အားလုံးပဲ မင်္ဂလာပါရှင့်။
Jue Jue’s Safe Space ကပြုလုပ်တဲ့ လက်ဖက်စကားအစီအစဉ်လေးကို ဩဂုတ်လ ၉ ရက်နေ့ အွန်လိုင်းမှာပြုလုပ်သွားမှာ ဖြစ်ပါတယ်။
 
ဟိုးရှေးရှေးကတည်းက မြန်မာလူမျိုးတွေဟာ လက်ဖက်ရည်ကြမ်းဝိုင်းမှာ ဝိုင်းဖွဲ့ရင်း သတင်းအချက်အလက်ဝေမျှတာ၊ အချင်းချင်း စိတ်ခွန်အားပေးတာ၊ ရင်းနှီးသူတွေ တွေ့ဆုံစကားပြောကြတာတွေ လုပ်လေ့ရှိပါတယ်။
ကျွန်မတို့ရဲ့ လက်ဖက်စကားဝိုင်းမှာ မိမိတို့ရဲ့စိတ်ခံစားချက်တွေကို မျှဝေမယ်၊ အချင်းချင်းအားပေးမယ်၊ အချက်အလက်တွေကို မျှဝေမယ်၊ ပြီးတော့ တစ်ယောက်ကို တစ်ယောက်လက်တွဲကူပြီး နွေးထွေးလုံခြုံတဲ့ ရပ်ဝန်းကိုဖန်တီးနိုင်ဖို့ ရည်ရွယ်ပါတယ်ရှင်။
 
ဒီလက်ဖက်စကားဝိုင်းမှာ အဓိကဆွေးနွေးမယ့်အကြောင်းအရာကတော့ “အခက်အခဲများကို ကျော်လွှားမယ်” ပဲဖြစ်ပါတယ်။ ကျွန်မတို့တွေဟာ လူရယ်လို့ ဖြစ်လာကတည်းက အခက်အခဲမကြုံတွေ့ဖူးတဲ့လူဆိုတာ မရှိပါဘူး။ လူတိုင်းဟာ ပြဿနာအပေါ်ခံယူချက်တွေ ၊ ဖြေရှင်းကိုင်တွယ်ပုံတွေလည်း တူမှာမဟုတ်ပါဘူး။ တခါတလေမှာ လူတစ်ဦးရဲ့အခက်အခဲဆိုတာ နောက်တစ်ဦးရဲ့ဖြေရှင်းပုံ ရှုထောင့်အမြင်ကြောင့် ပိုပြီး ပြေလည်တာတွေရှိပါတယ်။ဒီတော့ အခက်အခဲတွေကို ဘယ်လိုခံယူလဲ၊ ဘယ်လိုကျော်လွှားကြမယ်ဆိုတာကို မတူညီတဲ့အမြင်တွေ ဝေမျှ ဆွေးနွေးသွားကြရအောင်နော်။
 
ဒီစကားဝိုင်းကို Record ယူထားမှာမဟုတ်သလို တက်ရောက်သူတွေအနေနဲ့ မျက်နှာမဖော်ပြဘဲ လွတ်လပ်စွာ ဝင်ရောက် ဆွေးနွေးလို့ရပါတယ်။ တစ်ဦးရဲ့အမြင်ကို တစ်ဦးက ဝေဖန်ခြင်းမပြုဘဲ လူတိုင်းအတွက် လုံခြုံနွေးထွေးတဲ့ရပ်ဝန်းဖြစ်အောင် တိုက်တွန်းလိုပါတယ်ရှင်။
 
တက်ရောက်လာသူတွေအနေနဲ့ ဖော်ပြပါ link ကနေ တဆင့် စာရင်းပေးသွင်းလို့ရပြီဖြစ်ပါတယ်။
အချိန်က မြန်မာစံတော်ချိန် မနက် (၉.၀၀) နာရီက (၁၀.၀၀) နာရီ အထိ ဖြစ်ပါတယ်။
လူဉီးရေ အကန့်အသတ်ရှိတာမို့လို့ အခုပဲ Registration လုပ်ထားလိုက်တော့နော်။
ဒီဇင်ဘာ 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

နိုဝင်ဘာ 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

နိုဝင်ဘာ 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

အောက်တိုဘာ 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

စက်တင်ဘာ 22, 2025

မထိုက်တန်သူ

မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊

my_MMMY