အားလုံးပဲ မင်္ဂလာပါရှင့်
Jue Jue’s Safe Space နဲ့ Wildflowers Community Support Centre တို့ ပူးပေါင်းပြီး အပတ်စဉ်ပြုလုပ်နေကြ Tea Talk – လက်ဖက်စကားအစီအစဉ်လေးကို လာမယ့်စနေနေ့ မနက်ခင်းမှာ ထပ်ပြီး ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
 
ရှေးမြန်မာလူမျိုးတွေရဲ့ လက်ဖက်ရည်ကြမ်းစကားဝိုင်းလေးတွေကို Inspired ယူထားတဲ့ ကျွန်မတို့ရဲ့ လက်ဖက်စကားဝိုင်းမှာလည်း မဲဆောက်နေ မြန်မာလူထုတွေ လူကိုယ်တိုင်တက်ရောက်ကြပြီး စိတ်ခံစားချက်တွေကို မျှဝေမယ်၊ အချင်းချင်းအားပေးမယ်၊ အချက်အလက်တွေကို မျှဝေမယ်၊ ပြီးတော့ တစ်ယောက်ကို တစ်ယောက်လက်တွဲကူပြီး နွေးထွေးလုံခြုံတဲ့ ရပ်ဝန်းကိုဖန်တီးနိုင်ဖို့ ရည်ရွယ်ပါတယ်ရှင်။
 
ဒီတစ်ပတ် လက်ဖက်စကားဝိုင်းမှာ အဓိကဆွေးနွေးမယ့်အကြောင်းအရာကတော့ “ကလေးငယ်တွေရဲ့ စိတ်အာဟာရကို ဖြည့်ပေးပါ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ကျွန်မတို့တတွေဟာ တခါတလေမှာ ပြင်ပကလာတဲ့စိတ်ဖိအားတွေကြောင့် ကလေးတွေရဲ့ ခံစားချက်ကိုနားလည်ဖို့၊ ကလေးတွေကို အချိန်ပေးဖို့ မေ့နေတတ်ကြပါတယ်။ ကလေးတွေက လူကြီးတွေလိုပဲ လိုချင်တာ ၊ ဖြစ်ချင်တာတွေ ရှိပါတယ်။ သူတို့ဟာ မှန်ကန်တဲ့ဦးဆောင်မှုနောက်က စိတ်အာဟာရတွေကို ဖြည့်ဆည်းနိုင်မှသာ ကောင်းမွန်တဲ့လူသားတစ်ဦးအဖြစ် ကြီးပြင်းလာမှာဖြစ်ပါတယ်။ ကလေးငယ်တွေကို ဘယ်လိုမှန်ကန်တဲ့ စိတ်ဓာတ်တွေမွေးမြူပေးကြမလဲဆိုတာကို ဆွေးနွေးမျှဝေဖို့ ဒီတစ်ပတ်စကားဝိုင်းလေးကို တက်ရောက်ပြီး နွေးထွေးစွာဆုံတွေ့နိုင်ဖို့ ဖိတ်ခေါ်ပါတယ်။
တက်ရောက်လာသူတွေအနေနဲ့ ဖော်ပြပါ link ကနေ တဆင့် စာရင်းပေးသွင်းလို့ရပြီဖြစ်ပါတယ်။
နေရာကတော့ Wildflowers Early Learning Center မှာဖြစ်ပါတယ်။
အချိန်က မနက် (၉.၃၀) နာရီက (၁၀.၃၀) နာရီ အထိ ဖြစ်ပါတယ်။ တက်ရောက်သူလူဦးရေအကန့်အသတ်ရှိတာကြောင့် စောစောစီးစီးစာရင်းပေးသွင်းနိုင်ပြီး စာရင်းပေးလိုက်ပြီဆိုတာနဲ့ တက်ရောက်ခွင့်ရမှာပဲ ဖြစ်ပါတယ်။
ကျွန်မတို့ အဖွဲ့အစည်းများရဲ့ လုပ်ဆောင်ချက်များနှင့် သတင်းအချက်အလက်များကို ပိုမို သိရှိနိုင်ဖို့ Wildflowers Community Support Centre နဲ့ Wildflowers Early Learning Centre တို့ရဲ့ QR code မှဖြစ်စေ အောက်ပါLink မှ ဖြစ်စေ Follow လုပ်ထားနိုင်ပါတယ်ရှင်။
ဒီဇင်ဘာ 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

နိုဝင်ဘာ 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

နိုဝင်ဘာ 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

အောက်တိုဘာ 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

စက်တင်ဘာ 22, 2025

မထိုက်တန်သူ

မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊

my_MMMY