Upcoming Events


Calling for Peer Support Specialists (Batch-2)

  • -မိမိကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကနေ ကျော်လွန်နိုင်ခဲ့ပြီး ကိုယ့်အနေနဲ့ လူမှုအဖွဲ့အစည်းတွင် ပြန်လည်ကူညီလိုသူများ၊
    -စေတနာ့ဝန်ထမ်းအဖြစ် မိမိအားလပ်သည့်အချိန်များတွင် မြန်မာ့လူမှုအဖွဲ့အစည်းအတွက် ပါဝင်အားဖြည့်လိုသူများ၊
    -စိတ်ကျန်းမာရေး လူမှုဝန်ထမ်းဆိုင်ရာ ကျင့်ဝတ် (Ethics) ကို စနစ်တကျလိုက်နာနိုင်သူများ၊
    -စိတ်ကျန်းမာရေးကို စိတ်ဝင်စားပြီး အမှန်တကယ် အဖွဲ့အစည်းနှင့် လက်တွဲလုပ်ကိုင်လိုသူများ၊
    -စိတ်ကျန်းမာရေးဗဟုသုတ အခြေခံရှိပြီး စနစ်တကျ ကူညီလိုစိတ်ရှိသူများ၊
    -Teamwork ကို အလေးထားသူများ၊
    -အထက်တန်းအောင်မြင်ပြီးသူများ

  • -Introduction to Counseling
    -Basic Knowledge of Counseling
    -Why, When we need Counseling
    -Six Levels of validations
    -Ethics, Rules and Regulations in mental health field
    -Building Rapport and Professional Boundaries
    -Self reflection and knowing your personal biases
    -Different types of counseling techniques

  • Date and Time
    July 1st to 5th, 2024 (10:00 AM - 12:00 PM)
    Training Place - Live (Zoom session)
    Total Learning Hours - 10 hours
    Program Fee - ပညာဒါန
    Apply here - CB
    Deadline - June 21, 2024

Essential Counseling Skills Training


Calling for Peer Support Specialists (Batch-1)

  • မိမိကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကနေ ကျော်လွန်နိုင်ခဲ့ပြီး ကိုယ့်အနေနဲ့ လူမှုအဖွဲ့အစည်းတွင် ပြန်လည်ကူညီလိုသူများ၊ စေတနာ့ဝန်ထမ်းအဖြစ် မိမိအားလပ်သည့်အချိန်များတွင် မြန်မာ့လူမှုအဖွဲ့အစည်းအတွက် ပါဝင်အားဖြည့်လိုသူများ၊
    စိတ်ကျန်းမာရေး လူမှုဝန်ထမ်းဆိုင်ရာ ကျင့်ဝတ် (Ethics) ကို စနစ်တကျလိုက်နာနိုင်သူများ၊
    စိတ်ကျန်းမာရေးကို စိတ်ဝင်စားပြီး အမှန်တကယ် အဖွဲ့အစည်းနှင့် လက်တွဲလုပ်ကိုင်လိုသူများ၊
    စိတ်ကျန်းမာရေးဗဟုသုတ အခြေခံရှိပြီး စနစ်တကျ ကူညီလိုစိတ်ရှိသူများ၊ Teamwork ကို အလေးထားသူများ၊ အထက်တန်းအောင်မြင်ပြီးသူများ

  • Introduction to Counselling
    Basic Knowledge of Counselling Why, When we need Counselling Six Levels of validations
    Ethics, Rules and Regulations in mental health field
    Building Rapport and Professional Boundaries
    Self reflection and knowing your personal biases
    Different types of counselling techniques

  • Date and Time : March 11th to 15th, 2024, 10:00 AM - 12:00 PM
    Training Place - Zoom
    Location - Live Zoom session
    Total Learning Hours - 10 hours Program Fee - ပညာဒါန
    Deadline - March 5, 2024

Dialectical Behavior Therapy

  • မိမိကိုယ်ကိုယ် စိတ်ထိန်းချုပ်ရန် အခက်အခဲရှိနေသူများ
    ကိုယ့်စိတ်ခံစားချက်တွေကို ကိုယ်တိုင် ထိန်းညှိပြီး စနစ်တကျရှိချင်သူများ
    စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုများကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အလေ့အကျင့်ရှိလိုသူများ
    လူမှုလုပ်ငန်းများမှာ ပါဝင်လုပ်ကိုင်နေပြီး စိတ်ကျန်းမာရေးကိုအလေးပေးလုပ်ကိုင်နေသူများ
    သတိပဠာန်အားကောင်းပြီး သတိရှိရှိဖြစ်ဖို့ ကြိုးစားနေထိုင်လိုသူများ
    နေ့ဓဒူဝမှာ လူမှုဆက်ဆံရေးအားကောင်းပြီး အကောင်းဆုံး ပြောဆိုနိုင်လိုသူများ
    အလယ်အလတ်လမ်းစဥ်ကို လိုက်နာကျင့်သုံးလိုသူများ
    စိတ်ကျန်းမာရေးနယ်ပယ်မှာ မလုပ်ကိုင်ပေမဲ့ ကိုယ်တိုင် တန်ဖိုးထားတဲ့အရာတွေ၊ ကိုယ်တိုင် Boundaries ထားဖို့ ခက်ခဲနေသူတွေ
    စိတ်ကျန်းမာရေးနယ်ပယ်မှာ ပါဝင်လုပ်ကိုင်နေသူတွေ၊ လေ့လာနေသူမျာ

  • Dialectical Behavior Therapy (DBT) ဟာ ဆရာမဂျူးဂျူးရဲ့ကျွမ်းကျင်တဲ့ ကုထုံးတစ်ခုဖြစ်တဲ့အပြင် ဆရာမကိုယ်တိုင် DBT Fellowship ကို တစ်နှစ်ပါဝင်ထားပြီး Saint Louis Center for Family Development မှာ အနီးကပ်သင်ယူပြီး လက်တွေ့အသုံးချထားတဲ့ ကုထုံးတစ်ခုဖြစ်တယ်။ DBT ကို အဓိကအားဖြင့် Suicidal ideation ရှိသူတွေအပြင် Borderline Personality Disorder ခံစားနေရသူတွေအတွက် အထူးကုထုံးတစ်ခုဖြစ်ပါတယ်။

  • Date : March 17th, 18th, 19th and 20th Time : 9:30 AM to 1:30 PM
    Location : Zoom
    Fees : 200,000 MMK (65$)
    Certificate : 32,000 MMK (10$)
    Recording : 65,000 MMK (20$)
    Early Birds Discount : 160,000 MMK (From May 4th to 8th)

Trauma Series


Trauma and PTSD Intensive Training (Level - 1)

