Mental Health Services for Myanmar Communities
helpling Myanmar people since 2021
volunteers from around the world
local and global partnership
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် Jue Jue's Safe Space သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော ၂၄/၇ (တစ်ပတ်လျှင် ၇ ရက်၊ တစ်ရက်လျှင် ၂၄ နာရီ) မိမိကိုယ်ကိုအဆုံးစီရင်မှုကာကွယ်ရေး အကူအညီဖုန်းလိုင်းကို စတင်တည်ထောင်ခဲ့သည်မှာ သုံးနှစ်တိတိ ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။
Jue Jue’s Safe Space ၏ တစ်ဦးချင်း တိုင်ပင်ဆွေးနွေးပေးသည့် ဝန်ဆောင်မှုကို Master Degree ရရှိပြီးသည့် နိုင်ငံတကာ အဆင့်မှီ အသိအမှတ်ပြု စိတ်ကျန်းမာရေး Counselor များနှင့်ရရှိနိုင်ပါတယ်။ စိတ်ကျန်းမာရေးဆိုင်ရာ တစ်ဦးချင်း ဆွေးနွေးကုသရာတွင် တစ်ကြိမ်လျှင် မိနစ် (၅၀)မှ (၆၀)မိနစ် ကြာမြင့်မှာဖြစ်ပြီး ကုသခံယူသူနှင့် Counselor နှစ်ဦးအပြန်အလှန် နှစ်သိမ့်ဆွေးနွေးခြင်းဖြစ်ပါတယ်။ တစ်ဦးချင်းတိုင်ပင်ဆွေးနွေးမှုရယူလိုပါက Jue Jue’s Safe Space ၏ Facebook Chat box ကနေတစ်ဆင့် booking ပြုလုပ်နိုင်ပါပြီ။
Jue Jue’s Safe Space သည် ကုမ္ပဏီနှင့် လုပ်ငန်းခွင်များအတွင်း ကြုံတွေ့ရလေ့ရှိသော အလုပ်ခွင်ဖိစီးမှုများကို ဖြေရှင်းပေးနိုင်ရန်အတွက် အဖွဲ့လိုက် စိတ်ပညာဆိုင်ရာ တိုင်ပင်ဆွေးနွေးမှု (Group Counseling) ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။ ဤဝန်ဆောင်မှုသည် စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုများကြုံတွေ့နေရသူများကို လိုအပ်သောပံ့ပိုးကူညီမှုများပေးရန်နှင့် လုပ်ငန်းခွင်အတွင်း (သို့မဟုတ်) မိမိတို့၏ပတ်ဝန်းကျင်တွင် စိတ်အေးချမ်းသာစွာဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်မည့်အခြေအနေကောင်းများဖန်တီးပေးရန် ရည်ရွယ်ပါသည်။
အိမ်ထောင်ရေး၊ အချစ်ရေးနှင့် အခြားသောပတ်သက်ဆက်နွှယ်မှုဆိုင်ရာအခက်အခဲများကိုဖြေရှင်းလိုသည့် စုံတွဲများအတွက် Jue Jue’s Safe Space တွင် လုံခြုံစိတ်ချရသော စုံတွဲလိုက် တိုင်ပင်ဆွေးနွေးမှု (Couple Counseling)ဝန်ဆောင်မှုကို ပေးအပ်လျက်ရှိပါသည်။ ဤဝန်ဆောင်မှုကို မဟာဘွဲ့ရ (Master Level) ကျွမ်းကျင်စိတ်ကျန်းမာရေးပညာရှင်များက တာဝန်ယူဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ဆွေးနွေးမှုတစ်ခုလျှင် မိနစ် ၅၀ မှ ၆၀ အထိ ကြာမြင့်မည်ဖြစ်ပြီး စုံတွဲနှင့် နှစ်သိမ့်ဆွေးနွေးသူကြား