်တဲ့ လူတွေတိုင်းအတွက် Jue Jue's Safe Space ရဲ့ page messenger ကိုလာရောက်ပြီး အကူအညီရယူလိုတဲ့ အကြောင်းပြောလိုက်တာနဲ့ မိမိကို အကူအညီပေးနိုင်မယ့် ခွင့်ပြုချက်ကို ပေးပြီးသားဖြစ်သွားမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မိတ်ဆွေ အနေနဲ့ ပါဝင်ခြင်းက အလှူသက်သက်ကြီးပဲ မဟုတ်ပါဘူး ၊ ဒါဟာ မြန်မာပြည်သူပြည်သားတွေရဲ့ သတ္တိရှိမှုနဲ့ စည်းလုံးခြင်း ကို ထောက်ခံခြင်းပါပဲ။ ကျွန်မတို့ မြန်မာပြည်သူ၊ ပြည်သားတွေရဲ့ မျှော်လင့်ချက် တစ်မျှင်ကို ကျွန်မတို့တွေရဲ့ ပံ့ပိုးမှုနဲ့ ဆုပ်ကိုင်ခွင့်ပေးလို့ရနေပါပြီ။ ဒါ့ကြောင့် အခုပဲ အုတ်တချပ်သဲတစ်ပွင့်အနေနဲ့ ပါဝင်ဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင့်။

Free Weekly Support Group

အခက်ခဲဆုံးကာလမှာ စိတ်ဖိစီးမွန်းကြပ်မှုများကိုခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် ရင်ဖွင့်တိုင်ပင်ဆွေးနွေးဖို့ လုံခြုံတဲ့ Safe Space လေးကို ပြုလုပ်ပေးလျက်ရှိပါတယ်။ လူသားချင်းဆိုင်ရာထောက်ပံ့မှုများ ဖြတ်တောက်ခံရခြင်းကြောင့် ငွေကြေး၊ စားနပ်ရိက္ခာ၊ ဆေးဝါးစတဲ့အရာတွေ လောက်ငှမှုမရှိတော့ခြင်း၊ လူသားအကျိုးပြုလုပ်ငန်းတွေမှာ ကူညီဆောင်ရွက်နေတဲ့ လူမှုဝန်ထမ်းတွေရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲပင်ပန်းမှုများ၊ အခက်အခဲများကြား ရုန်းကန်နေရသူများအား အကူအညီပေးခြင်းနဲ့ ဒေသတွင်းက အခြားစိတ်ကျန်းမာရေး အကျပ်အတည်းတွေအကြောင်း ဆွေးနွေးမှုတွေကို ပြုလုပ်ပေးလျက်ရှိပါတယ်။

Weekly support group offers discussion around stress management, devastating effect of humanitarian aid, providing support for floating survivors and other mental health crisis in the community.

Free Weekly Support Group

Care Letter for Earthquake Survivors

 
ငလျင်ဘေးက လွတ်မြောက်လာသူတွေနဲ့ ကယ်ဆယ်ရေးသမားတွေကို ဘယ်လိုအားပေးစကား ပြောချင်လဲ?
အခုအချိန်မှာ ကျွန်မတို့မြန်မာပြည်သူတွေဟာ ဘေးဒုက္ခတွေကြောင့် အပူမီးတွေ တောက်လောင်နေကြပါတယ်။ တချို့တွေက အိမ်တွေ ဆုံးရှုံးတယ်၊ တချို့တွေက ထိခိုက်ဒဏ်ရာရတယ်၊ တချို့တွေက ချစ်ရတဲ့ မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းတွေကို ဆုံးရှုံးကြရတယ်။ ဒီလိုအသက်လုပြီးခက်ခဲနေတဲ့အချိန်ကို ကျော်လွှားနိုင်ဖို့ ကျွန်မတို့ ပြည်သူတွေ အတူတူလက်တွဲ ရင်ဆိုင်ကျော်လွှားကြဖို့ လိုအပ်ပါတယ်။
ဒီလိုအခက်အခဲတွေကြားက ဝမ်းနည်းအားငယ်နေသူတွေကို ကျွန်မတို့ရင်ထဲကလာတဲ့ နွေးထွေးတဲ့၊ ခွန်‌အားပေးတဲ့စကားတွေပြောပေးရင်း အတူတူရှိနေကြောင်း ပြသလို့ရပါတယ်။
ငလျင်ဘေးဒဏ်ကိုယ်တိုင်ရင်ဆိုင်ကြုံတွေ့ခဲ့ရသူတွေနဲ့ အသက်စွန့်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကြိုးစားလုပ်ဆောင်နေတဲ့ ပရဟိတသမားတွေဆီ မေတ္တာခွန်အားပေးတဲ့ စာလေးတွေ မြေပြင်အထိသွားနေတဲ့ ကျမတို့Jue Jue's Safe Space က အဖွဲ့များမှတဆင့် ကူညီပေးသွားမှာပါ။
ငလျင်ဘေးသင့်ပြည်သူများရဲ့ ဝမ်းနည်းပူဆွေးမှုများကို ရင်ဖွင့်ဆွေးနွေးဖို့အတွက် Disaster Distress Helpline ကို ဖွင့်လှစ်ပြီးလည်း (၂၄) နာရီပတ်လုံး အခမဲ့ ကူညီပေးနေပါတယ်။ ခွန်အားပေးမေတ္တာစာလေးတွေ ကိုလည်း မြေပြင်မှာရှိတဲ့ ငလျင်ဘေးသင့်ပြည်သူတွေနဲ့ ကယ်ဆယ်ရေးသမားတွေဆီ သွားရောက် ပေးပို့မယ့် Care Letter Campaign for Myanmar Earthquake Survivors Campaign လေးကို ပြုလုပ်သွားမှာဖြစ်လို့ ကျွန်မတို့နဲ့တူတူ ခွန်အားပေးစာလေးတွေ ရေးကြရအောင်ပါ။
မေတ္တာစာပေးပို့ခြင်းကမ်ပိန်း”အစီအစဉ်က ၂၀၂၅၊ ဧပြီ ၃ ရက်ကနေ ၂၅ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။
စာရေးသားပေးပို့ဖို့ ဘာတွေလိုအပ်လဲ 📄🖊️
ဘယ်သူမဆို ရေးသားပေးပို့လို့ရပါတယ်။
နာမည်နဲ့တကွ ဖော်ပြလို့ရသလို အမည်မဖော်လိုသူတွေအနေနဲ့ Anonymous အဖြစ် ပေးပို့လို့ရပါတယ်။
စာရွက်ပေါ်မှာ လက်ရေးနဲ့ရေးပြီး ဓာတ်ပုံရိုက်ပို့ပေးလို့ရသလို Document file အဖြစ်နဲ့ ပေးပို့လို့ရပါတယ်။
စာပေးပို့ရမယ့်လိပ်စာကတော့ [email protected] သို့်မဟုတ် Jue Jue's Safe Space Page Messenger ကို လာမယ့် ဧပြီ ၃ ရက်ကနေ ၂၅ ရက်အထိ ရေးသားပေးပို့လို့ရပါတယ်ရှင်
my_MMMY