Scholarship Opportunity for 4th Annual Mental Health Conference

Deadline : 20th Dec 2024


“Finding Peace" 4th Annual Mental Health Conference ကိုတက်ရောက်ချင်သူများအတွက် အထူးအခွင့်အရေးအနေနဲ့ Scholarship အစီအစဉ်လေးကိုပြုလုပ်ပေးလိုက်ရပါတယ်။ လူကိုယ်တိုင်တက်ရောက်ချင်သူများအနေနဲ့ (၁၀) ယောက်စာနှင့် online မှတဆင့်တက်ရောက်ချင်သူများအတွက် (၁၀) ယောက်စာ၊ စုစုပေါင်းအယောက် (၂၀) အတွက် scholarship တွေပေးသွားမှာဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့ကနေ ၂၀ ရက်နေ့အထိသာဖြစ်လို့ စိတ်ကျန်းမာရေးပညာရပ်များကို သင်ယူလိုသူများ, ပညာရှင်များ, Community Leader များနှင့် တွေ့ဆုံရမည့် အခွင့်အရေးကို လက်မလွှတ်ချင်သူများအနေနဲ့အခုပဲလျှောက်ထားနိုင်ပါပြီနော်။

နှစ်စဉ်နှစ်တိုင်းစီစဉ်ခဲ့သည့်အတိုင်း ဒီနှစ်ညီလာခံမှာဆိုရင်အလုံးစုံသော စိတ်ကျန်းမာရေး၏လိုအပ်သည့် ကဏ္ဍများကိုထည့်သွင်းထားသည့်အပြင် ဆွေးနွေးသွားမည့် Speaker များမှာလည်း လူထုအကျိုးပြုလုပ်ဆောင်နေသော Community Leader များ၊​ Community Based Organization (လူထုအခြေစိုက်အဖွဲ့အစည်းများ) ကို ဖိတ်ခေါ်ပြီး ကျင်းပသွားမည့် International Conference တစ်ခု ဖြစ်ပါတယ်။​

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို တစ်ထောင့်တစ်နေရာမှတာဝန်ယူအဖြေရှာနေတဲ့ ကျွန်မတို့အဖွဲ့အစည်းဟာ ငြိမ်းချမ်းရေးလမ်းစဉ်အတွက် ပြန်လည်ကုစားရေးလုပ်ငန်းစဉ်များကိုယခုထဲကစတင်လျက်ရှိပါတယ်။​ ကျွန်မတို့အဖွဲ့အစည်းရဲ့ Mission Statement ဖြစ်တဲ့ "ရင်တွင်းငြိမ်းချမ်းရေးမှသည် ပြည်တွင်းငြိမ်းချမ်းရေးဆီသို့"ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ဒီနှစ်ရဲ့ ညီလာခံကိုလည်း စိတ်ကျန်းမာရေးအခန်းကဏ္ဍကနေ တစ်ဦးချင်းစီ၏ ရင်တွင်းငြိမ်းချမ်းရေး၊​ လူထုအတွင်း ငြိမ်းချမ်းရေးနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတည်ဆောက်ခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေးဆိုပြီး အဆင့်အလိုက် ကဏ္ဍများခွဲကာ တင်ဆက်သွားမှာဖြစ်ပါတယ်။​

စိတ်ဝင်စားတက်ရောက်ပါဝင်လိုသူများအနေနဲ့ အောက်ဖော်ပြပါ Registration Link မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။

Register here: https://www.zeffy.com/tick.../mental-health-conference--2025