  • စိတ်ကျန်းမာရေးကို စိတ်ဝင်တစား သင်ယူလေ့လာလိုသူများ
    စိတ်ကျန်းမာရေးနှင့်ပတ်သတ်ပြီး လူမှုအသိပညာ မျှဝေပေးလိုသူများ
    စိတ်ကျန်းမာရေးနယ်ပယ်တွင် မိမိ၏ ကျွမ်းကျင်မှုကို မြင့်တင်လိုသူများ
    မိမိ၏ စိတ်ဒဏ်ရာများကို ကုစားလိုသူများ
    စိတ်ဒဏ်ရာများအကြောင်း ထိထိရောက်ရောက် သင်ယူလေ့လာလိုသူများ
    စိတ်ကျန်းမာရေး နယ်ပယ်ထဲ ဝင်ရောက်လုပ်ကိုင်ဖို့ ဆန္ဒရှိ
    စိတ်ကျန်းမာရေး ပညာရှင်များ
    ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ
    လူမှုဝန်ထမ်းများ နှင့် စိတ်ကျန်းမာရေးကို စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက် သင်ယူနိုင်ပါတယ်။

  • Understanding the different types of Psychological Trauma (စိတ်ဒဏ်ရာ အမျိုးအစားများကို နားလည်ခြင်း)
    Criteria for Post-traumatic Stress Disorder (စိတ်ဒဏ်ရာ၏နောက်ဆက်တွဲ စိတ်ဖိစီးမှု ကစင့်ကလျားလက္ခဏာများအတွက် စံ သဘောတရားများ)
    My body and trauma (ငါ့ ခန္ဓာနဲ့ စိတ်ဒဏ်ရာ)
    Working with emotions associated with Trauma
    (စိတ်ဒဏ်ရာတွေနဲ့ပတ်သက်ပြီး စိတ်ခံစားချက်များကို ကိုင်တွယ်ဖြေရှင်းနည်းများ)
    Ethical and Clinical Guideline for trauma informed cases (ကျင့်ဝတ်နှင့် ကုသရေးဆိုင်ရာ လမ်းညွှန်ချက်များ)
    Available treatment for Psychological Trauma (စိတ်ဒဏ်ရာတွေနဲ့ပတ်သက်ပြီး ကျင့်သုံးနိုင်မည့် ကုထုံးများ) အစရှိတဲ့ အကြောင်းအရာများကို သင်ကြားပို့ချသွားမှာပဲဖြစ်ပါတယ်။

  • Date : 20.1.24 & 21.1.24 (Sat& Sun) & 27.1.24 & 28.1.24 (Sat &Sun)
    Platform : Zoom
    Fees : 200,000 MMK (65$)
    Certificate : 32,000 MMK (10$)
    Recording : 50,000 MMK (15$)
    For Our Volunteers 20% discount

Preventing Childhood Trauma (Level - 2)

  • Trauma ကို ပိုင်ပိုင်နိုင်နိုင်နဲ့ သင်ကြားပို့ချပေးမယ့် Trainer တစ်ဦး၊ Childhood Trauma နှင့် ပတ်သက်ပြီး အသေးစိတ်ပြောပြပေးမယ့် New York မှ Child and Adolescent Psychiatrist Trainer တစ်ဦး၊ လက်ရှိမှာကိုယ်တိုင် Preschool အရွယ်ကလေးကိုပြုစုပျိုးထောင်ရင်း Childhood Trauma နှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်လေ့လာသင်ယူကျင့်သုံးနေတဲ့ ကလေးစိတ်ပညာနှင့် အစောပိုင်း ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှုပိုင်းဆိုင်ရာတွေကို အဆက်မပြတ်လက်တွေ့ကျင့်သုံးနေတဲ့ မေမေ Trainer တစ်ဦးတို့မှ သင်ကြားပို့ချသွားမှာ ဖြစ်တာကြောင့် ထိထိရောက်ရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။ Childhood Trauma နှင့်ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးတိုင်ပင်ခြင်း၊ အကြံဉာဏ်များ ရယူနိုင်ခြင်းနှင့် စိတ်ချယုံကြည်ရင်းနှီးစွာ သိလိုသမျှ မေးမြန်းနိုင်မယ့် အမေးအဖြေ session များလည်း ပါဝင်သွားမှာဖြစ်တာကြောင့် သင်ဟာ ကလေးသူငယ်များနှင့် အနီးကပ်နေနေရတယ်၊ ကလေးဘဝကတွေ့ကြုံခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကြောင့် ကိုယ်တိုင်ကြိုတင်ကာကွယ်ရှောင်ရှားနိုင်မယ့် နည်းလမ်းတွေကို သိချင်တယ်ဆိုရင် စိတ်ကျန်းမာရေးလိုက်စားသူများအနေနှင့် မဖြစ်မနေတက်ရောက်သင့်ပါတယ်။

  • Types and categories of childhood trauma (ကလေးဘဝကရရှိခဲ့တဲ့စိတ်ဒဏ်ရာ အမျိုးအစား ပိုင်းခြားမှုများ)Understanding impacts of childhood trauma and adverse childhood experiences (ကလေးဘဝကရရှိခဲ့တဲ့ စိတ်ဒဏ်ရာများ၏နောက်ဆက်တွဲအကျိုးဆက်များနှင့် ဆိုးရွားသော ကလေးဘဝ အတွေ့အကြုံများ)Impacts on the whole development (ဖွံ့ဖြိုးအရပ်ရပ်တိုင်းအပေါ် သက်ရောက်မှုများ)Prevention strategies for resilience and traumatic events (ခံနိုင်ရည်စွမ်းရှိစေရန်နှင့် စိတ်ဒဏ်ရာဖြစ်စေသည့် အကြောင်းအရာများကို ကြိုတင်ကာကွယ်နိုင်ရန် နည်းလမ်းကောင်းများ)Releasing own childhood trauma ( ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ကလေးဘဝက စိတ်ဒဏ်ရာများကို ဖြေလျှော့ခြင်း)Developmental and Trauma-informed parenting and caregiving (ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ၊ စိတ်ဒဏ်ရာဆိုင်ရာအသိပညာပေး မိဘအုပ်ချုပ်မှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု)အစရှိတဲ့ အကြောင်းအရာများကို အသေးစိတ်သင်ကြားပို့ချဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

  • Date : 24th, 25th and 26th, Feb , 2024 (Sat,Sun and Mon)
    Time : 9:30 AM to 1:30 PM
    Platform : Zoom
    Course Fees : 200,000 MMK (65$)
    Certificate : 32,000 MMK (10$)
    Recording : 64,000 MMK (20$)
    For Our Volunteers 20% discount

Gently reminder for upcoming Medical Trauma Training Level-3

  • ✅ကျန်းမာရေးအထောက်အပံ့ပေးနေရသူများဖြစ်တဲ့ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးရုံဆေးခန်းတွင် တာဝန်ယူလုပ်ကိုင်နေသူများ

    ✅နာတာရှည်ကျန်းမာရေးအခက်အခဲရှိသူများကို အနီးကပ်ပြုစုနေရသူများ

    ✅နာတာရှည်ကျန်းမာရေးအခက်အခဲရှိသူများကို စိတ်ကျန်းမာရေးအထောက်အပံ့ပေးနေရသူ therapists or psychiatrists များ

