OUR SERVICES
Individual Counseling
Jue Jue’s Safe Space ၏ တစ်ဦးချင်း တိုင်ပင်ဆွေးနွေးပေးသည့် ဝန်ဆောင်မှုကို Master Degree ရရှိပြီးသည့် နိုင်ငံတကာ အဆင့်မှီ အသိအမှတ်ပြု စိတ်ကျန်းမာရေး Counselor များနှင့်ရရှိနိုင်ပါတယ်။ စိတ်ကျန်းမာရေးဆိုင်ရာ တစ်ဦးချင်း ဆွေးနွေးကုသရာတွင် တစ်ကြိမ်လျှင် မိနစ် (၅၀)မှ (၆၀)မိနစ် ကြာမြင့်မှာဖြစ်ပြီး ကုသခံယူသူနှင့် Counselor နှစ်ဦးအပြန်အလှန် နှစ်သိမ့်ဆွေးနွေးခြင်းဖြစ်ပါတယ်။ တစ်ဦးချင်းတိုင်ပင်ဆွေးနွေးမှုရယူလိုပါက Jue Jue’s Safe Space ၏ Facebook Chat box ကနေတစ်ဆင့် booking ပြုလုပ်နိုင်ပါပြီ။ Facebook chat box of Jue Jue’s Safe Space.
Group Counseling
မိမိတို့၏အဖွဲ့အစည်းများ၊ ကုမ္ပဏီများတွင် ဖြစ်ပေါ်လေ့ရှိသော လုပ်ငန်းခွင်ဆိုင်ရာ စိတ်ဖိစီးမှုများ၊ လှုမှုရေး ပဋိပက္ခများကို စိတ်ကျန်းမာရေး ကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးကာ လုပ်ငန်းခွင် (သို့) မိမိတို့၏ အသိုင်းအဝိုင်းအတွင်း ပိုမိုအဆင်ပြေလာစေရန် အဖွဲ့လိုက်နှစ်သိမ့်ဆွေးနွေးမှုဝန်ဆောင်မှုများလည်း Jue Jue’s Safe Space မှာ ရယူနိုင်ပြီဖြစ်ပါတယ်။
Couple Counseling
အိမ်ထောင်ရေး၊ အချစ်ရေး၊ မိမိနှင့် မိမိ Partnerကြားဆိုင်ရာ ပဋိပက္ခများကို ဖြေရှင်းလိုသူများ Master Degree ရရှိပြီးသည့် နိုင်ငံတကာ အဆင့်မှီ အသိအမှတ်ပြု စိတ်ကျန်းမာရေး Counselor များနှင့် Couple Counseling ကို ရယူနိုင်ပါတယ်။ တစ်ကြိမ်လျှင် မိနစ် (၅၀)မှ (၆၀)မိနစ် ကြာမြင့်မည်ဖြစ်ပြီး ဆွေးနွေးမှုခံယူသူစုံတွဲနှင့် Counselorကြား အပြန်အလှန် နှစ်သိမ့်ဆွေးနွေးခြင်းဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက Jue Jue’s Safe Space၏ Facebook Page Chat box တွင် အသေးစိတ်မေးမြန်းမှုများပြုလုပ်နိုင်ပါတယ်။









