
Finding Peace
Jue Jue's Safe Space မှ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၂၃ရက်နေ့ မှ ၂၄ ရက်နေ့ အထိ စီစဉ်ကျင်းပသွားမယ့် 4th Annual Mental Health Conference ကြီးမှာ Guest Speakers အဖြစ် ပါဝင်ဆွေးနွေးပေးနိုင်ရန်အတွက် ဖိတ်ခေါ်လျက်ရှိပါတယ်။ ယခုနှစ် Conferenceကို ချင်းမိုင်မြို့ University Academic Service Center (UNISERV CMU) တွင် ကျင်းပမှာဖြစ်ပြီး ဒီနှစ်အတွက် အဓိကခေါင်းစဉ်ကတော့ "Finding Peace" ဖြစ်ပါတယ်။
စိတ်ဝင်စားပါဝင်လိုသူ Guest Speakers များအနေဖြင့် info@juejuessafespace.org သို အချက်အလက်များပြည့်စုံစွာပေးပိုပြီးလျှောက်ထားနိုင်ပါပြီ!
Call for Guest Speakers: Mental Health Conference 2025
Conference Theme: "Finding Peace"
ဒီနှစ် ညီလာခံရဲ့Theme ကတော့ Jue Jue's Safe Space ရဲ့ ဆောင်ပုဒ် ဖြစ်တဲ့ ရင်တွင်း ငြိမ်းချမ်းရေးမှ ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့အတိုင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်သော ကုထုံးများ၊ဒေသဆိုင်ရာ လုပ်ဆောင်ချက်များကို levelအလိုက်မျှဝေ ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဆိုတာက ရန်လိုမှုနဲ့ အကြမ်းဖက်မှုတွေ ကင်းစင်လျက်ပြီး လူမှုအသိုင်းအဝိုင်းထဲမှာလည်းချစ်ကြည်မှုနှင့် သဟဇာတဖြစ်မှု သဘောတရားလို့ ဆိုနိုင်ပါတယ်။ အပြောင်းအလဲတွေ၊ စိန်ခေါ်မှုတွေနဲ့ စီးပွားရေးကအစ နိုင်ငံရေးကအဆုံးအဖက်ဖက်ကနေ အခက်အခဲအကျပ်အတည်းတွေ ပြည့်နှက်နေတဲ့ အခုလို အချိန်မှာ ကျွန်မတို့တွေအားလုံး စိုးရိမ်ပူပန်မှုတွေနဲ့ အားလုံး အပူမီးကိုယ်စီ ဖြစ်လို့နေပါတယ်။ တကယ်တော့ ငြိမ်းချမ်းရေးဆိုတာ ကျွန်မတို့တွေ မျက်လုံးနဲ့ မြင်နိုင်တဲ့အရာတွေမှာပဲ တည်ဆောက်ရတာမဟုတ်ဘဲ ကျွန်မတို့ရဲ့ ရင်တွင်းနဲ့ အပြင်မှာ တည်ဆောက်မွေးမြူဖို့ လိုအပ်တဲ့ အရာလေးတစ်ခုပဲ ဖြစ်ပါတယ်။
ညီလာခံတွင်ပါဝင်မည့်အကြောင်းအရာများ-
ဒီနှစ်ရဲ့ "ငြိမ်းချမ်းရေးကို ရှာဖွေလို့ရတဲ့- Finding Peace" ခေါင်းစဥ်နဲ့ Inner Peace (တစ်ဦးချင်းစီရဲ့ ရင်တွင်းငြိမ်းချမ်းရေး)၊ Community Peace and Resilience (လူထုအတွင်း ငြိမ်းချမ်းရေးနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတည်ဆောက်ခြင်း) နဲ့ National Peace (ပြည်တွင်း ငြိမ်းချမ်းရေး) ဆိုပြီး အပိုင်း၃ပိုင်းခွဲကာ ၂ရက်ကြာ မျှဝေ ဆွေးနွေးမှာပဲ ဖြစ်ပါတယ်။
၁။ ပထမနေ့ - Inner Peace( ရင်တွင်းငြိမ်းချမ်းရေး)
Conference မှာဆိုရင် ဆေးဖက်ဆိုင်ရာပညာရှင်များရဲ့ထိရောက်တဲ့ကုထုံးတွေကနေတစ်ဆင့် ရင်တွင်း ငြိမ်းချမ်းရေးကို ဘယ်လိုမြှင့်တင်နိုင်မယ်ဆိုတာကို အဓိကထားပြီးဆွေးနွေးသွားမှာဖြစ်ပါတယ်။ Guest Speakers များကိုလည်း ဖော်ပြပါအကြောင်းအရာများနှင့်ပတ်သက်ပြီး မျှဝေရန် ဖိတ်ကြားအပ်ပါတယ်။
Techniques for fostering personal resilience.
Trauma-informed care strategies.
The importance of clinician self-care.
