သုညကနေပြန်စကြပါစို့

‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’
 
ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို ဆက်သွားနေရင်းနဲ့ပဲ အနောက်ကို ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်မိရက်သား ဖြစ်နေတယ်။ တချို့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေကြောင့် ဘဝက သုညဆိုတဲ့ ဘဝကို အလိုလို ရောက်သွားတယ်။ ဒီလို အချိန်မှာ ပြန်ရုန်းထဖို့၊ ဘဝကို ပြန်စတင်ဖို့ အားအင်တွေ အပြည့်အဝ လိုသလို အခုပြောပြမယ့် အချက်တွေကိုလည်း သိထားဖို့ လိုပါတယ်။
 
(၁) လက်ခံဖို့လိုတယ်
ဘဝရဲ့ တချို့အဖြစ်အပျက်တွေက အကြောင်းပြချက်မရှိ ဖြစ်ပေါ်လာတဲ့အခါ ဘာကြောင့် ငါကျမှ ဒီလို ဖြစ်ရတာလဲ၊ ငါက တော်တော် ကံဆိုးတာပဲ ၊ ဒီလိုမျိုး ခံစားချက်တွေနဲ့ ကြေကွဲ ဝမ်းနည်းနေမယ့် အစား ဒီ အဖြစ်အပျက်ကို လက်ခံလိုက်ပါ။ တကယ်တော့ ဆုံးရှုံးမှုတခုကို လက်ခံဖို့ဆိုတာ အချိန်အတိုင်းအတာ လိုသလို အဆင့်တွေလည်း အများကြီး ကျော်ဖြတ်ရပါတယ်။ ဒီအချိန်မှာ ငိုချင်လာရင် ငိုလိုက်ပါ၊ ရင်ဖွင့်လိုက်ပါ၊ ပေါက်ကွဲလိုက်ပါ၊ ပြီးရင်တော့ လက်ခံပြီး နောက်ဆက်လုပ်ရမယ့် အနေအထားကို ဆက်သွားဖို့ အရေးကြီးပါတယ်။
 
(၂) အခု လက်ရှိ အခြေအနေကို သုံးသပ်ပါ
ဘဝမှာ အသက်အရွယ်တခုအထိ ရှင်သန်ခဲ့ပြီးနောက်မှာ အရာအားလုံးဆုံးရှုံးခဲ့ရင်တောင် သင့်အတွက် ကျန်နေတဲ့ အရာတွေ ရှိနေပါသေးတယ်။ ဥစ္စာပစ္စည်း ဆုံးရှုံးသွားရင်တောင် သင်ယူထားတဲ့ ပညာတွေ ရှိနေသေးတယ်၊ မိသားစု ဆုံးရှုံးသွားရင်လည်း နားလည်ပေးတတ်တဲ့ မိတ်ဆွေ တွေ အနားမှာ ရှိနေနိုင်တယ်၊ နောက်ဆုံး ခန္ဓာကိုယ် အစိတ်အပိုင်း တချို့ ဆုံးရှုံးသွားရင်တောင် ရှိနေသေးတဲ့ တခြားအစိတ်အပိုင်းတွေက သင်ဘဝ ရှင်သန်ဖို့အတွက် ကူညီနိုင်ပါသေးတယ်။ ဒါ့ကြောင့် ငါ့မှာ ဘာမရှိတော့ဘူးလို့ တွေးမယ့်အစား ငါ့အတွက် ဒါတွေ ရှိနေသေးပါလားဆိုတဲ့ အတွေးနဲ့ ရှေ့ဆက်ရမှာ ဖြစ်ပါတယ်။
 
(၃) ငါအရာရာနောက်ကျ နေပြီလို့ မတွေးပါနဲ့
အသက် ၃၀၊ ၄၀ ဒါမှမဟုတ် အသက် ၅၀ မှာ သင့်ရဲ့ အရာရာကို မမျှော်လင့်ပဲ ဆုံးရှုံးလိုက်ရပြီ ဆိုတဲ့အခါမှာ ငါကြိုးစားခဲ့တာတွေက အလကားပါပဲ၊ အခုမှ ပြန်ကြိုးစားလည်း ငါက အရာရာ နောက်ကျသွားပြီလေ ဆိုတဲ့ အတွေးမျိုးက ကိုယ့်ကို ခြောက်လှန့်နေတတ်ပါတယ်။ ဒီလို အတွေးတွေကို တွန်းလှန်ပြီး မတူတဲ့ ပုံစံတမျိုးနဲ့ ဘဝကို ပြန်လည် ပုံဖော်ကြည့်လိုက်ပါ။ လူတိုင်းက သန်မာတဲ့လူအဖြစ် မွေးဖွားလာတာ မဟုတ်ပဲ ဘဝရဲ့ အဖြစ်အပျက်တွေက သင့်ကို သန်မာစေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အရာရာက သင့်အတွက် နောက်မကျသေးပါဘူး၊ အခုပဲ ပြန်လည် ကြိုးစားပြီး ဘဝကို ရှင်သန်ပြဖို့ လိုပါတယ်။
 
