No Shave November

"No Shave November" Supporting Men's Health - Monthly Briefing Session

မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်ကျန်းမာရေးအသိပညာများ ပိုမိုကြွယ်ဝစေလိုတဲ့ရည်ရွယ်ချက်နဲ့ ကျွန်မတို့ Jue Jue's Safe Spaceက လစဉ် မတူညီတဲ့ခေါင်းစဉ်တွေနဲ့ Webinarတွေ ပြုလုပ်ပေးနေတာဖြစ်ပြီး ဒီတစ်လမှာတော့ “No Shave November" Supporting Men's Health” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ပြုလုပ်သွားမှာဖြစ်ပါတယ်။

ကျွန်မတို့မြန်မာ့လူမှုပတ်၀န်းကျင်မှာ "ယောက်ျားဆိုတာ သန်မာရမယ်၊ မငိုရဘူး" ဆိုတဲ့ခံယူချက်တွေကို လက်ကိုင်ထားတတ်ကြပြီး နောင်လာနောင်သားတွေကို လက်ဆင့်ကမ်းတတ်ကြပါတယ်။ အမျိုးသားများအနေနဲ့လည်း စိတ်ခံစားချက်နဲ့ရှင်သန်ရတာဖြစ်တဲ့အတွက် စိတ်ဖိစီးမှုများပြီး စိတ်ခံနိုင်ရည်အားနည်းတဲ့အချိန်ဆိုတာရှိပါတယ်။ သူတို့ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲအတွေ့အကြုံတွေကနေတစ်ဆင့်ရလာတဲ့ စိတ်ဒဏ်ရာဖြစ်ဖွယ် အဖြစ်အပျက်များကြောင့် စိတ်ဓာတ်ကျ ဝမ်းနည်းပူဆွေးမှုများ ခံစားရနိုင်ပါတယ်။ ဒါကြောင့် အမျိုးသားများအနေနဲ့လည်း ခံစားချက်တွေက်ိုယ်စီရှိတာဖြစ်တဲ့အတွက် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာတွေ့ကြုံခံစားမှုတွေက်ို နားလည်အသိအမှတ်ပြုပေးဖို့လိုအပ်ပါတယ်။

အများသူငှာရှေ့မှာ ခံစားချက်ကို ဖော်ပြလေ့မရှိဘဲ တိုးတိတ်စွာခံစားဖြေရှင်းတတ်ကြတဲ့ အမျိုးသားများရဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာများကို သိရှိနားလည်ပြီး မှန်ကန်ထိရောက်တဲ့ နည်းလမ်းများနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းနိုင်မလဲဆိုတာကို နိုင်ငံတကာကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်တဲ့ Psychotherapist- Andrew Mclay နဲ့အတူ Jue Jue's Safe Space Founder, Lecturer, Licensed Social Worker ဖြစ်တဲ့ ဆရာမ Jue Jue Min Thu တို့က ဦးဆောင် ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဟောပြောပွဲကို လာမယ့် နို၀င်ဘာလ (၈) ရက်နေ့၊ မြန်မာစံတော်ချိန် မနက် (၁၀:၀၀) နာရီ က (၁၁:၃၀) နာရီအထိ Zoom Platform မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဘာသာစကားအနေနဲ့ မြန်မာလိုရော၊ English လိုပါ ပြောကြားသွားမှာဖြစ်တဲ့ အတွက် စိတ်ဝင်စားသူများ တက်ရောက်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။
အမြဲတမ်းဖုံးကွယ်ထားပြီး နားလည်ရခက်တဲ့ အမျိုးသားများရဲ့စိတ်ခံစားကို မိမိကိုယ်တိုင်အတွက်ဖြစ်စေ၊ အနီးအနားရှိအမျိုးသားများကို ဂရုစိုက်ကူညီပေးဖို့အတွက်ဖြစ် စေ ကောင်းမွန်စွာသိရှိနားလည်ပြီး လက်တွေ့ကျကျ ထိရောက်စွာပြန်လည်အသုံးချနိုင်ဖို့အတွက် အတူတကွလေ့လာနိုင်ဖို့ ဆွေးနွေးပွဲမှာပါဝင်ဖို့ အခုပဲ Register လုပ်လိိုက်တော့နော်။

Register လုပ်ပြီးသူများအား တက်ရောက်ရန် Zoom Linkများကို email ကနေတဆင့် ပြန်လည်ပေး ပို့သွားမှာဖြစ်ပါတယ်။
 
ဒီဇင်ဘာ 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

နိုဝင်ဘာ 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

နိုဝင်ဘာ 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

အောက်တိုဘာ 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

စက်တင်ဘာ 22, 2025

မထိုက်တန်သူ

မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊

my_MMMY