Actions

Community Engagement

Jue Jue’s Safe Space ဟာဆိုရင် စစ်ကြောင့် ဒုက္ခခံစားနေရသော မြန်မာနိုင်ငံ ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသားများအား အခြားသော communities, organizations များနှင့် ပူးပေါင်းကာ Mental Health Support ပေးခြင်း၊ Mental Health Training များပေးခြင်း၊ မြန်မာ၊​ ထိုင်း နယ်စပ်ရှိ ဒုက္ခသည် စခန်းများ၊ Safe House များသို့ သွားရောက်ကာ စိတ်ကျန်းမာရေးဖွံ့ဖြိုးမှုလုပ်ငန်းများလည်း လုပ်ဆောင်လျက် ရှိပြီး ထောက်ပံ့မှုများလည်း လုပ်ဆောင်လျက်ရှိပါတယ်။​

JJSS မှ ထိုင်းနိုင်ငံ မဲဆောက်သို့ ရွေ့ပြောင်းနေထိုင်နေကြသော မြန်မာပြောင်းရွေ့ လူထုများအတွက် စိတ်ကျန်းမာရေးအားကောင်းစေရန်နှင့် နေစဉ်ကြုံတွေ့ရသော အခက်အခဲများကြောင့် စိတ်ဖိစီးမွန်းကြပ်မှုများ သက်သာစေရန်အတွက် သင်တန်းများနဲ့ စိတ်ကျန်းမာရေး လှုပ်ရှားမှုများကို သွားရောက်လုပ်ဆောင် ပေးလျက်ရှိပါတယ်။​

Mental Health Community Programs at Mae Sot

Jue Jue’s Safe Space အဖွဲ့အစည်းသည် မဲဆောက်မြို့နေ မြန်မာ့အသိုင်းအဝိုင်းအတွက် စိတ်ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေကို ကျွမ်းကျင်စွာ ပေးအပ်နေတဲ့ ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ JJSS အနေဖြင့် အပတ်စဉ် စနေနေ့တိုင်းမှာ "Tea Talk" Emotional Support Groups လက်ဖက်စကားဝိုင်းများပြုလုပ်ပေးနေပြီး၊ မဲဆောက်မြို့နေလူထုအတွက် စိတ်ချလုံခြုံစွာ ရင်ဖွင့်ပြောဆိုနိုင်ဖို့၊ အချင်းချင်းချိတ်ဆက်နိုင်ဖို့နဲ့ အပြန်အလှန်ကူညီပံ့ပိုးနိုင်ဖို့ အတွက်လုံခြုံစိတ်ချရတဲ့ စကားဝိုင်းတွေကို အပတ်စဉ် စနေနေ့ မနက်(၁၀)နာရီတိုင်း၊ Wild Flower Community Centre နဲ့ပူးပေါင်းပြီး ပုံမှန်ပေးအပ်လျက်ရှိပါတယ်။

ဒါ့အပြင် Jue Jue’s Safe Space သည် Joy House Organization နဲ့ ပူးပေါင်းပြီး လစဉ် စိတ်ကျန်းမာရေးဆိုင်ရာ သင်တန်းတွေကိုလည်း ပြုလုပ်ပေးလျက်ရှိပါတယ်။ သင်တန်းမှာဆိုရင် လိုင်စင်ရပြီး အရည်အချင်းပြည့်မီတဲ့ စိတ်ကျန်းမာရေး ပညာရှင်တွေကိုယ်တိုင် ရေးဆွဲထားတဲ့ လက်တွေ့ကျတဲ့ သင်ရိုးညွှန်းတမ်းများ (evidence based mental health curriculum) အသုံးပြုထားပါတယ်။ Jue Jue’s Safe Space ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာပြည်ဖွားတိုင်းရင်းသားအားလုံးရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေကို တိုးတက်စေဖို့၊ လက်တွေ့ကျတဲ့ စိတ်ဖိစီးမှုဖြေလျှော့နည်းတွေကို သင်ကြားပေးဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်မယ့် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။

Jue Jue’s Safe Space ဟာဆိုရင် ထိုင်းနိုင်ငံ မဲဆောက်မြို့၊ ရန်ကုန် နှင့် အမေရိကန်နိုင်ငံများ ရှိ မြန်မာ communityများ၌လည်း စိတ်ကျန်းမာရေး အထောက်ပံ့များရရှိနိုင်ရန် စိတ်ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေ၊ မျှဝေ ပေးလျက်ရှိပါတယ်။​ 

my_MMMyanmar