Our Training Services

  • အထူးပြု ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ကာကွယ်ရေး သင်တန်း
  • အချင်းချင်း ဖေးမကူညီမှုဆိုင်ရာ ကျွမ်းကျင်သူ သင်တန်း
  • စစ်ဘေးသင့်ဒေသရှိ ကလေးငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း 
  • စိတ်ကျန်းမာရေးနှင့် လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု ဝန်ဆောင်မှု
  • ဆင့်ပွား စိတ်ဒဏ်ရာ ကာကွယ်ရေး သင်တန်း
  • စိတ်ဒဏ်ရာနှင့် စိတ်ဒဏ်ရာလွန် စိတ်ဖိစီးမှုဝေဒနာဆိုင်ရာ သင်တန်း - အဆင့် ၁
  • ကလေးဘဝ စိတ်ဒဏ်ရာများ ဖြစ်ပွားမှု ကာကွယ်ရေးသင်တန်း - အဆင့် ၂
  • ဆေးဘက်ဆိုင်ရာ စိတ်ဒဏ်ရာ - နာတာရှည်ရောဂါသည်ရှိသော မိသားစုများကို ကူညီပံ့ပိုးပေးနိုင်မည့် လက်တွေ့အသုံးချနည်းနာများ - အဆင့် ၃
  • စိတ်ဒဏ်ရာခံစားနေရသော အမျိုးသားများ၏ အခြေအနေကို နားလည်စာနာခြင်းဆိုင်ရာ သင်တန်း
  • စိတ်ခံစားမှု ထိန်းချုပ်ခြင်းနှင့် အပြုအမူဆိုင်ရာ ကုထုံးသင်တန်း
  • လူမှုဆက်ဆံရေးနှင့် အိမ်ထောင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ 

Lifelong Learning (Triple “L3”)

mental health in Myanmar (Online Learning Platform)

Jue Jue’s Safe Space ကနေသင်ကြားပို့ချပေးထားခဲ့တဲ့ စိတ်ကျန်းမာရေးဆိုင်ရာပညာရပ်များကို အချိန်မရွေး၊ နေရာမရွေး တဝကြီးသင်ယူလို့ရတော့မယ့် online learning platform တစ်ခု ရောက်ရှိလာပါပြီ။

ဒီ platform ကို Lifelong Learning (Triple L“L3”) လို့ခေါ်ပြီး လူကြီးမင်းတို့အနေနဲ့ လေ့လာသင်ယူဖို့အတွက် အားခဲထားတဲ့ အကြောင်းအရာအမျိုးစုံကို တနေရာထဲ မိမိရဲ့ အားလပ်ချိန်တွေမှာ စိတ်တိုင်းကျ လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။

Triple L “L3” မှာလေ့လာလို့ရမယ့် သင်တန်းတွေကတော့ Jue Jue’s Safe Space မှ စိတ်ပညာဘာသာရပ်ကို ကျွမ်းကျင်တဲ့ Qualified စိတ်ပညာဆိုင်ရာ ပညာရှင်များကိုယ်တိုင် ပို့ချပေးခဲ့တဲ့ training နဲ့ workshop များအပြင် အခြားသောသင်တန်းများ၊အကြောင်းအရာများအစုံအလင်ပါရှိမှာ ဖြစ်ပါတယ်။

ဒီလိုတထိုင်တည်းလေ့လာခွင့်ရမယ့် အခွင့်အရေးကို စိတ်ပါဝင်စားတဲ့သူများအနေနဲ့ Jue Jue’s Safe Spaceမှာ ဝယ်ယူရရှိနိုင်မည့် သင်တန်းများကိုဖော်ပြပေးလိုက်ရပါတယ်။

သင်တန်းများ ဝယ်ယူလေ့လာလိုပါက Jue Jue’s Safe Space ရဲ့ Facebook page chat boxကနေတစ်ဆင့် ဆက်သွယ်မေးမြန်း ဝယ်ယူနိုင်ပါပြီ။

