
Our Services
Ongoing Services
Individual Counseling
-
အမေရိကန်နိုင်ငံ၏လိုင်စင်ရ စိတ်ကျန်းမာရေးပညာရှင် မဂျူးဂျူးမင်းသူနှင့် တစ်ဦးချင်း တိုင်ပင်ဆွေးနွေးမှု များ ပြုလုပ်နိုင်ပါသည်။ စိတ်ကျန်းမာရေးဆိုင်ရာ တစ်ဦးချင်း ဆွေးနွေးကုသရာတွင် တစ်ကြိမ်လျှင် မိနစ် (၅၀) ကြာမြင့်ပြီး ကုသခံယူသူနှင့် Counselor နှစ်ဦးအပြန်အလှန် နှစ်သိမ့်ဆွေးနွေးခြင်းဖြစ်သည်။ တိုင်ပင်ဆွေးနွေးမှုရယူလိုပါက Jue Jue’s Safe Space ၏ Facebook Chat box ကနေတစ်ဆင့် booking ပြုလုပ်နိုင်ပါပြီ။
Group Counseling
Couple Counseling
-
အိမ်ထောင်ရေး၊ အချစ်ရေး၊ မိမိနှင့် မိမိPartnerကြားဆိုင်ရာ ပဍိပက္ခများကို ဖြေရှင်းလိုသူများ Couple Counseling ကိုရယူနိုင်ပါတယ်။ တစ်ကြိမ်လျှင် မိနစ်(၅၀) ကြာမြင့်မည်ဖြစ်ပြီး ကုသခံယူသူစုံတွဲနှင့် Counselorကြား အပြန်အလှန် နှစ်သိမ့်ဆွေးနွေးခြင်းဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက Jue Jue’s Safe Space၏ Facebook Page Chat box တွင် အသေးစိတ်မေးမြန်းမှုများပြုလုပ်နိုင်ပါသည်။
-
မိမိတို့၏အဖွဲ့အစည်းများ၊ ကုမ္ပဏီများတွင် ဖြစ်ပေါ်တတ်သော လုပ်ငန်းခွင်ဆိုင်ရာ စိတ်ဖိစီးမှုများ၊ လှုမှုရေး ပဍိပက္ခများကို စိတ်ကျန်းမာရေး ကျွမ်းကျင်ပညာရှင့်နှင့် တိုင်ပင်ဆွေးနွေးကာ လုပ်ငန်းခွင်(သို့) မိမိတို့၏ အသိုင်း အဝိုင်းအတွင်း ပိုမိုအဆင်ပြေလာစေရန် အဖွဲ့လိုက်နှစ်သိမ့်ဆွေးနွေးမှုဝန်ဆောင်မှုများလည်း Jue Jue’s Safe Space မှာ ရယူနိုင်ပြီဖြစ်ပါသည်။
-
စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ပတ်သတ်၍ Jue Jue's Safe Space မှ အပတ်စဉ် Program များအလိုက်အချိန်ဇယားများနှင့် ဆောင်းပါးများနှင့် ရုပ်သံဗီဒီယိုများကို ဝေမျှလျက်ရှိပါသည်။ ရင်ဖွင့်ပြောဆိုနိုင်မည့် Support Group များလည်း စီစဉ်ပေးလျက်ရှိပါသည်။ Jue Jue’s Safe Space နှင့်အတူ အဖွဲ့အစည်းများဖြင့် ပူးပေါင်းပြီး webniar ဆွေးနွေးမှုများ စိတ်ကျန်းမာရေးအသိပညာပေးမှု Live များကို ပြုလုပ်လျက်ရှိပါသည်။ အဖွဲ့အစည်းအတွက် သင်တန်းပေးရန်လိုအပ်သူများလည်း Private Training Sessionများလည်းဆောင်ရွက်ပေးလျက်ရှိပါသည်။
-
ကောင်းမွန်သော စိတ်ကျန်းမာရေးပြောင်းလဲမှု တစ်ခုဖြစ်လာစေရန်အတွက် အရေးပါသော LGBTQ+ Community, Rohingya Community, မတူကွဲပြားသောယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ Generation Gap၊ ယခင်ကရှေးရိုးစွဲအယူအဆများကြောင့်စိတ်ကျန်းမာရေးအကျိုးသက်ရောက်မှုများအပေါ် အမြင်လွဲမှားမှုများ၊ လူအခွင့်အရေးချိုးဖောက်ခံရမှုများကြောင့် ရရှိလာသော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို Jue Jue’s Safe Space မှ ပြုလုပ်သော အစီအစဉ်များဖြင့် လိုအပ်သည့်အခန်းကဏ္ဍများအလိုက် သက်ဆိုင်ရာလူမှု့အဖွဲ့အစည်းများ၊ ကဏ္ဍပေါင်းစုံမှ ခေါင်း ဆောင်များနှင့်အတူ ဆွေးနွေးပွဲများပြုလုပ်ကာ လူမှုပတ်ဝန်းကျင်တွင် ကောင်းမွန်သောပြောင်းလဲမှုများ ရှိလာ စေရန် ကြိုးစားလျက်ရှိသည်။
