Considering Palliative Care

Considering Palliative Care
“Considering Palliative Care – နာကျင်မှုတွေသက်သာစေဖို့” Monthly Briefing Session
 
ကျန်းမာရေးအရ ခန္ဓာကိုယ်က ရောဂါတွေကိုမလွန်ဆန်နိုင်တော့တဲ့အခါ နှုတ်ဆက်ချိန်တန်ပြီဆိုတာကို သိရှိကြပါတယ်။ ဖျားနာမှုမှာ နောက်ဆုံးအခြေအနေကိုရောက်လာပြီ၊ နာလန်ပြန်မထူနိုင်တော့မှာကို လူနာအနေနဲ့ခံစားမိတဲ့အခါ ဒါမှမဟုတ် လူနာရှင်တွေက သိနားလည်တဲ့အခါ အနောက်တိုင်းနိုင်ငံတွေမှာ လူနာကို နာကျင်မှုတွေ သက်သာစေဖို့အတွက် ‌လူနာကိုယ်တိုင်မှဖြစ်စေ၊ လူနာရှင်ရဲ့ ဆုံးဖြတ်ချက်အရဖြစ်စေ ဆရာဝန်များကို ထွက်သက်ဆေးပေးဖို့ တောင်းဆိုပြီး နှုတ်ဆက်ထွက်ခွာကြတာရှိပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာ ဒီလိုဖြစ်စဉ်မျိုးအနည်းငယ်ရှိပေမယ့် ယဉ်ကျေးမှုနဲ့ ထုံးတမ်းအရ လူနာရှင်များခွင့်ပြုလိုက်တဲ့အခါ စိတ်ထဲမှာ ကြီးလေးသောအပြစ်ကိုခံစားရသလို၊ လူ့အသက်ကို ဆေးနဲ့အဆုံးသတ်ခြင်းကို လက်မခံနိုင်တာကြောင့် လူနာကတောင်းဆိုရင်တောင် လူနာရှင်များအနေနဲ့ ခွင့်မပြုနိုင်ဘဲ အချိန်အနည်းငယ်အလိုက် ဆက်လက်ရှင်သန်ဖို့ကိုသာ ကြိုးစာပေးတတ်ကြပါတယ်။

ဒါကြောင့် လူနာများ ခံစားနေရတဲ့ရောဂါရဲ့ နာကျင်မှုမှ သက်သာစေဖို့အတွက် သိသင့်သိထိုက်တဲ့အကြောင်းအရာတွေနဲ့ မြန်မာနိုင်ငံမှာ သတိမထားမိကြတဲ့၊ လူသိနည်းတဲ့ Palliative Care အကြောင်းအရာများကို နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်ဖြစ်တဲ့ Licensed Social Worker, Queen’s Medical Center ဖြစ်သူ Sylvia Lee နဲ့အတူ Jue Jue’s Safe Space မှ Founder, Lecturer, Licensed Social Worker ဖြစ်တဲ့ ဆရာမ ဂျူးဂျူးမင်းသူတို့က ဦးဆောင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဟောပြောပွဲကို လာမယ့် ဇန်နဝါရီလ (၁၇) ရက်နေ့၊ မြန်မာစံတော်ချိန် မနက် (၁၀:၀၀) နာရီ က (၁၁:၃၀) နာရီအထိ Zoom Platform မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဘာသာစကားအနေနဲ့ မြန်မာလိုရော၊ English လိုပါ ပြောကြားသွားမှာဖြစ်တဲ့ အတွက် စိတ်ဝင်စားသူများ တက်ရောက်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။

နောက်ဆုံးထွက်သက်က အရေးကြီးတယ်ဆိုရင် ငြိမ်းချမ်းစွာ ဘယ်လိုနှုတ်ဆက်ကြမလဲ နဲ့အတူ ခန္ဓာကိုယ်က ရောဂါများကို မလွန်ဆန်နိုင်တော့တဲ့အခါ ဘယ်လိုရွေးချယ်ဆုံးဖြတ်သင့်လဲ ဆိုတာကို အတူတကွသိရှိလေ့လာနိုင်ဖို့ ဆွေးနွေးပွဲမှာပါဝင်ဖို့ အခုပဲ Register လုပ်လိိုက်တော့နော်။

Register လုပ်ပြီးသူများအား တက်ရောက်ရန် Zoom Linkများကို email ကနေတဆင့် ပြန်လည်ပေး ပို့သွားမှာဖြစ်ပါတယ်။
 
ဒီဇင်ဘာ 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

နိုဝင်ဘာ 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

နိုဝင်ဘာ 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

အောက်တိုဘာ 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

စက်တင်ဘာ 22, 2025

မထိုက်တန်သူ

မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊

my_MMMY