နှစ်ဦးနှစ်ဖက်စိတ်အေးချမ်းသာစွာဖြင့် ပွင့်လင်းစွာဆွေးနွေးနိုင်မည့် ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးထားပါသည်။ အသေးစိတ်သိရှိလိုပါက Jue Jue’s Safe Space ၏ Facebook Page Chat box မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Jue Jue’s Safe Space သည် စစ်ဘေးနှင့် သဘာဝဘေးဒဏ်သင့် လူမှုအသိုင်းအဝိုင်းများအတွက် ရေတိုရှင်သန်ရေးနှင့် ရေရှည်တည်ငြိမ်ရေးကို ရည်ရွယ်၍ ဘက်စုံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိပါသည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း Jue Jue’s Safe Space သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတစ်လွှားတွင် အမေရိကန်ဒေါ်လာ ၉၁,၇၁၀ ဖိုးရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို ပေးအပ်ခဲ့ပြီး အရေးပေါ်ဆေးဘက်ဆိုင်ရာအကူအညီများမှသည် ရေရှည်တည်တံ့သောလူမှုအသိုက်အဝန်း အခြေခံအဆောက်အအုံများဖော်ဆောင်ပေးသည်အထိ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ကျွန်ုပ်တို့၏ ပံ့ပိုးကူညီမှုများသည် ချင်းပြည်နယ်နှင့် ကရင်နီပြည်နယ်ရှိ နယ်လှည့်ဆေးခန်းများနှင့် ဆေးဝါးကုသမှုဆိုင်ရာအထောက်အပံ့များကိုရရှိစေခဲ့သည့်အပြင် စစ်ဘေးရှောင်စခန်းများအတွက်အရေးကြီးသော ငှက်ဖျားရောဂါကုသမှုနှင့် မရှိမဖြစ်လိုအပ်သောအသုံးအဆောင်ပစ္စည်းများကိုလည်းပေးအပ်နိုင်ခဲ့ပါသည်။ ယခုအခါ ကျွန်ုပ်တို့၏ ရည်မှန်းချက်ကိုပိုမိုချဲ့ထွင်ကာ စစ်ဘေးရှောင်ပြည်သူများ၏ကျန်းမာရေးနှင့် တည်ငြိမ်ရေးအတွက် အမြဲတမ်းနေအိမ်များတည်ဆောက်ပေးခြင်းနှင့် ရေတွင်းများ၊ ရေကန်များနှင့် ဇီဝသဲရေစစ်ကန်များအပါအဝင် သန့်ရှင်းသောသောက်သုံးရေရရှိရေးလုပ်ငန်းများကိုပါ ရေရှည်စီမံကိန်းများအဖြစ်လုပ်ဆောင်ပေးလျက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ပြင်းအား ၇.၇ ရစ်ခ်ျတာစကေးရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ဒေသများသို့ JJSS မှ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းလုပ်ဆောင်ခဲ့ပါသည်။ စစ်ဘေးနှင့် သဘာဝဘေးဒဏ်ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရသော အခက်အခဲများကြားမှပင် နေရပ်စွန့်ခွာရသူများနှင့် ဒုက္ခသည်များအတွက် လိုအပ်သော အကူအညီများကို အရောက်ပို့ဆောင်ပေးခဲ့ပါသည်။
စားနပ်ရိက္ခာ ဖူလုံရေး: ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများသို့ စားနပ်ရိက္ခာအထုပ်ပေါင်း ၄,၀၀၀ ကျော် ထောက်ပံ့ပေးနိုင်ခဲ့သည်။
