အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ
“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့
စစ်ဘေးရှောင်ပြည်သူတွေအတွက် ရင်ထဲကအားပေးစကားတွေနဲ့ မေတ္တာစာလေးရေးကြမယ်![]()
![]()
ကျွန်မတို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့စစ်ပွဲတွေကြောင့် နွေးထွေးတဲ့ကိုယ့်အိမ်ကိုယ့်ရွာကိုယ့်ဇာတိမြေကို စွန့်ခွာပြီး ဒုက္ခကြီးစွာနဲ့ ခက်ခက်ခဲခဲစစ်ရှောင်နေတဲ့ မိဘပြည်သူတွေ အများကြီးရှိပါတယ်။ စစ်ပွဲတွေရဲ့ ရိုက်ခတ်မှုကြောင့် နှစ်နဲ့ချီအောင် စစ်ရှောင်နေရတဲ့ ပြည်သူတွေအပြင် နေရာတစ်ခုထဲ တစ်ခေါက်ထဲ ပြေးရှောင်ရတာမဟုတ်ဘဲ တနေရာပြီးတနေရာကို ခက်ခဲပင်ပန်းစွာ တိမ်းရှောင်ကြရတဲ့ မိဘပြည်သူတွေလည်း ရှိပါတယ်။
“အားငယ်သူကို အားပေးစကားပြောပါ” ဆိုတဲ့အတိုင်း ဒီလို ပင်ပန်းဆင်းရဲလှတဲ့ အခက်အခဲတွေကြားက ရုန်းကန်ရှင်သန်နေရတဲ့ စစ်ဘေးရှောင်တွေကို စာနာထောက်ထားစွာနဲ့ စိတ်ခွန်အားပေးစာလေးတွေရေးပြီး မေတ္တာပို့ပေးရင်း အတူတူရှိပေးကြရအောင်နော်။ ဒီကာလဆိုးကြီးကို ကောင်းမွန်စွာကျော်ဖြတ်တောင့်ခံနိုင်ဖို့ စိတ်ခွန်အားတွေရှိနေဖို့ အထူးအရေးတကြီး လိုအပ်တာမို့ “သင့်ရဲ့အားပေးစာလေးတစ်စောင်က အခက်အခဲအကြပ်အတည်းကြား ကြိုးစားရုန်းကန်ရှင်သန်နေသူတွေအတွက် အားဆေးတစ်ခွက် ဖြစ်စေနိုင်ပါတယ်” ဒါကြောင့် ကျွန်မတို့ Jue Jue's Safe Space နဲ့အတူ စစ်ဘေးရှောင်ပြည်သူတွေအတွက် မေတ္တာစာရေးပို့ခြင်းကမ်ပိန်းမှာ အတူတူပါဝင်အားဖြည့်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။
လက်ခံရရှိတဲ့ ခွန်အားပေးမေတ္တာစာတွေကို ကျွန်မတို့ Jue Jue's Safe Space အဖွဲ့မှတစ်ဆင့် စစ်ဘေးရှောင်ပြည်သူများဆီကို ပေးပို့ပေးသွားမှာဖြစ်ပါတယ်။
“ခွန်အားပေးမေတ္တာစာပေးပို့ခြင်းကမ်ပိန်း” အစီအစဉ်ကို ဩဂုတ်လ (၈) ရက်နေ့မှ (၂၂) ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။
စာရေးသားပေးပို့ဖို့အတွက် -
-ဘယ်သူမဆို ရေးသားပေးပို့လို့ရပါတယ်။
-နာမည်နဲ့တကွ ဖော်ပြလို့ရသလို အမည်မဖော်လိုသူတွေအနေနဲ့ Anonymous အဖြစ် ပေးပို့လို့ရပါတယ်။
- စာရွက်ပေါ်မှာ လက်ရေးနဲ့ရေးပြီး ဓာတ်ပုံရိုက်ပို့ပေးလို့ရသလို Document file အဖြစ်နဲ့ ပေးပို့လို့ရပါတယ်။
- စာပေးပို့ရမယ့်လိပ်စာကတော့ [email protected] Jue Jue's Safe Space Page Messenger ကို ဩဂုတ်လ (၈) ရက်ကနေ (၂၂) ရက်အထိ ရေးသားပေးပို့လို့ရပါတယ်ရှင်။
“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့
သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို
မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