Current Projects
24/7 Suicide Helpline
လက်ရှိမြန်မာနိုင်ငံ၏ အကြပ်အတည်းကာလအတွင်း သက်ရောက်မှုများထဲမှ အထိအခိုက်အမြင့်ဆုံးနှင့် အပြင်း ထန်ဆုံးအရာဖြစ်သည့် မိမိကိုယ်ကို အဆုံးစီရင်ခြင်းကိစ္စများ၊ မိမိကိုယ်ကိုယ်နာကျင်အောင်ပြုလုပ် သူများအတွက် အလေးအနက်ထားရည်ရွယ်ပြီး Jue Jue's Safe Space မှ ၂၄နာရီ စိတ်ကျန်းမာရေး ဝန်ဆောင်မှု ပေးနိုင်သည့် Suicide Helpline ကိုဖွင့်လှစ်ထားပြီး မိမိကိုယ်ကိုယ်အဆုံးစီရင်ခြင်းများ အဆက် မပြတ် ဖြစ်ပေါ်နေမှုများကို လက်လှမ်းမှီသလောက် ကူညီမှုများပေးနိုင်အောင် Batch (1) မှ Batch (5) အထိ စေတနာ့ဝန်ထမ်းစုစုပေါင်း ၃၇၃ ဦးလုပ်ကိုင်လျက်ရှိကာ 24 နာရီ Helpline ကိုဖွင့်လှစ်ထားရှိပါတယ်။ တစ်နှစ်ကျော် အတွင်း လူပေါင်း (၅၆) ယောက်ကျော်ကို အရေးပေါ် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်နိုင်ခဲ့ပါတယ်။
-
လက်တွေ့ပြန်လည်အသုံးပြုနိုင်သော အမေရိကန်အသိအမှတ်ပြု သင်ရိုးညွှန်းတန်းများဖြင့် သင်ကြားပေးသော အသိအမှတ်ပြုဘွဲ့လက်မှတ်ရ ဆရာ၊ ဆရာမများဖြင့် သင်တန်းများကိုလည်း Jue Jue’s Safe Space မှာ တစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ်၊ ပြုလုပ်လျက်ရှိပါတယ်။
Save Myanmar
သင်၏အလှူ အသက်ကိုကူ
မတ်လ ၂၈ ရက်နေ့တုန်းက စစ်ကိုင်းမြို့ကနေ ၁၂ ကီလိုမီတာ ဝေးတဲ့နေရာကို ဗဟိုပြုပြီး ၊ ပြင်အား ၇.၇ ရှိတဲ့ ငလျင်ကြီး တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။ စစ်ကိုင်း ၊ မန္တလေး ၊ နေပြည်တော် ၊ ပြည် ၊ အမရပူရ ၊ တောင်ကြီး နဲ့ ရန်ကုန် အပါအဝင် နေရာဒေသ တော်တော်များများမှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပြီးတော့ ကျေးရွာ ၊ မြို့နဲ့ လူနေအိမ်တွေ အများအပြား ပျက်စီးဆုံးရှုံးခဲ့ကြရပါတယ်။ လက်ရှိအချိန်အထိ ရရှိထားတဲ့ အချက်အလက်တွေအရ လူပေါင်း ၁,၆၄၄ ဦးသေဆုံး ၊ ၃,၄၀၈ ဦး ဒဏ်ရာရ ၊ ၁၃၉ ဦး ပျောက်ဆုံးနေတာ ဖြစ်ပြီး မိသားစုတွေလည်း အိမ်ခြေယာမဲ့တွေ ဖြစ်ကုန်ကြရပါတယ်။
-
အမေရိကန်နိုင်ငံအသိအမှတ်ပြုလက်မှတ်ရဆရာမဒေါ်ဂျူးဂျူးမင်းသူ၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် စိတ်ကျန်းမာရေးဆောင်ပါးများ Video များကိုလည်း Jue Jue’s Safe Space ၏ Social Media Platform များတွင် အခမဲ့ဖတ်ရှုနိုင်အောင်တင်ပေးလျက်ရှိပါတယ်
-
Suicide Helpline တွင်လုပ်ကိုင်နေသောစေတနာ့ဝန်ထမ်းများအား Continue Education Session များကို မတူညီသောခေါင်းစဉ်များအလိုက် စေတနာ့ဝန်ထမ်းများ၏လိုအပ်ချက်ကိုကြည့်ရှုပြီး လစဉ် Free Education Session များပေးလျက်ရှိပါတယ်။