    ✅ဆေးကုသမှုအမြဲခံယူနေရသူများကို ပိုမိုထိရောက်မှုရှိသော အထောက်အပံ့ပေးလိုသူများ

    ✅ဆေးကုသမှုပိုင်းဆိုင်ရာတွင် Emergency သို့မဟုတ် စိတ်အဆင်မပြေမှုများခံစားဖူးသူများ

    ✅လူနာနှင့် အနီးကပ်ပြုစုနေရ၍ လူနာရဲ့ လူအပ်ချက်များကိုပိုမိုနားလည်လာချင်သူများ

    ✅ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းတွင်း လုပ်ကိုင်နေသူများ

    ✅ဝန်ထမ်းများ၊ လူနာများနှင့် ပိုမိုထိရောက်သော အကျိုးရလာဒ်ရှိစေရန် ဆေးပညာရပ်နှင့် ဆေးဘက်ဆိုင်ရာပညာရပ်များကို လေ့လာနေသူများ
    ✅လူမှုလုပ်ငန်းများတွင် ကျန်းမာရေးဆိုင်ရာအထောက်အပံ့ပေးနေသူများအနေနှင့် တက်ရောက်ဖို့ရန် ဖိတ်ခေါ်ပါတယ်။

  • Jue Jue’s Safe Space ရဲ့ Founder၊ လက်ရှိမှာ University of Hawaii မှာ Lecturer တစ်ဦးလည်း ဖြစ်သူ၊ Hawaii က Queens’ Medical Centre ရဲ့ နှလုံးအတွင်းလူနာဌာနမှာ Social Worker တစ်ယောက်အနေနှင့် လုပ်ကိုင်နေသူ ဆရာမ ဂျူးဂျူးမင်းသူနှင့်အတူ ဆရာဝန်တစ်ဦးက ဦးစီးသင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဒီဆရာမနှစ်ယောက်ရဲ့ ဆေးပညာနယ်ပယ်မှာ စိတ်ကျန်းမာရေးပညာရှင်တစ်ယောက်အနေနဲ့ လုပ်ငန်းခွင်အတွေ့အကြုံများနှင့် စပ်လျဥ်းပြီး ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

  • Date : March 23rd, 24th and 25th, 2024 Time : 9:30 AM to 1:30 PM
    Location : Zoom
    Fees : 200,000 MMK (65$)
    Certificate : 32,000 MMK (10$)
    Recording : 65,000 MMK (20$)
    For Our Volunteers 20% discount

Trauma Informed Mindfulness Training

  • စိတ်ဖိစီးမှုတွေက မိမိရဲ့ နေ့စဥ်ဘဝနဲ့ ပျော်ရွှင်မှုတွေအပေါ် သက်ရောက်လာပြီး အလုပ်နဲ့ ဘဝ ဟန်ချက်မညီတော့လို့စိတ်ဖိစီးမှုတွေ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းလိုသူတွေ
    ပညာရေးနဲ့ တခြား လူမှုရေး ပြဿနာတွေကြောင့် ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုများနဲ့ ဘဝတွေ ရှုပ်ထွေးမှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ နည်းလမ်းကောင်းတွေ သိရှိလိုတဲ့ ကျောင်းသားကျောင်းသူ လူငယ်လူရွယ်တွေ
    မိသားစုလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေရင်း မိမိအတွက် အချိန်မပေးနိုင်တော့ဘဲ ကိုယ်စိတ်နှလုံးပင်ပန်းနွယ်လာတဲ့ ဖေဖေမေမေ သို့မဟုတ် အုပ်ထိန်းသူ အိမ်ထောင်ဦးစီးတွေစိတ်ခံစားချက်တွေကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းပြီး စိတ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်လိုသူတွေ
    ရုပ်ဝတ္ထု ဒစ်ဂျစ်တယ်တွေ လူမှုစာမျက်နှာတွေရဲ့ လွှမ်းမိုးမှုတွေအောက် အပြိုင်အဆိုင်ဖြစ်နေတဲ့ ယနေ့ခေတ်အခြေအနေကြားမှာ ရင်ထဲက စစ်မှန်တဲ့အေးချမ်းမှုကို ရှာဖွေချင်သူတွေ
    သတိပဋ္ဌာန်ကျင့်စဥ်ရိုးရှင်းတဲ့နေထိုင်မှုဘဝကို စိတ်ပါဝင်စားသူများ
    အားလုံးကို တက်ရောက်ဖို တိုက်တွန်းလိုပါတယ်။

  • Trainer ကတော့ University of Missouri-St. Louis ကနေ Mindfulness Certified Trainer တစ်ဦးဖြစ်တဲ့ Jue Jue’s Safe Space ရဲ့ Founder ဆရာမ ဂျူးဂျူးမင်းသူပဲ ဖြစ်ပါတယ်။ ဆရာမ ဂျူးဂျူးက လက်ရှိ Queens Medical Center မှာ အမေရိကန်နိုင်ငံ အသိမှတ်ပြု လိုင်စင်ရ Social Worker တစ်ယောက်ဖြစ်ပြီး University of Hawaii မှာ Lecturer တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီ "Trauma Informed Mindfulness Training" မှာ ဆရာမ ဂျူးဂျူးမင်းသူ ကိုယ်တိုင် လက်တွေ့ အသုံးချပြီး ရရှိလာတဲ့ အတွေ့အကြုံတွေကတစ်ဆင့် အကောင်းဆုံးသင်ကြားပိုချသွားမှာ ဖြစ်ပါတယ်။

  • Title : Trauma Informed Mindfulness Training
    Date : December 4th to 10th at 12:00 PM-1:00 PM, everyday
    Location : Zoom
    Fees : 70,000MMK
    Early Bird Discount : 52,500MMK (25% off) From 22.11.2023 To 26.11.2023

Annual Mental Health Conference


Holistic Approach in Mental Health(3rd Annual Mental Health Conference)

  • စိတ်ကျန်းမာရေးကို စိတ်ဝင်စားသူမည်သူမဆို
    စိတ်ဓာတ်ခွန်အား ကောင်းသော မြန်မာပြည်ဖွားမျိုးဆက်သစ်များကိုမြေတောင်မြှောက်ပေးလိုသူများ၊
    မိမိ နှင့် ပတ်ဝန်းကျင် ရှိလူအများ၏စိတ်ကျန်းမာရေးကိုကုစားရန်စိတ်ဝင်စားသူများ
    ကုသရေးတွင်ပါဝင်ကူညီနေသော စိတ်ကျန်းမာရေးဝန်ထမ်းများ တက်ရောက်သင့်ပါတယ်။

