“ SUICIDE PREVENTION AS SUICUNIVERSAL HEALTH – မိမိကိုယ်ကိုအဆုံးစီရင်ခြင်းကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအဖြစ် သတ်မှတ်ခြင်း ” Monthly Briefing Session
 
ကျွန်မတို့ရဲ့စိတ်တွေဟာ အခုလို အကြပ်အတည်းကာလထဲရောက်နေကြတဲ့ကျွန်မတို့အဖို့ နေ့စဉ် စိတ်ပိုင်းဆိုင်ရာရိုက်ခတ်မှုတွေကြား ရုန်းကန်ရှင်သန်ကြရတဲ့အခါ စိတ်ပင်ပန်းမှုတွေ၊ စိတ်ဓာတ်ကျမှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ စိတ်ဒဏ်ရာတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် လွှတ်မြောက်ဖို့နည်းလမ်းကိုရှာရင်း မှားယွင်းစွာနဲ့ မိမိကိုယ်ကိုယ် အဆုံးစီရင်တဲ့အရာကို အဖြေတစ်ခုလို အသုံးပြုလာကြတာကို တွေ့ရှိရပါတယ်။
 
ဒီလို စိတ်ကျန်းမာရေး အားနည်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းဟာ ဆိုရင်လည်း ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးတစ်ခုအနေနဲ့ ပါဝင်ကြောင်း ကိုသိရှိနားလည်ထားရန် နဲ့ ဘယ်လိုဂရုစိုက် ကာကွယ်လျော့ချကြမလဲ ဆိုတာကို နိုင်ငံတကာကျွမ်းကျင်ပညာရှင်များဖြစ်တဲ့ Licensed Clinical Social Worker, Certified Substance Abuse Counselor ဖြစ်သူ KATHLEEN RHOADS MERRIAM နဲ့အတူ Jue Jue’s Safe Spaceမှ Founder, Lecturer, Licensed Social Worker ဖြစ်တဲ့ ဆရာမ ဂျူးဂျူးမင်းသူတို့က ဦးဆောင်ဆွေးနွေးသွားမှာဖြစ်ပြီး Moderator အနေနဲ့ Jue Jue’s Safe Space အဖွဲ့အစည်းမှ ဆရာ ဟုမ်ကီးနှင့် Sayarma Naw Nay Tha Moo မှ Interpreter ( ဘာသာပြန်) အဖြစ် ပါဝင်မှာဖြစ်ပါတယ်။
 
ဟောပြောပွဲကို လာမည့် စက်တင်ဘာ ( ၁၃ ) ရက်နေ့ ၊ မြန်မာစံတော်ချိန် မနက် (၁၀:၀၀) နာရီ မှ (၁၁:၃၀) နာရီအထိ Zoom Platform မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဘာသာစကားအနေနဲ့ မြန်မာလိုရော ၊ English လိုပါ ပြောကြားသွားမှာဖြစ်တဲ့ အတွက် စိတ်ဝင်စားသူများ တက်ရောက်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။
 
စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို မခံနိုင်တဲ့အဆုံး လွှတ်မြောက်ချင်တဲ့အတွေးတစ်ခုနဲ့ မိမိကိုယ်ကိုယ်အဆုံးစီရင်မှုကို မှားယွင်းစွာဆုံးဖြတ်လိုက်ခြင်းဟာ ပြုလုပ်ခဲ့သူရော ကျန်ရှိတဲ့ ပတ်ဝန်းကျင်ကိုပါ ရေရှည်ထိခိုက်လာနိုင်တာဖြစ်တဲ့အတွက် ဒီ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ကျွန်မတို့ရဲ့ မိသားစုတွင်း၊ ပတ်ဝန်းကျင်မှအစ အသီးသီး သိရှိနားလည်ကာ အတူတူ ဂရုစိုက်ကာကွယ် လျှော့ချဖို့ အလွန်ပင်အရေးကြီးတာဖြစ်တဲ့အတွက် သိရှိလေ့လာထားရန် ဆွေးနွေးပွဲမှာပါဝင်ဖို့ အခုပဲ Register လုပ်လိိုက်တော့နော်။
 
Register လုပ်ပြီးသူများအား တက်ရောက်ရန် Zoom Linkများကို email ကနေတဆင့် ပြန်လည်ပေး ပို့သွားမှာဖြစ်ပါတယ်။
 
ဒီဇင်ဘာ 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

နိုဝင်ဘာ 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

နိုဝင်ဘာ 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

အောက်တိုဘာ 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

စက်တင်ဘာ 22, 2025

မထိုက်တန်သူ

မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊

my_MMMY