​JJSS မှ Intensive Suicide Prevention Training နဲ့ Peer Support Specialist Training များကို (၃) လတစ်ကြိမ်ဖြင့် တစ်နှစ်လျှင် (၄) ကြိမ်စီ အခမဲ့သင်တန်းပို့ချပေးလျက်ရှိပါတယ်။ ဒ့ါအပြင် မြန်မာ့လူထုအသိုင်းအဝိုင်းအတွင်း လိုအပ်တဲ့ စိတ်ကျန်းမာရေးသင်တန်းနဲ့လှုပ်ရှားမှုများကို အခမဲ့ လုပ်ဆောင်ပေးလျက်ရှိပါတယ်။

Jue Jue’s Safe Space မှာ အခြားသော စိတ်ကျန်းမာရေးသင်တန်းများကိုလည်း အဆက်မပျက် လုပ်ဆောင်ပေးလျက်ရှိပါတယ်။ သင်တန်းသားများအနေဖြင့် တက်ရောက်သင်ကြားလိုစိတ်ထက်သန်ပြီး တက်ရောက်ရန် ငွေကြေးအခက်ခဲရှိသူများအတွက်လည်း သင်တန်းကြေး အပြည့်ဝ ကင်းလွတ်ခွင့် (သို့မဟုတ်) တစ်စိတ်တစ်ပိုင်း ကင်းလွတ်ခွင့် ရရှိသည့် ပညာသင်ဆု များကိုလည်း သင်တန်းတိုင်းတွင် ပြုလုပ်ပေးထားပါတယ်။ ​ ​JJSS ရဲ့ သင်တန်းများကို တက်ရောက်သူများထဲမှ အယောက်(၉၀)ကျော်ကို သင်တန်းကြေးကင်းလွတ်ခွင့်(Full Scholarship) များပေးအပ်ခဲ့ပြီး အယောက် (၄၀) ကျော်ကို partial scholarship ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။​

Internship Program

သုံးလကြာ အလုပ်သင် အစီအစဉ်သည် မတူညီသည့် နယ်ပယ်များမှ လူငယ်များအား စိတ်ကျန်းမာရေးဆိုင်ရာ ပညာရပ်များကို စနစ်တကျ လေ့ကျင့်သင်ကြားပေးရန် ရည်ရွယ်ပါတယ်။ (၃) လပြီးမြောက်ပြီးနောက် အလုပ်သင်ကာလအတွင်း ထူးချွန်သူများအား ဆက်လက်ပြီး အလုပ်များ ဆက်လက်ခန့်အပ်ပေးနေသည့်အပြင် မည်သည့်လုပ်ငန်းခွင်တွင်မဆို ဝင်ရောက်လုပ်ကိုင်နိုင်အောင် သင်ကြားလေ့ကျင့်ပေးလျက်ရှိပါတယ်။ အလုပ်သင်အစီအစဉ်တွင် စိတ်ကျန်းမာရေးနှင့်ပတ်သက်သော အသိပညာများနှင့် ကျွမ်းကျင်မှုများ သင်ကြားလေ့ကျင့်ပေးသည့်အပြင် ခေါင်းဆောင်တစ်ဦးဖြစ်လာစေရန်၊ လူမှုကျင့်ဝတ်ဆိုင်ရာ ခံယူမှုအရည်အသွေးများ တိုးတက်လာစေရန်နှင့် အဖွဲ့အစည်းတစ်ခုကို စနစ်တကျ စီမံဆောင်ရွက်နိုင်ရန် လေ့ကျင့်ပေးလျက်ရှိပါတယ်။