  • စစ်မှန်သော အသိအမှတ်ပြုခံထားရသော ပညာရှင်များဆီမှတစ်ဆင့် စိတ်ကျန်းမာရေးနဲ့ပတ်သတ်တဲ့ မှန်ကန်တဲ့ ဗဟုသုတတွေရလာပြီးတော့ မိမိဘဝကို၊ နည်းလမ်းမှန်ကန်စွာ ပဲ့ကိုင်လာနိုင်မယ်၊ မိမိပတ်ဝန်းကျင်ကိုလည်း လက်လှမ်းမှီသလောက် ပြုပြင်ပေးနိုင်မယ်။
    စိတ်ကျန်းမာရေး ပညာရှင်များ၊Clinicianများနှင့် တနေရာတည်းမှာ တွေ့ဆုံခွင့်ရပြီး သူတို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဆွေးနွေမှု တွေကိုနားထောင်ခွင့်ရမယ်၊ တိုက်ရိုက်မေးခွန်းတွေ မေးခွင့်ရှိမယ်။
    နေ့စဉ်ဘဝမှာ စိတ်ကျန်းမာရေးကို ပိုမိုနားလည်လာနိုင်ပြီး အများအတွက်လည်း ပြန်လည်အကျိုးပြုနိုင်လာမယ်။
    လူတွေရဲ့ သဘောတရားကိုပိုမိုနားလည်သိရှိလာပြီး ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းလာမယ်။
    စိတ်ကျန်းမာ‌ရေးအသိအမြင်ကြွယ်ဝလာပြီး Personal Development လည်းတက်လာမယ်။
    ပြန်လည်ကုစားခြင်း အစီအစဉ်တွေကို ပိုအသားပေးပါဝင်ထားတာကြောင့် မိမိရဲ့ ကုစားခြင်းခရီးစဉ်ကိုလည်း စတင်နိုင်မှာဖြစ်ပါတယ်။

  • Date : Apirl 26th and 28th, 2024
    Time : 9:00 AM to 1:00 PM (MMT)
    Location : Zoom
    Fees : 100,000 MMK for 3 Days (30$)
    For Our Volunteers 20% discount

Jue Jue's Safe Space 2nd Annual Mental Health Conference

Building Community Through Healing
ကုသခြင်းဖြင့် ပြန်လည်တည်ဆောက်ခြင်း

 ကျွန်မတို့ Jue Jue's Safe Space မှ ပြီးခဲ့သော ၂၀၂၂ ခုနှစ် မတ်လတွင် "Renewing Hope" "မျှော်လင့်ချက်အသစ်တစ်ဖန်"ခေါင်းစဉ်ဖြင့် ညီလာခံကြီးကိုသုံးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ညီလာခံမှတစ်ဆင့် ကျွန်မတို့ မြန်မာနိုင်ငံ၏ စိတ်ကျန်းမာရေးဆိုင်ရာကုစားရေးတစ်ခုအတွက် ပိုမိုကောင်းမွန်တဲ့အတွေးအမြင်တွေနဲ့ ပိုမိုကောင်းမွန်တဲ့လှုပ်ရှားမှုတစ်ရပ်အဖြစ်အောင်မြင်မှုတွေရရှိခဲ့ပြီး မြန်မာနိုင်ငံဖွားတိုင်းရင်းသားတွေအတွက်လည်း အခန်းကဏ္ဍမျိုးစုံမှ စိတ်ကျန်းမာရေးအသိပညာ ပေးလှုပ်ရှားမှုတစ်ရပ်အနေနဲ့ပြုလုပ်နိုင်ခဲ့ပါတယ်။ အခုလိုမျိုးအောင်မြင်မှုရရှိခဲ့တဲ့ Mental Health Conference စိတ်ကျန်းမာရေးဆိုင်ရာညီလာခံကြီးကို နှစ်စဉ်ကျင်းပနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြီးခဲ့သောနှစ်ထဲကစတင်ခဲ့ကာ ယခုနှစ်မှာဆိုရင်လည်း မတူညီစုံလင်သောခေါင်းစဉ်များနှင့် ကျင်းပမှာဖြစ်လို့ ကမ္ဘာအရပ်ရပ်မှာနေထိုင်ကြတဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားအားလုံးကို တတ်ရောက်ဖို့ဖိတ်ခေါ်လိုက်ရပါတယ်။

  • Building Community Through Healing "ကုသခြင်းဖြင့်ပြန်လည်တည်ဆောက်ခြင်း" ဆိုတဲ့ခေါင်းစဉ်နှင့်အညီ မြန်မာနိုင်ငံ၏ မတည်ငြိမ်သော ရိုက်ခတ်မှုများကြောင့် အကျပ်အတည်း များနှင့် ရင်ဆိုင်နေရသော မြန်မာနိုင်ငံအတွင်းမှ မြန်မာပြည်ဖွားတိုင်းရင်းသားများသာမက တစ်ကမ္ဘာလုံးမှာ ရှိကြတဲ့ တိုင်းရင်းသားမောင်နှမများကို ကုစားပေးနိုင်ရန်ရည်ရွယ်ချက်ထားရှိထားပါတယ်။

    Jue Jue's Safe Space ဟာဆိုရင် 2019ခုနှစ်ထဲကအစဉ်တစိုက် "စိတ်ကျန်းမာရေးဟာအရေးကြီးကြောင်း၊ ဂရုစိုက်သင့်ကြောင်း" ပညာပေးအကြောင်းအရာတွေကို Facebook Page ကနေ အစဉ်မပျက်ဖော်ပြခဲ့ပြီး‌ ယခုဆိုလျှင်လည်း အဖွဲအစည်းတစ်ခုအနေဖြင့် မြန်မာနိုင်ငံ၏အခန်းကဏ္ဍပေါင်းစုံအတွက် စိတ်ကျန်းမာရေး ဆိုင်ရာတတ်ကျွမ်းတဲ့ပညာရှင်များ၊ Clinician များကို တစ်နေရာတည်းစုစည်းပြီး လူအများ ပါဝင်နိုင်ရန်စျေးနှုန်းသက်သာစွာဖြင့် တက်ရောက်နိုင်ဖိုလည်းစီစဉ်ထားပါတယ်။

    ပြီးခဲ့သောနှစ်ကလိုပဲ အခုတစ်ခါမှာလည်း Jue Jue's Safe Space မှ ကမ္ဘာအနှံမှာရှိတဲ့ မြန်မာပြည်ဖွား Clinicianများ၊ အရည်အချင်းပြည့်မှီသော လိုင်စင်ရစိတ်ကျန်းမာ‌ရေးဆရာဝန်များ၊ပညာရှင်များ တစ်စုတစ်စည်းတည်း ပူးပေါင်းပြီး သုံးရက်တိုင်တိုင် Mental Health Conference ဆွေးနွေးပွဲကြီးကို ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

  • ညီလာခံအစီအစဉ်တွေက‌တော့

    Conference (၃)ရက်ကျင်းပတဲ့ကာလမှာ ဘယ်လိုအစီအစဉ်တွေပါဝင်မှာလဲ?