Past Projects
Psychosocial support for women leader organizations
ယခုထိ အဖွဲ့အစည်းများစွာမှ အမျိုးသမီး (၉၀) ကျော်ကို စိတ်ကျန်းမာရေးဆိုင်ရာ Training ပေးခဲ့ပြီး အမျိုးသမီး (၅၀) ကျော်ကို Group Counseling ပေးခဲ့ပါတယ်။
Mindfulness Bootcamp, Mom Supports Group၊ East-West Center တို့နှCenter တို့နှင့် ပူးပေါင်း၍ စိတ်ကျန်းမာရေး Free Campaign များပြုလုပ်ပြီး လူပေါင်းအယောက် (၁၃၀) ကို စိတ်ကျန်းမာရေးအသိပညာ၊ စိတ်ကျန်းမာရေးပံ့ပိုးမှုများပြုလုပ်ပြီး ဖြစ်သည်။
Webinars
Jue Jue’s Safe Space ၏Facebook Page မှတစ်ဆင့် Founder ဆရာမဒေါ်ဂျူးဂျူးမင်းသူမှ အပတ်စဉ် သောကြာနေ့ နေ့လည်(၁၂)နာရီတိုင်းမှာ စိတ်ကျန်းမာရေးနှင့်အသိပညာပေး ဆွေးနွေးမှုတွေကို မတူညီသောခေါင်းစဉ် များဖြင့် ဆွေးနွေးပေးနေပါတယ်။
Webinars တွေကတော့ အလျှင်းသင့်လျှင်သင့်သလို speakers များ ခေါ်ယူပီးတော့ free webinar အစီအစဥ်များလည်းပြုလုပ်လျှက်ရှိပါတယ်
Community Efforts for Suicide Prevention
Community Mental Activies
Yearly Mental Health Conference
-
ကျွန်မတို့ Jue Jue’s Safe Space ဟာဆိုရင် Social Justice နှင့် စိတ်ကျန်းမာရေးကို အလေးထားသော အဖွဲ့အစည်းတစ်ခုဖြစ်သည့်နှင့်အညီ မတူကွဲပြားသောအရာများအားလုံးကို တစ်နေရာထဲမှာ စုစည်းပြီး စိတ်ကျန်းမာရေးညီလာခံများကို တစ်နှစ်လျှင်တစ်ကြိမ် ကျင်းပလျက် ရှိပါတယ်။ စိတ်ကျန်းမာရေးညီလာခံမှာဆိုရင် မတူညီသောအခန်းကဏ္ဍပေါင်းစုံမှ အသိပညာရှင် အတတ်ပညာရှင်များပါဝင်မှာဖြစ်ပါတယ်။ နှစ်စဉ် ဆန်းစစ်သော Idea မျိုးစုံနှင့် မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး Online စိတ်ကျန်းမာရေးညီလာခံများကို ပြုလုပ်ပေးလျက်ရှိပါတယ်။
Free Training & Free Continue Education
-
အမေရိကန်နိုင်ငံအသိအမှတ်ပြု သင်ရိုးညွှန်းတမ်းများကိုအသုံးပြုကာ Jue Jue’s Safe Space မှ Intensive Suicide Prevention Training ကို သုံးလတစ်ကြိမ်ပေးလျက်ရှိ ပါသည်။ သင်တန်းတက်ရောက်ပြီးမြောက်သူများကိုလည်း Jue Jue’s Safe Space ၏ 24/7 Suicide Helpline တွင် Volunteer အနေဖြင့်ပါဝင်နိုင်မည်ဖြစ်ပါသည်။ Jue Jue’s Safe Space မှ Intensive Suicide Prevention Training ကို ခြောက်ကြိမ်တိတိ ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ စုစုပေါင်း လူဦးရေ ၁၆၅၄ဦးကျော် သင်တန်းပေးနိုင်ခဲ့ပြီး ၈၃၉ဦးကို သင်တန်းဆင်းလက်မှတ်ပေးနိုင်ခဲ့ပါတယ်။ Jue Jue’s Safe Space ၏ Suicide Helpline တွင် Volunteer လုပ်ကိုင်နေသူများအား တစ်လလျှင် တစ်ကြိမ် လစဉ် Contines Education Session များ အခမဲ့ စီစဉ်ပေးလျက်ရှိပြီး အခုဆိုလျှင် (10) ကြိမ်တိတိ မတူညီသောခေါင်းစဉ်များဖြင့် ပညာဒါနများပြုလုပ်လျက်ရှိပါသည်။