၂။ ပထမနေ့ ဒုတိယပိုင်း - Community Peace and Resilience (လူထုအတွင်း ငြိမ်းချမ်းရေးနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတည်ဆောက်ခြင်း)
ပထမနေ့ ဒုတိယပိုင်းမှာဆိုရင်တော့ Community-based mental health approachesများနဲ့ပတ်သက်ပြီးဆွေးနွေးသွားမှာဖြစ်ပါတယ်။ Guest Speakers များကိုလည်း ဖော်ပြပါအကြောင်းအရာများနှင့်ပတ်သက်ပြီး မျှဝေရန် ဖိတ်ကြားအပ်ပါတယ်။
Creating community support systems.
Integrating mental health services into local initiatives.
Empowering communities to address mental health challenges.
၃။ ဒုတိယနေ့ - National Peace (ပြည်တွင်း ငြိမ်းချမ်းရေး)
ဒုတိယနေ့မှာဆိုရင်တော့ လက်ရှိ လူ့အဖွဲ့အစည်းနှင့် ခေါင်းဆောင်မှုများ အပေါ် စိတ်ကျန်းမာရေးက ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲဆိုတာတွေအပြင် တစ်ဦးချင်းစီရဲ့ ရင်တွင်းငြိမ်းချမ်းရေးနဲ့ လူထုအတွင်း ငြိမ်းချမ်းရေးနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတည်ဆောက်ရင်း နောက်ဆုံး ပြည်တွင်း ငြိမ်းချမ်းမှုကို မျှော်မှန်းကာ အခုလက်ရှိ ကျွန်မတို့ မြန်မာပြည်တွင်းမှာ ကြုံတွေ့ခံစားနေရတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ လူမှုပြဿနာတွေကို အတူရင်ဆိုင်ကျော်ဖြတ်နိုင်မယ့် နည်းလမ်းတွေကို မျှဝေဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။ Guest Speakers များကိုလည်း ဖော်ပြပါအကြောင်းအရာများနှင့်ပတ်သက်ပြီး မျှဝေရန် ဖိတ်ကြားအပ်ပါတယ်။
The role of leadership in advancing mental health care.
Strengthening partnerships between mental health organizations and communities.
Fostering national dialogues on mental health.
Eligibility and Application:
Jue Jue's Safe Space အနေဖြင့်
Psychiatry
Psychology
Social Work
Counseling
Trauma-Informed Care
Community Mental Health
စတဲ့နယ်ပယ်ပေါင်းစုံက စိတ်ကျန်းမာရေးပညာရှင်များပါဝင်တက်ရောက်ဖို့အတွက် ဖိတ်ခေါ်အပ်ပါတယ်။
စိတ်ပါဝင်စားသူများအနေဖြင့်
ကိုယ်ရေးအကျဉ်း (A brief 150 words biography)
ဆွေးနွေးမည့်အကြောင်းအရာအနှစ်ချုပ် (A 300-word abstract)
ယခင်ကအလားတူဆွေးနွေးပွဲများတွင် ပါဝင်ခဲ့ဖူးသော အတွေ့အကြုံများ (A summary of relevant speaking engagements) တို့ကို
info@juejuessafespace.org သို့ ၂၀၂၄ နိုဝင်ဘာ ၃၀ ရက်နောက်ဆုံးထား ပေးပို့လျှောက်ထားနိုင်ပါတယ်။
Please note: Guest speakers are responsible for their own travel and accommodation arrangements.
Important Dates
Submission Deadline: 30. Nov.2024
Conference Dates: January 23-24, 2025
Why Participate?
စိတ်ကျန်းမာရေး ပညာရှင်များ၊ Clinicianများ၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် တစ်နေရာတည်းမှာ တွေ့ဆုံခွင့်ရပြီး တန်ဖိုးမဖြတ်နိုင်တဲ့ ဆွေးနွေးမှုတွေကိုနားထောင်ခွင့်ရမယ်၊ တိုက်ရိုက်မေးခွန်းတွေ မေးခွင့်ရှိမယ်။ ကမ္ဘာတစ်ဝန်းမှာ နေထိုင်လျက်ရှိကြတဲ့ မြည်မာပြည်သူပြည်သားများ ပြန်လည်တွေ့ဆုံကာ ရင်းနှီးမှုတည်ဆောက်နိုင်မယ့် အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ရှာဖွေခြင်းခရီးစဥ်ကို ပိုအသားပေးပါဝင်ထားတာကြောင့် မိမိတို့ရဲ့ ရင်တွင်းငြိမ်းချမ်းရေးကနေ ပြည်တွင်းငြိမ်းချမ်းရေး ခရီးစဥ်မှာ ကိုယ်စီ လုပ်နိုင်တဲ့အရာတွေ၊ ပါဝင်နိုင်မယ့် အခန်း ကဏ္ဍတွေကို လေ့လာသိရှိခွင့်ရမှာပဲဖြစ်ပါတယ်။
For any inquiries, please contact info@juejuessafespace.org.