    Day 1 : Generation of Grief (မျိုးရိုးစဉ်ဆက်အလိုက် ကြုံတွေ့ခဲ့ရသော ဆုံးရှုးမှုများ)

    Conference ပထမရက်မှာတော့ National Unity Government ရဲ့ Acting President ဖြစ်တဲ့ သမ္မတကြီး Duwa Lashi La၊ Jue Jue's Safe Space ရဲ့ Founder တစ်ဦးလည်းဖြစ် အမေရိကန်နိုင်ငံမှာလိုင်စင်ရ Social Worker တစ်ဦးအဖြစ်လည်းရပ်တည်နေတဲ့ မဂျူးဂျူးမင်းသူ နှင့်အတူ ကျွန်မတိုအားလုံးရဲ့အမျိုးသမီးတွေတင်မက အမျိုးသားကပါလေးစားအတုယူရတဲ့ ပါမောက္ခ Dr.Miemie Winn Byrd , Grief နဲ့ပတ်သတ်ပြီးတော့လည်း ဝင်ရောက်ဆွေးနွေးပေးမဲ့ Rose Metro , Overcoming Anxiety & Depression ကိုဝင်ရောက်ဆွေးနွေးပေးမဲ့ မမေမြတ်မွန် ပါဝင်မှာဖြစ်ပါတယ်။

    Generation of Grief ဆိုတဲ့ခေါင်းစဉ်အတိုင်း ခံစားရတဲ့ ပူဆွေးဝမ်းနည်းရမှုတွေကနေဖြစ်လာတဲ့ စိတ်ကျန်းမာရေး ထိခိုက်မှုတွေ၊ တစ်ဦးချင်းစီအပြင် Community အလိုက်ကြုံတွေ့ရတဲ့ ဝမ်းနည်းမှုတွေက ပြီးခဲ့သောနှစ်တွေထဲမှာ မြန်မာနိုင်ငံသားများအနေနဲ့ အများကြီးကြုံတွေ့ခဲ့ကြရပါတယ်။ အခုလိုမျိုးနစ်နာဆုံးရှုးမှုတွေရဲ့ အကျိုးဆက်တွေကိုခံစားနေရကြတဲ့ မျိုးရိုးစဉ်ဆက်အလိုက် လက်ဆင့်ကမ်း နေရကြတဲ့ ဒီဝမ်းနည်းပူဆွေးခံစားမှုတွေကို ကျွန်မတိုမျိုးဆက်ကနေစပြီး ကုစားနိုင်စေရန်ရည်ရွယ်ပြီး ထည့်သွင်းထားရခြင်းဖြစ်ပါတယ်။ ဒါကြောင့် Conference Day (1) မှာ

    - ခံစားနေရတဲ့ ဝမ်းနည်းပူဆွေးမှုတွေကိုနည်းလမ်းမှန်မှန်နဲ့ကုစားနည်းတွေ

    -အကျိုးသက်ရောက်မှုတွေကို ဖြေရှင်းမယ့်နည်းလမ်းကောင်းတွေ၊

    -ဝမ်းနည်းမှုတွေ၊ဆုံးရှုးမှုတွေကြုံကြိုက်လာရတဲ့အခါ ဘယ်လိုပြုမူနေထိုင်မလဲစတဲ့နည်းလမ်းတွေအပြင်

    -လိုင်စင်ရပညာရှင်များနှင့် အတွေ့အကြုံရှိသောပညာရှင်များ၏ စိတ်ကျန်းမာရေးဆိုင်ရာစကားဝိုင်းတွေနဲ့ ဗဟုသုတရစရာ စကားဝိုင်းများကို မြိုင်မြိုင်ဆိုင်ဆိုင်နားထောင်ရမှာဖြစ်ပါတယ်။

    Day 2 : Intergenerational Trauma (မျိုးရိုးစဉ်ဆက်အလိုက်ရရှိခဲ့သော စိတ်ဒဏ်ရာ)

    ခေတ်အဆက်ဆက်ကကုစားခွင့်မရကြတဲ့ ကျွန်မတိုရဲ့ စိတ်ဒဏ်ရာတွေကို ဒီမျိုးဆက်မှာအပြီးဖြတ်ဖို ရည်ရွယ်ထားပါတယ်။ ဒါကြောင့် Day (2) မှာ

    - Childhood Trauma (ငယ်စဉ်ကတည်းကရခဲ့တဲ့ စိတ်ဒဏ်ရာ) တွေကို အစာခြေဖိုကုစားဖို Coping လုပ်ဖိုနည်းလမ်းကောင်းတွေ

    - Healing the innerchild (အတွင်းစိတ်ထဲမှာရှိနေတဲ့ ကလေးစိတ်)လေးတွေကိုဂရုစိုက်ဖို အပြင်ဖော်ထုတ်မဲ့စတဲ့နည်းလမ်းကောင်းတွေ

    - Child Psychologyနှင့်ပတ်သတ်တဲ့ ပညာရှင်များမှဆွေးနွေးပေးမဲ့ စကားဝိုင်းတွေလည်းပါဝင်မှာဖြစ်သလို အမေးအဖြေ Session များအပြင်

    - Activity အနေနဲ့ Mindfulness Session တစ်ခုလည်းပါဝင်သွားမှာဖြစ်ပါတယ်။

    ပါဝင်ဆွေးနွေးပေးမယ့် ပညာရှင်တွေကတော့

    Dr. Nilar Thwin, Child and Adolescent Psychiatrist Child Psychology, နဲ့ပတ်သတ်ပြီး ဝင်ရောက်ဆွေးနွေးပေးသွားမှာဖြစ်သလို

    Citta Consultancy မှ CEO မ Su Su Maung သူမ၏ စိတ်ကျန်းမာရေး Career တစ်လျှောက်လုံးမှာ လူတွေမှာ ကြုံတွေရတဲ့ စိတ်ဒဏ်ရာတွေနားအကြောင်းကို ပညာရှင်အမြင်နှင့် ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

    AAPPအဖွဲမှ ကို Kyaw Soe Win မြန်မာနိုင်ငံရဲ့ ခေတ်အဆက်ဆက် စနစ်ဆိုးကြောင့် လူငယ်များအကျဉ်းထောင်ထဲမှာရရှိခဲ့တဲ စိတ်ဒဏ်ရာများအကြောင်းပါဝင် ဆွေးနွေးသွားမှာဖြစ်ပြီး

    Ma Phyu Pannu Khin,PHD Candidate,Clinical Psychology မှ Community Resiliency လူမှုအသိုင်းအဝိုင်းမှာ စိတ်ဓာတ်ကြံ့ခိုင်အောင် ဘယ်လိုနေထိုင်သွားကြမလဲစတဲ့ အကြောင်းအရာတွေပါဝင်သွားမှာဖြစ်ပါတယ်။

    Day (3) Community Healing ( အချင်းချင်းပြန်လည်ကုစားခြင်း)

    ကျွန်မတို Jue Jue’s Safe Space ရဲ့ Mission ဖြစ်သည့် ရင်တွင်းငြိမ်းချမ်းရေးမှသည် ပြည်တွင်းငြိမ်းချမ်း ရေးဆီသို ဆိုသည့်အတိုင်း မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားလူမျိုးများ၏ လူမှုအသိုင်းအဝိုင်း ပြန်လည်တည်ဆောက်ခြင်းအတွက် ကုစားရေးခရီးစဉ်မှာ အမြဲပါဝင်လျက်ရှိပြီး အခု ညီလာခံမှာလည်း ထည့်သွင်းကာ ကျွန်မတို၏ တိုင်းရင်းသားလူမျိုးပေါင်းစုံကို တစ်ထောင့်တစ်နေရာကနေကူညီနိုင်စေရန် Community Healing မှသည် Community Budiling ဆီသိုရည်ရွယ်ချက်ဖြင့်

