Jue Jue’s Safe Space အကြောင်း – မြန်မာနိုင်ငံရှိ စိတ်ကျန်းမာရေး ဝန်ဆောင်မှုများ

ကျွန်ုပ်တို့အကြောင်း

Jue Jue’s Safe Space (JJSS) provides mental health services Jue Jue’s Safe Space (JJSS) သည် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုရှိ မြန်မာလူမှုအသိုင်းအဝိုင်းများအတွက် စိတ်ကျန်းမာရေး ဝန်ဆောင်မှုများနှင့် သင်တန်းများကို ပေးအပ်လျက်ရှိပါသည်။ မဟာဘွဲ့အဆင့် ပညာအရည်အချင်းများ ရရှိထားသည့် အရည်အချင်းပြည့်မီသော စိတ်ကျန်းမာရေးပညာရှင်များက တစ်ဦးချင်း၊ စုံတွဲ၊ မိသားစုနှင့် အုပ်စုများအတွက် တိုင်ပင်ဆွေးနွေးမှု ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။

JJSS သည် မြန်မာလူမှုအသိုင်းအဝိုင်းများရှိ လူငယ်များနှင့် အမျိုးသမီးဦးဆောင်သည့် အဖွဲ့အစည်းများအတွက် အခမဲ့နှင့် အခကြေးငွေဖြင့် စိတ်ကျန်းမာရေးနှင့် လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများ (Mental Health and Psychosocial Support – MHPSS) ကို ပေးအပ်လျက်ရှိပါသည်။ ထို့အပြင် စိတ်ကျန်းမာရေးအကျပ်အတည်း ကြုံတွေ့နေရသူများအတွက် ၂၄ နာရီ၊ ၇ ရက်ပတ်လုံး မိမိကိုယ်ကိုအဆုံးစီရင်မှု ကာကွယ်တားဆီးရေး (Suicide Prevention) နှင့် အချင်းချင်း အားပေးကူညီမှုဆိုင်ရာ ဝန်ဆောင်မှုများ (Peer Support Specialist Services) အပါအဝင် စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကိုလည်း ပေးအပ်လျက်ရှိပါသည်။ JJSS သည် မြန်မာနိုင်ငံတွင် လက်ရှိ စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေသည့် ဒေသများမှ အမျိုးသမီးများဦးဆောင်သည့် အဖွဲ့အစည်းများ၊ LGBTQ+ အသိုင်းအဝိုင်းများနှင့် ဘေးဖယ်ခံထားရသော လူနည်းစုအသိုင်းအဝိုင်းများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ယနေ့တွင် JJSS သည် မြန်မာလူမျိုးများအတွက် အားကိုးယုံကြည်ရပြီး လေးစားမှုရရှိထားသော စိတ်ကျန်းမာရေးအဖွဲ့အစည်းများထဲမှ တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။

ကျွန်ုပ်တို့ ဘာကြောင့် ရပ်တည်နေသလဲ

ကျွန်ုပ်တို့၏ ရည်မှန်းချက်


Jue Jue’s Safe Space ၏ ရည်မှန်းချက်မှာ တစ်ဦးချင်းစီ၏ ရင်တွင်းငြိမ်းချမ်းမှုမှသည် မြန်မာတစ်နိုင်ငံလုံး၏ ငြိမ်းချမ်းရေးဆီသို့ ရောက်ရှိနိုင်ရန် ကူညီပံ့ပိုးပေးရန် ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ မျှော်မှန်းချက်


ကျွန်ုပ်တို့၏ မျှော်မှန်းချက်မှာ ပြည်သူများ ကြံ့ကြံ့ခံနိုင်စွမ်းရှိပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်သော မြန်မာလူမှုအသိုင်းအဝိုင်းတစ်ခု ဖြစ်ထွန်းလာစေရန် ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ တန်ဖိုးထားမှုများ


ကျွန်ုပ်တို့သည် လူမှုတရားမျှတမှု (Social Justice) ကို အလေးထားပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကို ခံစားနေရသည့် ဘေးဖယ်ခံထားရသော လူနည်းစုများနှင့် လူမှုအသိုင်းအဝိုင်းများကို ကူညီပံ့ပိုးပေးပါသည်။





မဟာဗျူဟာမြောက် ရည်မှန်းချက်များ

  • ကြံ့ခိုင်ပြီး စိတ်ကျန်းမာရေးအားကောင်းသော မြန်မာ့လူထုအသိုက်အဝန်းကို တည်ဆောက်ရန်။​
  • မြန်မာနိုင်ငံ၏ စိတ်ကျန်းမာရေးလှုပ်ရှားမှုတွင် ဦးဆောင်သည့် စိတ်ကျန်းမာရေးဝန်ဆောင်မှုပေးသူအဖြစ် ရပ်တည်လာရန်။ 
  • အခြေခံကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်များ (Primary Healthcare Programs) နှင့် ပေါင်းစပ်ဆောင်ရွက်ရန်၊၊
  • စိတ်ကျန်းမာရေးဝန်ဆောင်မှုများကို ပိုမိုလက်လှမ်းမီရရှိနိုင်စေရန်နှင့် အမည်းစက်သဖွယ် ခွဲခြားသတ်မှတ်မှုများ (Stigma) ကို လျှော့ချနိုင်ရန် မူဝါဒပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရေးအတွက် တိုက်တွန်းဆောင်ရွက်ရန်။
  • ဝန်ဆောင်မှုလွှဲပြောင်းပေးသည့် လုပ်ငန်းစဉ်များ (Referral Processes) ပိုမိုအားကောင်းလာစေရန် ဒေသတွင်းကွန်ရက်များနှင့် ပူးပေါင်းဆောင်ရွက်ရန်။

Reviews

my_MMMY