Toxic Love

Toxic Love
အားလုံးပဲ မင်္ဂလာပါရှင်
ဒီအပတ်ရဲ့ Friday LIVE အစီအစဉ်လေးမှာတော့ “Toxic Love” “အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်က အဆိပ်အတောက်များ” ဆိုတဲ့ ခေါင်းစဉ်ကို ဆရာမ Htun Eaindray Hlaing (JJSS Intern) နဲ့ Jue Jue’s Safe Space မှ Live Host ဖြစ်သူ ဆရာမ ဖူးပြည့်စုံ တို့က ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင်။
 
ကျွန်မတို့ရဲ့ Friday LIVE Programကို Jue Jue’s Safe Space ရဲ့ Youtube Channel မှာ အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်သွားမှာဖြစ်လို့ Subscribe မလုပ်ရသေးရင် အခုပဲ လုပ်ထားလိုက်ဖို့ မမေ့ပါနဲ့ရှင်။
ချစ်ခြင်းနဲ့ ထိန်းချုပ်လိုတဲ့ အဆိပ်အတောက်ကြားက စည်းပါးပါးလေးကို ဘယ်လိုခွဲခြားမလဲ၊ အဆိပ်အတောက်မှန်း သိရက်နဲ့ မရုန်းထွက်နိုင်အောင် ဆွဲထားတတ်တဲ့ “အပြစ်ရှိစိတ်” နဲ့ “မှိုင်းတိုက်ခံရမှုတွေ” ကနေ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြန်လည်ရှာဖွေကြမလဲဆိုတာကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် “ဖြစ်ပျက်သမျှဟာ ငါ့အပြစ်ကြောင့်ပဲ” လို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း လမ်းပျောက်နေသူတိုင်းအတွက် ဆက်ဆံရေးတစ်ခုမှာ စိတ်ဓာတ်ခွန်အားတွေ ပြန်လည်တည်ဆောက်ပြီး နာကျင်မှုတွေရဲ့အလွန်မှာ ကိုယ့်ရဲ့တန်ဖိုးကို ဘယ်လိုပြန်ရှာမလဲဆိုတဲ့ အချက်တွေကိုပါ ဆွေးနွေးသွားမှာဖြစ်ပါတယ်။
Jue Jue’s Safe Spaceရဲ့ Follower တွေအနေနဲ့လည်း ဒီအစီအစဉ်လေးမှာ သိချင်တာ မေးမြန်းချင်တာတွေရှိရင် ပါဝင်ဆွေးနွေးဖို့ မေးခွန်းလေးတွေ ပို့လို့ ရသလို ကိုယ်တိုင်စောင့်ကြည့် ဝင်ရောက်ဆွေးနွေးဖို့လည်း အားလုံးကို ဖိတ်ခေါ်ပါတယ်။
Live မှာ ပါဝင်ဆွေးနွေးပေးသွားမယ့်သူတွေကတော့ ဆရာမ Htun Eaindray Hlaingနဲ့ Jue Jue’s Safe Space က မ ဖူးပြည့်စုံ တို့က ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ရက်စွဲ : ၆.၂.၂၀၂၆ (သောကြာနေ့)
အချိန် : ည( ၈ ) နာရီ (မြန်မာစံတော်ချိန်)
Live ပြုလုပ်မည့်နေရာ – Jue Jue’s Safe Space YouTube Channel
မေးမြန်းချင်တာတွေ၊ သိလိုတာတွေရှိရင် comment မှာရေးပေးလို့ရသလို Chat Box မှာလည်း ကြိုတင်မေးခွန်းများပို့ကာ မေးမြန်းထားနိုင်ပါတယ်။
 
ဒီဇင်ဘာ 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

နိုဝင်ဘာ 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

နိုဝင်ဘာ 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

အောက်တိုဘာ 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

စက်တင်ဘာ 22, 2025

မထိုက်တန်သူ

မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊

my_MMMY