    ညီလာခံမှာဆိုရင်

    ရိုဟင်ဂျာလူမျိုးများ၊ ကချင်လူမျိုးများ၏ Community Healing နှင့်အတူ

    အခြားသောတိုင်းရင်းသားလူမျိုးများ၊ စစ်ကြောင့်ခံစားနေရတဲ့ တိုင်းရင်းသားမောင်နှမများ၏ စိတ်ကျန်းမာရေးကုစားရေးနည်းလမ်းများ

    မြန်မာနိုင်ငံအတွင်းသာမက တစ်ကမ္ဘာလုံးရှိမြန်မာ့လူမှုအသိုင်းအဝိုင်းအတွက် ပြန်လည်ကုစားရေးနည်းလမ်းများအပြင်

    နိုင်ငံရေး၊လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၏ရိုက်ခတ်မှုများအတွက် ကုစားရေး Coping နည်းလမ်းကောင်းများ

    Activity များအနေဖြင့်လည် Conference တက်ရောက်လာသူများအတွက် Yoga session လည်းပါဝင်မှာဖြစ်ပါတယ်။

  • တတ်ကျွမ်းသည့်ပညာရှင်များ၊ Professional များဖြစ်သည့်

    Seinenu Thein-Lemelson

    အားလုံးလေးစားရတဲ့ စာရေးဆရာ ဒေါက်တာဖြိုးသီဟ

    ကချင်လူမျိုးများအတွက် အမြဲရပ်တည်ပေးလျက်ရှိတဲ့ တရားမျှတရေးတက်ကြွလှုပ်ရှားသူ Esther Ze Naw

    Jue Jue’s Safe Space နှင့်အတူ အမြဲ ဆွေးနွေးပွဲများတွင် ပူးပေါင်းပါဝင်ပြီး ရိုဟင်ဂျာများအတွက် အမြဲတက်ကြွစွာပါဝင်လျက်ရှိတဲ့ Hasfer Tameesuddin တို့ပါဝင်မှာဖြစ်ပါတယ်။

  • ဒီ Conference ကနေဘယ်လိုအကျိုးကျေးဇူးတွေရမလဲ?

    - ပညာရှင်ဆီကတစ်ဆင့် စိတ်ကျန်းမာရေးနဲ့ပတ်သတ်တဲ့ တိကျမှန်ကန်တဲ့ ဗဟုသုတတွေရလာပြီးတော့ မိမိဘဝကို၊ နည်းလမ်းမှန်ကန်စွာ ပဲ့ကိုင်လာနိုင်မယ်၊ မိမိပတ်ဝန်းကျင်ကိုလည်း လက်လှမ်းမှီသလောက် ပြုပြင်ပေးနိုင်မယ်။

    -စိတ်ကျန်းမာရေး ပညာရှင်များ၊Clinicianများနှင့် တနေရာတည်းမှာ တွေ့ဆုံခွင့်ရပြီး သူတို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ မိန့်ခွန်းစကားတွေနားထောင်ရမယ်။

    - နေ့စဉ်ဘဝမှာ စိတ်ကျန်းမာရေးကို ပိုမိုနားလည်လာနိုင်ပြီး အများအတွက်လည်း ပြန်လည်အကျိုးပြုနိုင်လာမယ်။

    - လူတွေရဲ့ သဘောတရားကိုပိုမိုနားလည်သိရှိလာပြီး ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းလာမယ်။

    - စိတ်ကျန်းမာ‌ရေးအသိအမြင်ကြွယ်ဝလာပြီး Personal Development လည်းတက်လာမယ်။

    - ပြန်လည်ကုစားခြင်း အစီအစဉ်တွေကို ပိုအသားပေးပါဝင်ထားတာကြောင့် မိမိရဲ့ ကုစားခြင်းခရီးစဉ်ကိုလည်း စတင်နိုင်မှာဖြစ်ပါတယ်။

  • အခုလိုမျိုး ပညာရှင်များစွာပါဝင်တဲ့ Mental Heath Conference ကြီးကို ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာကျင်းပမှာလဲ?

    -ဧပြီလ (၇)ရက်နေ့မှ (၉) ရက်နေ့အထိ သုံးရက်တိုင်တိုင်

    -မနက်( ၈း၀၀) နာရီမှ နေ့လည် (၁၂း၀၀) အထိ

    -Zoom ကနေပြုလုပ်မှာဖြစ်ပါတယ်။

    Online ကနေတစ်ဆင့်ပြုလုပ်မှာဖြစ်လို တစ်ကမ္ဘာလုံးရှိ မြန်မာနိုင်ငံဖွားတိုင်းရင်းသားလူများအားလုံး ပါဝင်နိုင်ပါတယ်။

    Conference Registration Fee‌ကရော ဘယ်လောက်လဲ?

    ပညာရှင်တွေအများကြီးပါဝင်ဆွေးနွေးကြမယ့် သုံးရက်လုံးကိုမှ 25,000MMK မြန်မာငွေနှစ်သောင်းခွဲကျပ်သာကျသင့်မှာဖြစ်ပါတယ်။ စိတ်ကျန်းမာရေးပညာရှင်များအားလုံးကို တစ်နေရာထဲဆုံတွေ့နိုင်အောင် စီစဉ်ပေးထားတာဖြစ်ပါတယ်။ Early Bird Registration ပြုလုပ်သူမျာအားလုံးကိုလည်း 20000MMKဖြင့် မတ်လ (၁၅)ရက်နေ့အထိဖွင့်ပေးထားမှာဖြစ်ပါတယ်။

Mental Health Conference

အခုလို မြန်မာပြည် အတွက် အလွန်အမင်း အရေးကြီးတဲ့အချိန်မှာ Jue Jue's Safe Space မှ ပထမဆုံးအကြိမ် ဦးစီးပြီးပြုလုပ်တဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ညီလာခံ(First Annual Mental Health Conference) ကို ကမ္ဘာ အရပ်ရပ်မှာ နေထိုင်ကြတဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားအားလုံးကို တတ်ရောက်ဖို့ဖိတ်ခေါ်ပါရစေ။

  • 🔹ရည်ရွယ်ချက်

    ကျွန်မတို့ Jue Jue's Safe Spaceဟာဆိုရင် ၂၀၁၉ ခုနှစ်တည်းကစလို့ မြန်မာပြည်ဖွားတိုင်းရင်းသားလူမျိုးစုများရဲ့ စိတ်ကျန်းမာရေးအပြင်၊ စိတ်ကျန်းမာရေးအတွက် ဖွံဖြိုးတိုးတက်ရေးကိစ္စများမှာ အခန်းကဏ္ဍမျိုးစုံကနေတစ်ဆင့် အစဉ်အဆက်မပြတ် ပါဝင် ပံ့ပိုးလျက်ရှိပါတယ်။

