Stress Management For Rohingya Community

Stress Management For Rohingya Community
မြန်မာနိုင်ငံရဲ့ အခက်အခဲအကြပ်အတည်း အပြောင်းအလဲအမျိုးမျိုးကြား ပြန်လည်ထူထောင်ရေး အတွက် ရုန်းကန်ရှင်သန်နေကြရတဲ့ ကာလမှာတောင် ကလေးတွေရဲ့ ပညာရေးကို မမေ့မလျော့ ရှေးရှုဆောင်ရွက်ပေးနေတဲ့ ရိုဟင်ဂျာ ဆရာ၊ဆရာမ များရဲ့သင်ကြားရေးကဏ္ဍတွင် ကလေးများရဲ့ စိတ်ကျန်းမာရေးကို ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက်ရည်ရွယ်ပြီး Jue Jue’s Safe Space မှ ဦးစီးကာ ပြီးခဲ့သောဇန်နဝါရီလ (၁၆)ရက်နေ့ မနက် (၉)နာရီမှ (၁၁)နာရီအတွင်း သင်တန်းကို အောင်မြင်စွာ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပါတယ်။
 
Jue Jue’s Safe Space မှ
– စစ်ဘေးဒဏ်များနှင့် မတည်ငြိမ်တဲ့ အခက်အခဲတွေကြား ခံစားရတဲ့ စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းကောင်းများ၊
– ယခုကဲ့သို့သော အခက်အခဲ ကာလတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့အတွက် အရေးကြီးတဲ့ စိတ်ခံနိုင်ရည်အားကောင်းစေရန် တည်ဆောက်နိုင်မည့် နည်းလမ်းကောင်းများအပြင်
– စိတ်ဒဏ်ရာနဲ့ မွန်းကြပ်အားငယ်သူတွေကို စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးနိုင်မည့် အချက်အလက်များကို
သင်တန်းတက်ရောက်လာသော ဆရာ၊ဆရာမများ အတွက်သာမက ကျောင်းသူ၊ကျောင်းသားများအတွက်ပါ လက်တွေ့ပြန်လည်အသုံးပြုနိုင်မည့် လုပ်ဆောင်ချက်များကို သင်တန်းဆရာမများမှ ဆွေးနွေးမျှဝေခဲ့ပါတယ်။
 
သင်တန်းတက်ရောက်သည့် ဆရာ၊ဆရာမများမှလည်း ရွေ့ပြောင်းနေထိုင်ရသည့် အခက်အခဲ‌ကြောင့် စိတ်ဖိစီးခြင်း၊ ကလေးတွေအတွက် ထောက်ပံ့ပေးသည့်အရင်းအမြစ်များမလုံလောက်မှုကြောင့် ပညာရေးရပ်တန့်လိုက်ရတဲ့ အခက်အခဲများကြုံတွေ့ရခြင်း ၄င်းတို့နှင့် ဆက်စပ်ပြီး စိတ်ဓာတ်ကျခြင်း၊ စစ်ဘေးဒဏ်ကြောင့် ကြုံတွေ့ခံစားရတဲ့ စိတ်ဒဏ်ရာများရရှိခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲပြဿနာများကို တင်ပြပြီး ပါဝင်ဆွေးနွေးမှုများပြုလုပ်ခဲ့ပါတယ်။
 
ယခုကျင်းပပြုလုပ်သည့် Trauma Informed School Setting for Rohingya Community သင်တန်းကို လစဉ်ပြုလုပ်သွားရန်ရည်ရွယ်ထားရှိပြီး မတူညီသောခေါင်းစဉ်များဖြင့် စိတ်ကျန်းမာရေး လိုအပ်ချက်များကို ဖြည့်ဆည်းမှုပြုလုပ်သွားမှာဖြစ်ပါတယ်။
 
ဒီဇင်ဘာ 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

နိုဝင်ဘာ 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

နိုဝင်ဘာ 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

အောက်တိုဘာ 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

စက်တင်ဘာ 22, 2025

မထိုက်တန်သူ

မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊

my_MMMY