Who are we?

Jue Jue's Safe Space Organization သည် ၂၀၁၉ခုနှစ်တွင် Facebook page တစ်ခုအနေဖြင့် စတင်ခဲ့ကာ ၂၀၂၁ခုနှစ်မှစတင်၍ Non-profit organization အနေဖြင့် အမေရိကန်နိုင်ငံတွင် ရပ်တည်လာခဲ့တာဟာ အခုဆိုရင် (၃)နှစ်တာကာလကို ကျော်လွန်လာခဲ့ပြီ ဖြစ်ပါတယ်။  
Jue Jue's Safe Space ၏တည်ထောင်သူ မဂျူးဂျူးမင်းသူဟာဆိုရင်ဖြင့်  Social Worker တစ်ဉီးဖြစ်သည့်အလျောက် Social Justice ကို အဓိကတန်ဖိုးထားပြီး society တွင် ကြုံတွေ့ခံစားနေရသည့် စိတ်မကျန်းမာမှုများနှင့် ပတ်သက်၍  အခြားသောအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ စိတ်ကျန်းမာရေးဝန်ဆောင်မှုများပေးခြင်းနှင့် အဖွဲ့အစည်းအတွက် သင်တန်းပေးရန်လိုအပ်သူများကို Private Training Sessionများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
Jue Jue's Safe Space organization  ဟာဆိုရင် မြန်မာပြည်ဖွားတိုင်းရင်းသားလူမျိုးများ၏ စိတ်ကျန်းမာ‌ရေးကောင်းမွန်ရေးနှင့် ရင်တွင်းငြိမ်းချမ်းရေးမှ ပြည်တွင်းငြိမ်းချမ်းရေးကို ရှာဖွေတွေ့ရှိနိုင်ရန်   လုံခြုံစိတ်ချရတဲ့ နေရာလေးတစ်ခုအဖြစ် နောက်နှစ်တွေများစွာတိုင်အောင် အမြဲအစဉ်ကြိုးပမ်းလျက်ရှိနေမည်သာဖြစ်ပါတယ်။

Jue Jue’s Safe Space ၏ ခံယူချက်

Jue Jue Safe Space သည် လူသားတိုင်း၏ ဘဝခရီးလမ်းတွင် စစ်မှန်သော ရင်တွင်းငြိမ်းချမ်းရေးကို ကူညီ ရှာဖွေရင်း ငြိမ်းချမ်းရေးခရီးစဉ်တွင် လိုအပ်သည့်အကူအညီများကို ပေးသွားနိုင်ရန်နှင့် စိတ်ကျန်းမာ ရေးသည် လူသားတိုင်း၏ ဘဝအစိတ်အပိုင်းတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သည်ကို လက်ခံ လာပြီး စိတ်ကျန်းမာ‌ရေးကို ပိုမိုဂရုစိုက်လာစေရန်ရည်ရွယ်၍ တစ်ဖက်တစ်လမ်းမှ ကိုယ်စွမ်း၊ ဉာဏ် စွမ်းရှိသလောက် ကြိုးစားသွားပါမည်။
မြန်မာပြည်ဖွားတိုင်းရင်းသားလူမျိုးများ တစ်ဦးတစ်ယောက်ချင်းစီ၏ စိတ်ကျန်းမာရေးတိုးတက် ကောင်းမွန်မှုကို အလေးပေး၍ မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းရေးကိုရှေးရှုဆောင်ရွက်သွားမည်ဟု ခံယူချက်ပြုထားပါသည်။

Jue Jue's Safe Space ရဲ့ တန်ဖိုးထားမှုများ

Founder ဖြစ်သူ မဂျူးဂျူးမင်းသူသည် Social worker တစ်ဦးဖြစ်သည့်အလျောက် Social Justice ကို အဓိက တန်ဖိုးထားပါသည်။ 
နိုင်ငံရေး၊ လူမှုရေး နဲ့ စီးပွားရေးရာကဏ္ဍများတွင် မတရားမှုဖြင့် ပတ်သက်ပြီး ခံစားရသော စိတ်သောကများအကြောင်းကို mental health care အနေနဲ့ အဓိကထား ပညာပေးမျှဝေလျက်ရှိပါသည်။
မတူညီသောနောက်ခံများ၊ အသက်၊ လိင်ကွဲပြားမှုများ၊ လိင်စိတ်ခံယူချက်များ၊ မသန်စွမ်းမှုများ၊ ဘာသာတရား၊ ယဉ်ကျေးမှုများ နှင့် ဘဝအမြင်များ မတူညီကွဲပြားကြသည်ကို သိရှိလက်ခံပြီး တန်ဖိုးထားပါသည်။

Jue Jue’s Safe Space ရဲ့ လုပ်ဆောင်ချက်များ

မြန်မာပြည်ဖွား နိုင်ငံသူ၊နိုင်ငံသားများ၏ စိတ်ကျန်းမာရေးနှင့် စိတ်ခံစားမှုဝေဒနာများကို လျော့ပါးသက်သာစေရန်
တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ စိတ်ကျန်းမာရေးဆွေးနွေးတိုင်ပင်ပေးသသည့် ဝန်ဆောင်မှုများပေးခြင်း
စိတ်ကျန်းမာရေး အသိပညာပေးခြင်းနှင့် သင်တန်းများပို့ချခြင်း
စိတ်ကျန်းမာရေးနှင့် သက်ဆိုင်သည့်ဟောပြောပွဲများကျင်းပပေးခြင်းနှင့် ဆွေးနွေးပွဲများကျင်းပပေးခြင်း
အခြားသောအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ စိတ်ကျန်းမာရေးဝန်ဆောင်မှုများပေးခြင်း
စိတ်ကျန်းမာရေးကြောင့် ထိခိုက်နစ်နာရသည့် လူသားတစ်ဦးချင်းအပြင် မိသားစုဝင်များနှင့် အသိုင်းအဝိုင်းများကို ပံ့ပိုးပေးခြင်း စသည်တို့ကို လုပ်ဆောင်လျက်ရှိပါသည်။

Meet Our Leaders

Jue Jue Min Thu

Founder
Licensed Social Worker, Lecturer

Su Su Hlaing

Secretary
Business Owner

Junette Maxis

Treasury
Certified Public Accountant

May Nyein

Board Member
Author

Dr. Miemie Winn Byrd

Board Member
Professor, Lieutenant Colonel (Ret)

Dr. Nilar Thwin

Board Member
APA Psychiatrist

Khin Lay May

Board Member
Business Owner

Phoo Pwint

Board Member
Gender Equality Advocate