    အခုတစ်ခါမှာလည်း Jue Jue's Safe Space မှ ကမ္ဘာအနှံ့မှာရှိတဲ့ မြန်မာပြည်ဖွား Clinicianများ၊ အရည်အချင်းပြည့်မှီသော လိုင်စင်ရဆရာဝန်များ၊ စိတ်ကျန်းမာရေးပညာရှင်များနှင့် တစ်စုတစ်စည်းတည်း ပူးပေါင်းပြီး သုံးရက်တိုင်တိုင် Mental Health Conference ဆွေးနွေးပွဲကြီးကို ပထမဆုံးအကြိမ်ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

    အခုလိုကာလမှာ လူတိုင်းကို "စိတ်ကျန်းမာရေးဟာအရေးကြီးကြောင်း၊ ဂရုစိုက်သင့်ကြောင်း" ပညာပေးအကြောင်းအရာတွေကို Page ကနေ အစဉ်မပျက်ဖော်ပြခဲ့သော်လည်း အခန်းကဏ္ဍပေါင်းစုံအတွက် တတ်ကျွမ်းတဲ့ ပညာရှင်တွေ၊ Clinician များကို တစ်နေရာတည်းစုစည်းပြီး အားလုံးလည်းတက်ရောက်နိုင်မယ့် ဆွေးနွေးပွဲတစ်ခု စီစဉ်ပေးချင်ခဲ့ပါတယ်။

    ဒါကြောင့် ဒီ Conference ရဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာနေထိုင်သူ မြန်မာနိုင်ငံသားများသာမက ကမ္ဘာအနှံ့အပြားမှာရှိတဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားလူမျိုးစုများပါ စိတ်ကျန်းမာရေးအကြောင်းပိုမိုသိရှိနိုင်ပြီး နေ့စဉ်ဘဝမှာကောင်းမွန်တဲ့ပြောင်းလဲမှုတွေရရှိလာဖို့ ရည်ရွယ်ထားပါတယ်။

    🔹ဘယ်လိုလူတွေတက်ရောက်သင့်လဲ?

    - စိတ်ကျန်းမာရေးကို စိတ်ဝင်စားသူများ

    - စိတ်ကျန်းမာရေး ဝန်ထမ်းများ

    - ကျန်းမာရေးဝန်ထမ်းများ

    - NGO&INGO ဝန်ထမ်းများ

    - စိတ်ကျန်းမာရေးအတွက် မိမိပတ်ဝန်းကျင်မှာ အကျိုးပြုလှုပ်ရှာနေသူများ တက်ရောက်နိုင်ပါတယ်။

    🔹အခုလိုမျိုး ပညာရှင်များစွာပါဝင်တဲ့ Mental Heath Conference ကြီးကို ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာကျင်းပမှာလဲ?

    -မတ်လ (၁၁)ရက်နေ့မှ မတ်လ (၁၃) ရက်နေ့အထိ သုံးရက်တိုင်တိုင်

    -မနက်( ၉း၀၀) နာရီမှ နေ့လည် (၁၂း၀၀) အထိ

    -Zoom ကနေပြုလုပ်မှာဖြစ်ပါတယ်။

    🔹Conference Registration Fee‌ကရော ဘယ်လောက်လဲ?

    -ပညာရှင်တွေအများကြီးပါဝင်ဆွေးနွေးကြမယ့် သုံးရက်လုံးကိုမှ 100,000MMK မြန်မာငွေ၁သိန်းကျပ်သာကျသင့်မှာဖြစ်ပါတယ်။ စိတ်ကျန်းမာရေးပညာရှင်များအားလုံးကို တစ်နေရာထဲဆုံတွေ့နိုင်အောင် စီစဉ်ပေးထားတာကြောင့် အားလုံးပဲ လက်လွှတ်မခံသင့်ဘူးနော်။

    -ဒီကနေရရှိလာတဲ့ Funding တွေကိုလည်း စိတ်ကျန်းမာရေးအတွက် လိုအပ်နေသူတွေကို ကူညီပေးတဲ့နေရာမှာအသုံးပြုသွားမှာပါတယ်။

    🔹တက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်-

    - ဖော်ပြပါ Linkမှတဆင့် Jue Jue's Safe Space ရဲ့ Website ၏ Registration Form မှာ Register ပြုလုပ်ပါ။

    - မတ်လ (၈) ရက်နေ့ နောက်ဆုံးထားပြီး Register ပြုလုပ်နိုင်ပါတယ်။

    - Register ပြုလုပ်ပြီး 48 နာရီအတွင်း ပေးသွင်းရမယ့် Bank Information & Invoice ကို Email ကတစ်ဆင့် ပေးပို့ပေးသွားမှာဖြစ်ပါတယ်။

    ✨လူဦးရေ အကန့်အသတ်ရှိတာမို့ အခုပဲ Register လုပ်ထားလိုက်တော့နော်✨

  • Day 1: Mental Health Matters ( စိတ်ကျန်းမာရေးခွန်အားပေး)

    "စိတ်ကျန်းမာရေးခွန်အားပေး"ဆိုတဲ့ ခေါင်းစဉ်အတိုင်း စိတ်ကျန်းမာရေးထိခိုက်မှုတွေကြောင့်

    -နေ့စဉ်ဘဝကို ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်လဲ?

    -အဲ့ဒီအကျိုးသက်ရောက်မှုတွေကို ဖြေရှင်းမယ့်နည်းလမ်းကောင်းတွေ၊

    -အခက်အခဲတွေရင်ဆိုင်ကြုံတွေရတဲ့အခါမျိုးမှာ စိတ်ပိုင်းဆိုင်ရာသန်မာလာနိုင်မယ့် ဖြေရှင်းနည်းနည်းလမ်းကောင်းတွေ၊

    -ကျွန်မတို့ရဲ့စိတ်ထဲမှာ ကိန်းဝပ်နေတဲ့ စိတ်စွမ်းအားတွေကို ဘယ်လိုအသုံးချနိုင်မလဲ? စတဲ့ အကြောင်းအရာတွေအပြင်

    -ယခုလက်ရှိထိုင်းနိုင်ငံမှာရှိနေတဲ့ မြန်မာအသိုင်းအဝိုင်းအတွက် ဘယ်လိုမျိုး စိတ်ကျန်းမာရေးဝန်ဆောင်မှုတွေလိုအပ်နေလဲဆိုတဲ့ အကြောင်းအရာများကို ဆွေးနွေးကြကြမှာဖြစ်ပါတယ်။

    Day2: Mental Health effects on Marginalized Population( စည်းဝိုင်းအပြင်ရောက်လူသားများ၏ စိတ်ကျန်းမာရေး)

    ကျွန်မတို့လူ့ဘောင်အသိုင်းအဝိုင်းထဲမှာ လူအခွင့်အရေးအလုံအလောက်မရနိုင်ကြတဲ့ လူသားများကို စိတ်ပိုင်းဆိုင်ရာခွန်အားတွေပေးချင်တဲ့ရည်ရွယ်ချက်များဖြင့် ဒုတိယနေ့အတွက် စီစဥ်ရခြင်းဖြစ်ပါတယ်။

