mental health myanmar - webinar
တစ်နိုင်ငံလုံးဆိုင်ရာ ကြေကွဲဝမ်းနည်းမှုအထိမ်းအမှတ် နှစ်သိမ့်ခြင်း ဟောပြောပွဲ
National Week of Mourning and Solidarity အဖြစ် ဧပြီ (၁၃ – ၂၀)ရက်နေ့များကို သတ်မှတ်ထားတဲ့အတွက်ကြောင့် Jue Jue’s Safe Space ကနေပြီးတော့ ကြေကွဲဝမ်းနည်းမှုအတွက် အထူးသဖြင့် ငလျင်ဒဏ်ကြောင့်အသက်၊ အိုးအိမ် စည်းစိမ်တွေဆုံးရှုံးသွားကြရတဲ့အခါမှာ မြန်မာလူမှု အသိုင်းအဝိုင်းထဲကြုံတွေ့နေရတဲ့ စိတ်ဒဏ်ရာတွေ နဲ့ ကြေကွဲဝမ်းနည်းမှု ပုံစံအမျိုးမျိုးအကြောင်းကို ကျွန်မတို့ Jue Jue’s Safe Space အဖွဲ့အစည်း ရဲ့ founder ဖြစ်တဲ့ ဆရာမ ဂျူးဂျူးမင်းသူနှင့်အတူ UK နိုင်ငံက Psychotherapist ဖြစ်တဲ့ Andrew Mclay တို့ကနေ ဦးဆောင် ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဟောပြောပွဲကို လာမည့် – ဧပြီလ (၂၀) ရက်နေ့ ၊ မြန်မာစံတော်ချိန် (၁၂:၃၀) မှ (၁:၃၀) အထိ Zoom မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဘာသာစကားအနေဖြင့် မြန်မာလိုရော ၊ English လိုပါ ပြောကြားသွားမှာဖြစ်တဲ့ အတွက် စိတ်ဝင်စားသူများတက်ရောက်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံဟာ ပျက်စီးဆုံးရှုံးမှုတွေကြားကနေ အထပ်ထပ် အကြိမ်ကြိမ် အခါခါ ပြန်လည်ဦးမော့ဖို့ ကြိုးစားနေကြရတဲ့အခါမှာ စိတ်ဓာတ်ခွန်အားတွေမွေးဖွားဖို့ အရေးကြီးတာမို့လို့ မပျက်မကွက် တက်ရောက်ဖို့ အတွက် register လုပ်လို့ရပါပြီ။

Register လုပ်ပြီးသူများအား တက်ရောက်ရန် zoom linkများကို email ကနေတစ်ဆင့်ပြန်လည်ပေးပို့သွားမှာဖြစ်ပါတယ်။

#JueJuesSafeSpace #Nationalweek #Mourningandsolidarity #Webinar
 
my_MMMY