Jue Jue’s Safe Space ကနေသင်ကြားပို့ချပေးထားခဲ့တဲ့ စိတ်ကျန်းမာရေးဆိုင်ရာပညာရပ်များကို အချိန်မရွေး၊ နေရာမရွေး တဝကြီးသင်ယူလို့ရတော့မယ့် online learning platform တစ်ခု ရောက်ရှိလာပါပြီ။
ဒီ platform ကို Lifelong Learning (Triple L“L3”) လို့ခေါ်ပြီး လူကြီးမင်းတို့အနေနဲ့ လေ့လာသင်ယူဖို့အတွက် အားခဲထားတဲ့ အကြောင်းအရာအမျိုးစုံကို တနေရာထဲ မိမိရဲ့ အားလပ်ချိန်တွေမှာ စိတ်တိုင်းကျ လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။
Triple L “L3” မှာလေ့လာလို့ရမယ့် သင်တန်းတွေကတော့ Jue Jue’s Safe Space မှ စိတ်ပညာဘာသာရပ်ကို ကျွမ်းကျင်တဲ့ Qualified စိတ်ပညာဆိုင်ရာ ပညာရှင်များကိုယ်တိုင် ပို့ချပေးခဲ့တဲ့ training နဲ့ workshop များအပြင် အခြားသောသင်တန်းများ၊အကြောင်းအရာများအစုံအလင်ပါရှိမှာ ဖြစ်ပါတယ်။
ဒီလိုတထိုင်တည်းလေ့လာခွင့်ရမယ့် အခွင့်အရေးကို စိတ်ပါဝင်စားတဲ့သူများအနေနဲ့ Jue Jue’s Safe Spaceမှာ ဝယ်ယူရရှိနိုင်မည့် သင်တန်းများကိုဖော်ပြပေးလိုက်ရပါတယ်။
သင်တန်းများ ဝယ်ယူလေ့လာလိုပါက Jue Jue’s Safe Space ရဲ့ Facebook page chat boxကနေတစ်ဆင့် ဆက်သွယ်မေးမြန်း ဝယ်ယူနိုင်ပါပြီ။






JJSS မှ Intensive Suicide Prevention Training နဲ့ Peer Support Specialist Training များကို (၃) လတစ်ကြိမ်ဖြင့် တစ်နှစ်လျှင် (၄) ကြိမ်စီ အခမဲ့သင်တန်းပို့ချပေးလျက်ရှိပါတယ်။ ဒ့ါအပြင် မြန်မာ့လူထုအသိုင်းအဝိုင်းအတွင်း လိုအပ်တဲ့ စိတ်ကျန်းမာရေးသင်တန်းနဲ့လှုပ်ရှားမှုများကို အခမဲ့ လုပ်ဆောင်ပေးလျက်ရှိပါတယ်။
Jue Jue’s Safe Space မှာ အခြားသော စိတ်ကျန်းမာရေးသင်တန်းများကိုလည်း အဆက်မပျက် လုပ်ဆောင်ပေးလျက်ရှိပါတယ်။ သင်တန်းသားများအနေဖြင့် တက်ရောက်သင်ကြားလိုစိတ်ထက်သန်ပြီး တက်ရောက်ရန် ငွေကြေးအခက်ခဲရှိသူများအတွက်လည်း သင်တန်းကြေး အပြည့်ဝ ကင်းလွတ်ခွင့် (သို့မဟုတ်) တစ်စိတ်တစ်ပိုင်း ကင်းလွတ်ခွင့် ရရှိသည့် ပညာသင်ဆု များကိုလည်း သင်တန်းတိုင်းတွင် ပြုလုပ်ပေးထားပါတယ်။ JJSS ရဲ့ သင်တန်းများကို တက်ရောက်သူများထဲမှ အယောက်(၉၀)ကျော်ကို သင်တန်းကြေးကင်းလွတ်ခွင့်(Full Scholarship) များပေးအပ်ခဲ့ပြီး အယောက် (၄၀) ကျော်ကို partial scholarship ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။
သုံးလကြာ အလုပ်သင် အစီအစဉ်သည် မတူညီသည့် နယ်ပယ်များမှ လူငယ်များအား စိတ်ကျန်းမာရေးဆိုင်ရာ ပညာရပ်များကို စနစ်တကျ လေ့ကျင့်သင်ကြားပေးရန် ရည်ရွယ်ပါတယ်။ (၃) လပြီးမြောက်ပြီးနောက် အလုပ်သင်ကာလအတွင်း ထူးချွန်သူများအား ဆက်လက်ပြီး အလုပ်များ ဆက်လက်ခန့်အပ်ပေးနေသည့်အပြင် မည်သည့်လုပ်ငန်းခွင်တွင်မဆို ဝင်ရောက်လုပ်ကိုင်နိုင်အောင် သင်ကြားလေ့ကျင့်ပေးလျက်ရှိပါတယ်။ အလုပ်သင်အစီအစဉ်တွင် စိတ်ကျန်းမာရေးနှင့်ပတ်သက်သော အသိပညာများနှင့် ကျွမ်းကျင်မှုများ သင်ကြားလေ့ကျင့်ပေးသည့်အပြင် ခေါင်းဆောင်တစ်ဦးဖြစ်လာစေရန်၊ လူမှုကျင့်ဝတ်ဆိုင်ရာ ခံယူမှုအရည်အသွေးများ တိုးတက်လာစေရန်နှင့် အဖွဲ့အစည်းတစ်ခုကို စနစ်တကျ စီမံဆောင်ရွက်နိုင်ရန် လေ့ကျင့်ပေးလျက်ရှိပါတယ်။
ကျွန်ုပ်တို့ JJSS၏ Helpline များတွင် ပါဝင်အားဖြည့်ပေးသော စေတနာ့ဝန်ထမ်းများအတွက် ပိုမိုကောင်းမွန်စွာ ကူညီဆောင်ရွက်ပေးနိုင်ရန်၊ စိတ်ကျန်းမာရေးအသိပညာများ ဆက်လက်တိုးပွားစေဖို့ လေ့လာနိုင်ရေးအတွက် မတူညီသော သင်ခန်းစာခေါင်းစဉ်များနဲ့ လစဉ် Supervision များ ပြုလုပ်ပေးလျက်ပါတယ်။
Jue Jue’s Safe Space မှာ အခြားသော စိတ်ကျန်းမာရေးသင်တန်းများကိုလည်း အဆက်မပျက် လုပ်ဆောင်ပေးလျက်ရှိပါတယ်။ သင်တန်းသားများအနေဖြင့် တက်ရောက်သင်ကြားလိုစိတ်ထက်သန်ပြီး တက်ရောက်ရန် ငွေကြေးအခက်ခဲရှိသူများအတွက်လည်း သင်တန်းကြေး အပြည့်ဝ ကင်းလွတ်ခွင့် (သို့မဟုတ်) တစ်စိတ်တစ်ပိုင်း ကင်းလွတ်ခွင့် ရရှိသည့် ပညာသင်ဆု များကိုလည်း သင်တန်းတိုင်းတွင် ပြုလုပ်ပေးထားပါတယ်။
JJSS ရဲ့ သင်တန်းများကို တက်ရောက်သူများထဲမှ အယောက်(၉၀)ကျော်ကို သင်တန်းကြေးကင်းလွတ်ခွင့်(Full Scholarship) များပေးအပ်ခဲ့ပြီး အယောက် (၄၀) ကျော်ကို partial scholarship ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။