Fellowship Program in Mae Sot

Jue Jue's Safe Space ရဲ့ "ရင်တွင်းငြိမ်းချမ်းရေးမှသည် ပြည်တွင်းငြိမ်းချမ်းရေးဆီသို့" ဆိုတဲ့ ဆောင်ပုဒ်လက်ကိုင်ထားပြီး စိတ်ကျန်းမာရေးအခန်းကဏ္ဍများကို မြန်မာပြည်တွင်းမှာသာမက ထိုင်းနိုင်ငံအတွင်းမှာလည်း အကြောင်းအမျိုးမျိုးကြောင့် မဲဆောက်သို့ရွေ့ပြောင်းနေထိုင်နေကြတဲ့ မြန်မာပြည်သားများအတွက် စိတ်ကျန်းမာရေးလုပ်ဆောင်ချက်များကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့် စိတ်ကျန်းမာရေးလေ့လာလိုက်စားပြီး မြန်မာပြည်သားများရဲ့ စိတ်ကျန်းမာရေးပိုမိုကောင်းမွန်ဖို့အတွက် ပါဝင်ဆောင်ရွက်လိုသူများကို Jue Jue's Safe Space ရဲ့ Fellowship program ကိုလျှောက်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ JJSS Fellowship Programကနေတစ်ဆင့် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ? - စိတ်ကျန်းမာရေးဗဟုသုတအားကောင်းလာမယ်။ - Clinical Skill တွေတိုးတက်လာမယ်။ - Administrative and Leadership ပိုင်းဆိုင်ရာ Skills တွေရလာမယ်။ - Fellowship ကာလအတွင်း Jue Jue's Safe Spaceမှပြုလုပ်တဲ့ Training တွေ Conferenceတွေ ကိုလည်း FREE တက်ရောက်နိုင်ပါမယ်။ - Jue Jue's Safe Space က အမေရိကန်နိုင်ငံမှာ Register လုပ်ထားတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် စိတ်ကျန်းမာရေးရဲ့ International standard လုပ်ဆောင်ချက်များကို ထဲထဲဝင်ဝင် လေ့လာသိရှိနိုင်မယ်။ - Licensed Professional Counselor တွေရဲ့ Supervision ကြီးကြပ်မှု အောက်မှာ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်မယ် စတဲ့အတွေ့အကြုံတွေအပြင် Jue Jue's Safe Space မှ အဆက်အသွယ်ကောင်းတွေ၊ Scholarship Opportunity တွေကိုရရှိနိုင်မှာဖြစ်ပါတယ်။ Fellowship program (၃) လအတွင်း စိတ်ကျန်းမာရေးလုပ်ငန်းများရဲ့ လုပ်ဆောင်ချက်အဆင့်ဆင့်ကို လက်တွဲလုပ်ဆောင်ရမှာဖြစ်သလို Fellowship ကာလအပြီး ထူးချွန်ပြီး စိတ်ကျန်းမာရေးကို ထဲထဲဝင်ဝင် လုပ်ကိုင်ချင်တဲ့ သူတွေကိုရွေးချယ်ပြီး ဆက်လက်လက်တွဲသွားမှာဖြစ်ပါတယ်။

Monthly Continuing Education for Volunteers

​ကျွန်ုပ်တို့ JJSS၏ Helpline များတွင် ပါဝင်အားဖြည့်ပေးသော စေတနာ့ဝန်ထမ်းများအတွက် ပိုမိုကောင်းမွန်စွာ ကူညီဆောင်ရွက်ပေးနိုင်ရန်၊ စိတ်ကျန်းမာရေးအသိပညာများ ဆက်လက်တိုးပွားစေဖို့ လေ့လာနိုင်ရေးအတွက် မတူညီသော သင်ခန်းစာခေါင်းစဉ်များနဲ့ လစဉ် Supervision များ ပြုလုပ်ပေးလျက်ပါတယ်။​

Scholarship Winners

Jue Jue’s Safe Space မှာ အခြားသော စိတ်ကျန်းမာရေးသင်တန်းများကိုလည်း အဆက်မပျက် လုပ်ဆောင်ပေးလျက်ရှိပါတယ်။ သင်တန်းသားများအနေဖြင့် တက်ရောက်သင်ကြားလိုစိတ်ထက်သန်ပြီး တက်ရောက်ရန် ငွေကြေးအခက်ခဲရှိသူများအတွက်လည်း သင်တန်းကြေး အပြည့်ဝ ကင်းလွတ်ခွင့် (သို့မဟုတ်) တစ်စိတ်တစ်ပိုင်း ကင်းလွတ်ခွင့် ရရှိသည့် ပညာသင်ဆု များကိုလည်း သင်တန်းတိုင်းတွင် ပြုလုပ်ပေးထားပါတယ်။ ​ 

​JJSS ရဲ့ သင်တန်းများကို တက်ရောက်သူများထဲမှ အယောက်(၉၀)ကျော်ကို သင်တန်းကြေးကင်းလွတ်ခွင့်(Full Scholarship) များပေးအပ်ခဲ့ပြီး အယောက် (၄၀) ကျော်ကို partial scholarship ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

my_MMMY