About Us
(who we are)

Jue Jue's Safe Space ဟာ မြန်မာပြည်ဖွားတိုင်းရင်းသားအားလုံးအတွက် စိတ်ကျန်းမာရေး သင်တန်းများ၊ ဝန်ဆောင်မှုများနှင့် လှုပ်ရှားမှုများကို မြန်မာနိုင်ငံတွင်းသာမက ထိုင်းနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု တွင်လည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်။ Master Degree ပြီးမြောက်ထားသော Qualified ဖြစ်သည့် လိုင်စင်ရ mental health counselor များမှ တစ်ဦးချင်းတိုင်ပင်ဆွေးနွေးမှုများ၊ စုံတွဲရေးရာ တိုင်ပင်ဆွေးနွေးမှုများ၊ မိသားစုရေးရာတိုင်ပင်ဆွေးနွေးမှုများ၊ အဖွဲ့လိုက်တိုင်ပင်ဆွေးနွေးမှုများဖြင့် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုများကိုလည်း ပေးဆောင်လျက်ရှိပါတယ်။ လူငယ်များနှင့် အမျိုးသမီးအဖွဲ့အစည်းများအတွက် free and paid Psychosocial Support (MHPSS) သင်တန်းများနှင့် စိတ်ကျန်းမာရေးလှုပ်ရှားမှုများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အကြပ်အတည်းအမျိုးမျိုးကြောင့် စိတ်ထွက်ပေါက်ပိတ်ကာ မိမိကိုယ်ကိုယ်အဆုံးစီရင်ရန် ကြံစည်တွေးတောနေသူများအတွက် မိမိကိုယ်ကိုယ်အဆုံးစီရင်မှုကို ကာကွယ်ပေးသော အခမဲ့ helpline ဝန်ဆောင်မှုနှင့် စိတ်ဖိစီးမွန်းကြပ်နေသူများအတွက် အခမဲ့ တိုင်ပင် ရင်ဖွင့်ဆွေးနွေးနိုင်ဖို့ peer support specialist Helpline များကို (၂၄)နာရီလုံး ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ ကျွန်မတို့ JJSS သည် အမျိုးသမီးဦးဆောင်သောအဖွဲ့အစည်းများ၊ LGBTQ+ နှင့် စစ်ဖြစ်‌ပွားရာနေရာများမှ အဖွဲ့အစည်းများနှင့် အတူတကွ လုပ်‌ဆောင်လျက်ရှိကာ စိတ်ကျန်းမာရေးအခန်းကဏ္ဍကိုဦးဆောင်နေသော အဖွဲ့အစည်း တစ်ခုအနေနဲ့ ရပ်တည်လျက်ရှိပါတယ်။ 

Why we exist

Our Mission

​Jue Jue’s Safe Space ၏ ရည်မှန်းချက်မှာ မြန်မာပြည်ဖွားတိုင်းရင်းသား တစ်ဦးချင်းစီတိုင်း၏ ရင်တွင်းငြိမ်းချမ်းရေး ကိုရှာဖွေဖော်ထုတ်ခြင်းမှ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရန် ဖြစ်ပါတယ်။ ​

Our Vision

Jue Jue’s Safe Space ၏ သဘောထား​ Jue Jue’s Safe Space သည် မြန်မာ့လူမှုအသိုင်းအဝိုင်းကို စိတ်ကျန်းမာရေး ကြံ့ခိုင်စေရန် နှင့် ငြိမ်းချမ်းစွာ ရှင်သန်နေထိုင်နိုင်စေရန်ဖြစ်တယ်။​

Our Values

​​ကျွန်မတို့ JJSS သည် လူမှုတရားမျှတမှုကို တန်ဖိုးထားသော အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားနေရသော လူထုများနှင့် လူမှု အသိုင်းအဝိုင်းများအတွင်း ထုတ်ဖော်ပြောခြင်း မခံရသော လူသားများနှင့် ကမ္ဘာအဝှမ်းရှိမြန်မာ့လူ့ အဖွဲ့အစည်း၏ စိတ်ကျန်းမာရေးကို အလေးပေးတန်ဖိုးထားကာ ကူညီဆောင်ရွက်လျက်ရှိပါတယ်။ ​​





Strategic Goals

  • ကြံ့ခိုင်ပြီး စိတ်ကျန်းမာရေးအားကောင်းသော မြန်မာ့လူထုအသိုက်အဝန်းကို တည်ဆောက်ရန်။​
  • မြန်မာနိုင်ငံ၏ စိတ်ကျန်းမာရေးလှုပ်ရှားမှုတွင် ဦးဆောင်ရန်။​ 
  • အခြေခံကျန်းမာရေးစောင့်ရှောက်မှု ပရိုဂရမ် များနှင့် ပူးပေါင်းဆောင်ရွက်ရန်။​
  • စိတ်ကျန်းမာရေးကို လူသားအားလုံး လက်လှမ်းမီစေရေး နှင့် မှားယွင်းသော အယူအဆများ လျှော့ချနိုင်မည့် မူဝါဒအပြောင်းအလဲများအတွက် လူထုအသိပေးလှုံ့ဆော်ရန်။​
  • ဒေသခံအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်၍ Jue Jue’s Safe Space အား စိတ်ကျန်းမာရေးအထောက်အပံ့ပြုပေးနိုင်မည့် အဖွဲ့အစည်းတစ်ခုအဖြစ် ဆက်လက်ရပ်တည်ရန်။​

Our Teams

Yangon, Myanmar Team

Mae Sot, Thailand Team

Mae Hong Son, Thailand Team

Hawaii, U.S.A Team

Reviews

my_MMMY