အမိုးအကာနှင့် စွမ်းအင်: ရှမ်းပြည်နယ်တွင် အမြဲတမ်းနေအိမ် ၆ လုံး ဆောက်လုပ်ပေးခဲ့ပြီး ဘေးကင်းလုံခြုံမှုရှိစေရန် ဆိုလာမီးလုံး ၂၀၀ လှူဒါန်းခဲ့သည်။
ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး: ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ဘေးဒဏ်သင့်ပြည်သူများထံ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း ၄၀၀ နှင့် စိတ်ခွန်အားဖြည့်စာလွှာများ ပေးပို့ခဲ့သည်။
လူငယ်ကဏ္ဍ ပံ့ပိုးမှု: ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ်ရှိ မိဘမဲ့ကလေးငယ်များအတွက် အနုပညာနှင့် ပညာရေးဆိုင်ရာပစ္စည်းပေါင်း ၁၃၅ စုံထက်မနည်း ပံ့ပိုးပေးခဲ့သည်။









Online Learning Platform
Jue Jue’s Safe Space ကနေသင်ကြားပို့ချပေးထားခဲ့တဲ့ စိတ်ကျန်းမာရေးဆိုင်ရာပညာရပ်များကို အချိန်မရွေး၊ နေရာမရွေး တဝကြီးသင်ယူလို့ရတော့မယ့် online learning platform တစ်ခု ရောက်ရှိလာပါပြီ။
ဒီ platform ကို Lifelong Learning (Triple L“L3”) လို့ခေါ်ပြီး လူကြီးမင်းတို့အနေနဲ့ လေ့လာသင်ယူဖို့အတွက် အားခဲထားတဲ့ အကြောင်းအရာအမျိုးစုံကို တနေရာထဲ မိမိရဲ့ အားလပ်ချိန်တွေမှာ စိတ်တိုင်းကျ လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။
Triple L “L3” မှာလေ့လာလို့ရမယ့် သင်တန်းတွေကတော့ Jue Jue’s Safe Space မှ စိတ်ပညာဘာသာရပ်ကို ကျွမ်းကျင်တဲ့ Qualified စိတ်ပညာဆိုင်ရာ ပညာရှင်များကိုယ်တိုင် ပို့ချပေးခဲ့တဲ့ training နဲ့ workshop များအပြင် အခြားသောသင်တန်းများ၊အကြောင်းအရာများအစုံအလင်ပါရှိမှာ ဖြစ်ပါတယ်။
ဒီလိုတထိုင်တည်းလေ့လာခွင့်ရမယ့် အခွင့်အရေးကို စိတ်ပါဝင်စားတဲ့သူများအနေနဲ့ Jue Jue’s Safe Spaceမှာ ဝယ်ယူရရှိနိုင်မည့် သင်တန်းများကိုဖော်ပြပေးလိုက်ရပါတယ်။
သင်တန်းများ ဝယ်ယူလေ့လာလိုပါက Jue Jue’s Safe Space Facebook Page ရဲ့ chat boxကနေတစ်ဆင့် ဆက်သွယ်မေးမြန်း ဝယ်ယူနိုင်ပါပြီ။






24/7 Helpline
လက်ရှိမှာ ဖြစ်ပေါ်ကြုံတွေ့နေရတဲ့ မြေငလျင်သဘာဝ ဘေးအန္တရာယ်တွေကြောင့် စိတ်ဓာတ်ကျပြီး မွန်းကြပ်နေတယ်လို့ ခံစားနေရပါသလား။
မိသားစုတွေ၊ ချစ်ခင်ရတဲ့သူတွေအတွက် အဘက်ဘက်က စိုးရိမ်ပူပန်နေရပါသလား။
သူများသာကူပေးရမယ့် ကိုယ်တိုင်လည်းမနည်းရုန်းကန်နေရသလား။
အခုလိုတွေခံစားနေရတာကို လုံခြုံစိတ်ချရတဲ့သူတစ်ယောက်ယောက်ဆီ ရင်ဖွင့်ပြောဆိုချင်ပါသလား။
အခုလို ပူပန်မွန်းကြပ်မှုတွေကို ခံစားနေရသူတွေအတွက် ကျွန်မတို့ Jue’s Safe Space ရဲ့ Helpline တစ်ခုဖြစ်တဲ့ Disaster Distress Helpline က ၂၄နာရီ အမြဲအသင့်ရှိနေပါတယ်။