(၄) ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့လည်း မမေ့ပါနဲ့
အရာရာ ဆုံးရှုံးလို့ အစကနေ ပြန်စဖို့ ကြိုးစားတဲ့ ခရီးစဥ်ဟာ သင့်အတွက် ကြမ်းတမ်းနိုင်တယ်၊ ပင်ပန်းဆင်းရဲမှုတွေ ရှိနိုင်တယ်၊ ဒီအချိန်မှာ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖြစ်ဖို့လည်း သိပ်ကို အရေးကြီးပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အပြင် စိတ်ပိုင်းဆိုင်ရာကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ ပင်ပန်းလာရင် အနားယူပါ။ ကိုယ့်အတွက်လည်း အချိန်ပေးပါ။ ဘဝကို အဓိပ္ပါယ်ပြည့်ပြည့်ဝဝနဲ့ ရှင်သန်ဖြစ်ဖို့ကို ပိုဦးစားပေးတာက သင့်ရဲ့ ဘဝအသစ်ကို ပိုလှပစေမှာ ဖြစ်ပါတယ်။
 
(၅) စိတ်ပိုင်းဆိုင်ရာ အကူအညီလိုအပ်ရင် ယူပါ
သင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ ၊ ခံစားမှုတွေက သင့်အတွက် နာကျင်လွန်းတာကြောင့် ဒီအဖြစ်အပျက်တွေကို မေ့ဖို့ ကြိုးစားပေမယ့် ပြန်တွေးမိနေတယ်၊ အိပ်မပျော်တာတွေ ဖြစ်နေတယ်။ စိုးရိမ် ပူပန်မှုတွေက ခြောက်လှန့်နေတယ်။ ဆုံးရှုံးမှုတွေကို ပြန်စဥ်းစားမိပြီး အချိန်တိုင်းလိုလို စိတ်မသက်မသာ ဖြစ်နေရတယ်။ ဒါဆိုရင်တော့ သင့်အတွက် စိတ်ပိုင်းဆိုင်ရာ အကူအညီလိုနေတာ ဖြစ်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အကူအညီ ယူတာက သင်အားနည်းလို့ မဟုတ်ပါဘူး။ ပိုမို သန်မာတဲ့ နေ့ရက်တွေအတွက် ကြံ့ခိုင်မှုကို တည်ဆောက်ရာမှာ အထောက်အကူဖြစ်ဖို့ အကူအညီယူတာ ဖြစ်ပါတယ်။
 
သုညကနေပြန်စကြပါစို့
ဒါ့ကြောင့် စိတ်ပိုင်းဆိုင်ရာအားဖြင့် အကူအညီလိုရင် မတုန့်ဆိုင်းပါနဲ့၊ သင့်အတွက် မေတ္တာလက်ကမ်းပေးပြီး ခံစားနားထောင်ပေးဖို့ ကျွန်မတို့ Jue Jue’s Safe Space က အသင့်ရှိနေပါတယ်။ ဘဝကို သုညဖြစ်သွားရင်တောင် သင့်အနေနဲ့ အရာရာ ဆုံးရှုံးသွားတာ မဟုတ်ပါဘူး။ သင့်ဘဝရဲ့ မျှော်လင့်ချက်လေးကို ကျွန်မတို့နဲ့ အတူတူ ပြန်လည်ရှာဖွေကြပါစို့။
Reference
Amarvani, 2024, ‘How to rebuild your life when you have lost everything’, accessed from https://amarvani.blog/rebuild-your-life/
 
ဒီဇင်ဘာ 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

နိုဝင်ဘာ 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

နိုဝင်ဘာ 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

အောက်တိုဘာ 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

စက်တင်ဘာ 22, 2025

မထိုက်တန်သူ

မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊

my_MMMY