အားလုံးပဲ မင်္ဂလာပါရှင်
ဒီအပတ်ရဲ့ Friday LIVE အစီအစဉ်လေးမှာတော့ “Milestones of Happiness” “‌ပျော်ရွှင်မှုမှတ်တိုင်” ဆိုတဲ့ ခေါင်းစဉ်ကို Shwe Pyi Lan Thit Co., Ltd မှာ CEO & Founder ဖြစ်တဲ့ ဆရာမ ဒေါ်ဗိုလ်ဗိုလ်မြင့် နဲ့ Jue Jue’s Safe Space မှ Live Host ဖြစ်သူ ဆရာမ ဖူးပြည့်စုံ တို့က ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင်။
 
ကျွန်မတို့ရဲ့ Friday LIVE Programကို Jue Jue’s Safe Space ရဲ့ Youtube Channel မှာ အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်သွားမှာဖြစ်လို့ Subscribe မလုပ်ရသေးရင် အခုပဲ လုပ်ထားလိုက်ဖို့ မမေ့ပါနဲ့ရှင်။
ပျော်ရွှင်မှုဆိုတာ လူတစ်ဦးချင်းစီရဲ့ စံနှုန်းပေါ်မူတည်ပြီး ကွဲပြားတတ်တဲ့ ခံစားချက်တစ်ခုပါ။ ကျွန်မတို့တွေဟာ တစ်ခါတလေ သူများသတ်မှတ်ထားတဲ့ ပျော်ရွှင်မှုစံနှုန်းတွေနောက်ကို လိုက်ရင်း ကိုယ်ပိုင်ပျော်ရွှင်မှုကို ပျောက်ဆုံးနေတတ်ကြပါတယ်။ တကယ်တော့ ပျော်ရွှင်မှုမှတ်တိုင်ဆိုတာ အောင်မြင်မှုကြီးကြီးမားမားမှ မဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကိုယ် ပြန်ဂရုစိုက်နိုင်တာ၊ ကျေးဇူးတင်တတ်တဲ့စိတ်ရှိတာ စတဲ့ စိတ်ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အရာလေးတွေကနေ စတင်တာပါ။ ဒီအပတ်သောကြာနေ့မှာတော့ ကိုယ့်ရဲ့ ပျော်ရွှင်မှုမှတ်တိုင်တွေကို ဘယ်လိုအဓိပ္ပာယ်ရှိရှိ တည်ဆောက်မလဲ၊ စိတ်ပင်ပန်းလာတဲ့အခါ ကိုယ့်ရဲ့ပျော်ရွှင်မှူတွေကို ဘယ်လိုပြန်ညှိယူမလဲ စတာတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။
Jue Jue’s Safe Spaceရဲ့ Follower တွေအနေနဲ့လည်း ဒီအစီအစဉ်လေးမှာ သိချင်တာ မေးမြန်းချင်တာတွေရှိရင် ပါဝင်ဆွေးနွေးဖို့ မေးခွန်းလေးတွေ ပို့လို့ ရသလို ကိုယ်တိုင်စောင့်ကြည့် ဝင်ရောက်ဆွေးနွေးဖို့လည်း အားလုံးကို ဖိတ်ခေါ်ပါတယ်။
Live မှာ ပါဝင်ဆွေးနွေးပေးသွားမယ့်သူတွေကတော့ ဆရာမ ဒေါ်ဗိုလ်‌ဗိုလ်မြင့်နဲ့ Jue Jue’s Safe Space က ဆရာမ ဖူးပြည့်စုံ တို့က ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
ရက်စွဲ : ၉.၁.၂၀၂၆ (သောကြာနေ့)
အချိန် : ည( ၈ ) နာရီ (မြန်မာစံတော်ချိန်)
Live ပြုလုပ်မည့်နေရာ – Jue Jue’s Safe Space YouTube Channel
မေးမြန်းချင်တာတွေ ၊ သိလိုတာတွေရှိရင် comment မှာရေးပေးလို့ရသလို Chat Box မှာလည်း ကြိုတင်မေးခွန်းများပို့ကာ မေးမြန်းထားနိုင်ပါတယ်။
 
ဒီဇင်ဘာ 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

နိုဝင်ဘာ 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

နိုဝင်ဘာ 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

အောက်တိုဘာ 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

စက်တင်ဘာ 22, 2025

မထိုက်တန်သူ

မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊

my_MMMY