    -လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်နိုင်တဲ့အကြောင်းအရင်းများ

    -ကျွန်မတို့မေ့ထားလို့မဖြစ်တဲ့ Rohingya လူမျိုးများအတွက် စိတ်ကျန်းမာရေး

    -LGBTQ+အသိုင်းအဝိုင်းမှာ ကျော်ဖြတ်ရအခက်ဆုံးဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေ စတဲ့စတဲ့ အကြောင်းအရာများကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

    Day 3: Healing Journey (ပြန်လည်ကုစားခြင်းခရီးစဉ်)

    တတိယ‌ နေ့မှာတော့ ပြန်လည်ကုစားခြင်းခရီးစဉ် ဆိုတဲ့အခေါင်းစဉ်အတိုင်း ကျွန်မတို့ရဲ့ စိတ်နှလုံးသားတွေကို ကုစားပေးနိုင်မယ့်

    -ထူးချွန်တဲ့ မြန်မာ Clinicians တွေဖြစ်တဲ့ Sister Elizabeth Joseph၊ Diana Flo နှင့် Agnes Mary တို့ရဲ့ စိတ်ကျန်းမာရေးရှုထောင့်တိုင်းကနေ‌ ဆွေးနွေးပေးမယ့်စကားဝိုင်းကိုလည်းထည့်သွင်းထားပါတယ်။

    -ယနေ့ခေတ် မြန်မာအသိုင်းအဝိုင်းမှာ လူအများသတိမထားမိသေးတဲ့ အရေးကြီးတဲ့ ကလေးတွေအတွက်စိတ်ကျန်းမာရေးChild Psychologyအကြောင်းကိုလည်း Psychologist တစ်ဉီးဖြစ်သူ မGabriella Phyuမှဆွေးနွေးပေးသွားဦးမှာဖြစ်ပါတယ်။

    -ဒါ့အပြင် ကျွန်မတို့အားလုံးချစ်ခင်ရတဲ့ ပြည်သူ့အချစ်တော် မင်းသမီး ပိုင်ဖြိုးသုမှလည်း Charactersများစွာကိုဖော်ပြခဲ့ရသူဖြစ်တဲ့အလျောက် ရုပ်ရှင်ဇာတ်ကောင်တွေသာ အပြင်မှာရှိနေခဲ့ရင်ဆိုရှိနေခဲ့ရင်ဆိုတဲ့ အကြောင်းအရာအပေါ်မူတည်ပြီး စိတ်ကျန်းမာရေးရှုထောင့်ကနေ ဆွေးနွေးပေးသွားကြမှာဖြစ်ပါတယ်။

  • Day 1: Mental Health Matters ( စိတ်ကျန်းမာရေးခွန်အားပေး)

    Conference ပထမရက်မှာတော့ Jue Jue's Safe Space ရဲ့ Founder တစ်ဦးလည်းဖြစ် အမေရိကန်နိုင်ငံမှာလိုင်စင်ရ Social Worker တစ်ဦးအဖြစ်လည်းရပ်တည်နေတဲ့ မဂျူးဂျူးမင်းသူ၊ Professional Counselor တစ်ဦးအဖြစ်လည်းကောင်း၊ Techinical Counsultant အဖြစ်လည်းကောင်း အောင်မြင်ကျော်ကြားတဲ့ ဆရာကြီး ‌ဒေါက်တာညွှန့် နှင့် အားလုံးလေးစား အားကျအတုယူရတဲ့ ပါမောက္ခ Daw Miemie Winn Byrd အပါအဝင် Citta Consultancy ရဲ့ Founder ဖြစ်သူ မစုစုမောင် စတဲ့ အသိပညာရှင်များပါဝင်မှာဖြစ်ပါတယ်။

    Day2: Mental Health effects on Marginalized Population( စည်းဝိုင်းအပြင်ရောက်လူသားများ၏ စိတ်ကျန်းမာရေး)

    ပါဝင်ဆွေးနွေးပေးမယ့် ပညာရှင်တွေကတော့

    - ကျွန်မတို့ရဲ့ National Unity Government ရဲ့ Acting President ဖြစ်တဲ့ သမ္မတကြီး Duwa Lashi La

    - PHD Student တစ်ဦးဖြစ်တဲ့ မနှင်းသက်မှူးခင်

    - ရိုဟင်ဂျာများအတွက် အမြဲတက်ကြွစွာပါဝင်လျက်ရှိတဲ့ Hasfer Tameesuddin

    - LGBTQ+ တစ်ဦးလည်းအဖြစ် စာရေးဆရာမတစ်ဉီးလည်းအဖြစ်ရပ်တည်နေတဲ့ မစောဟန်နွေဦးအပြင်

    - Talk with me အဖွဲ့အစည်းမှ ကိုမျိုးမင်းသူနှင့် ကိုအာကာတို့လည်းပါဝင်မှာဖြစ်ပါတယ်။

    Day 3: Healing Journey (ပြန်လည်ကုစားခြင်းခရီးစဉ်)

    -ထူးချွန်တဲ့ မြန်မာ Clinicians တွေဖြစ်တဲ့ Sister Elizabeth Joseph၊ Diana Flo နှင့် Agnes Mary

    -Psychologist တစ်ဉီးဖြစ်သူ မGabriella Phyu

    -ကျွန်မတို့အားလုံးချစ်ခင်ရတဲ့ ပြည်သူ့အချစ်တော် မင်းသမီး ပိုင်ဖြိုးသု

  • 🔹ဒီ Conference ကနေဘယ်လိုအကျိုးကျေးဇူးတွေရမလဲ?

    - ပညာရှင်ဆီကတစ်ဆင့် စိတ်ကျန်းမာရေးနဲ့ပတ်သတ်တဲ့ တိကျမှန်ကန်တဲ့ ဗဟုသုတတွေရလာပြီးတော့ မိမိဘဝကို နည်းလမ်းမှန်ကန်စွာ ပဲ့ကိုင်လာနိုင်မယ်။

    -စိတ်ကျန်းမာရေး ပညာရှင်များနှင့် ထူးချွန်ထက်မြတ်တဲ့ ခေါင်းဆောင်များနှင့် တနေရာတည်းမှာ တွေ့ဆုံခွင့်ရပြီး သူတို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ မိန့်ခွန်းစကားတွေနားထောင်ရမယ်။

    - နေ့စဉ်ဘဝမှာ စိတ်ကျန်းမာရေးကို ပိုမိုနားလည်လာနိုင်ပြီး အများအတွက်လည်း ပြန်လည်အကျိုးပြုနိုင်လာမယ်။

    - လူတွေရဲ့ သဘောတရားကိုပိုမိုနားလည်သိရှိလာပြီး ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းလာမယ်။

    - စိတ်ကျန်းမာ‌ရေးအသိအမြင်ကြွယ်ဝလာပြီး Personal Development လည်းတက်လာမယ်။