mental health myanmar - webinar
ဟာဝိုင်အီပြည်နယ် မာဝီကျွန်းမှာ မီးလောင်ပြာကျသွားတဲ့နောက်ပိုင်း ပြန်လည်တည်ဆောက်ရေးတွင် ပြုလုပ်ခဲ့တဲ့ စိတ်ကျန်းမာရေးလုပ်ငန်းများကို ရေတိုရေရှည်စီမံကိန်းများဖြင့် ဆွေးနွေးတင်ပြခြင်း အစီအစဉ်
 
သဘာဝဘေးအန္တရာယ်များရဲ့ ရုတ်တရက်ဖြစ်ပေါ်လာသော အရေးပေါ်အခြေအနေများကို ကြုံတွေရတဲ့လူတွေအတွက်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများရေရှည်အမြစ်တွယ်မသွားအောင်ပြန်လည်ကုစားရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ဖို့ရည်ရွယ်ပြီး နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင် များနှင့်အတူ ဟောပြောပွဲပြုလုပ်သွားမှာဖြစ်ပါတယ်။
 
သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ တောမီးလောင်မှုကြောင့် ဟာဝိုင်အီပြည်နယ်၊ မာဝီကျွန်းမှာ မီးလောင်ပြာကျသွားတဲ့နောက်ပိုင်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်များထဲမှ စိတ်ကျန်းမာရေးလုပ်ငန်းများကို ရေတိုရေရှည် ဘယ်လိုပြန်လည်ကုစားကြလဲ၊ လူမှုအသိုင်းအဝိုင်း (community) အား ပုံမှန်အတိုင်းပြန်ဖြစ်အောင် ဘယ်လိုပြန်တည်ဆောက်ယူခဲ့ကြလဲ စသည့် လုပ်ဆောင်ချက်များကို လက်ရှိမြန်မာပြည်မှာဖြစ်သွားတဲ့ငလျင်ဘေးနဲ့ ယှဉ်တွဲကာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ Jue Jue’s Safe Space ၏Founder ဖြစ်သူ lecturer and licensed Social Worker တစ်ဦးဖြစ်တဲ့ ဆရာမ Jue Jue Min Thu နဲ့အတူ Hawaii မှ Licensed Clinical Social Worker တစ်ဦးဖြစ်သူ Michele Navarro Ishiki တို့မှဦးဆောင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။
 
ဟောပြောပွဲကို လာမည့် – မေလ ( ၁၇ ) ရက်နေ့ ၊ မြန်မာစံတော်ချိန် မနက် (၁၀:၀၀) နာရီ Zoom မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
 
ဘာသာစကားအနေဖြင့် မြန်မာလိုရော ၊ English လိုပါ ပြောကြားသွားမှာဖြစ်တဲ့ အတွက် စိတ်ဝင်စားသူများတက်ရောက်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။
 
သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးသွားတဲ့ အရာတွေကိုပြန်လည်ထူထောင်ရေးလုပ်တဲ့ကာလမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများသည်လည်း ပြန်လည်ထူထောင်ဖို့ အရေးကြီးတဲ့အစိတ် အပိုင်းတစ်ခုဖြစ်တာမို့ ကျွန်မတို့ community မှာ လက်ရှိဖြစ်သွားတဲ့ ငလျင်ဘေးမှစိတ်ကျန်းမာရေး ထိခိုက်မှုများကို ပြန်လည်ကုစားဖို့ မိမိပတ်ဝန်းကျင်ကို မိမိမှတစ်ဆင့် ပြန်လည် ကူညီမှုတွေဆောင်ရွက် နိုင်စေရန် ဆွေးနွေးပွဲမှာပါဝင်ဖို့ အခုပဲ register လုပ်လိိုက်တော့နော်။
 
Register: Click here 

Register လုပ်ပြီးသူများအား တက်ရောက်ရန် zoom linkများကို email ကနေတစ်ဆင့်ပြန်လည်ပေး ပို့သွားမှာဖြစ်ပါတယ်။
ဒီဇင်ဘာ 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

နိုဝင်ဘာ 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

နိုဝင်ဘာ 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

အောက်တိုဘာ 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

စက်တင်ဘာ 22, 2025

မထိုက်တန်သူ

မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊

my_MMMY