ခွန်အားလည်းရ ဆုလည်းရ 80 Waves of Kindness (8 Days Challenge by Jue Jue’s Safe Space)

မိမိနဲ့ မိမိပတ်ဝန်းကျင်ကို ကြင်နာမှုလေးတွေ မျှဝေရင်း ဆုတွေ ယူကြရအောင်!

ကျွန်မတို့တွေ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ( ၁၅ ) ရက်တာ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ 15 Days of Fitness Challenge ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။ 15 Days of Fitness Challenge မှာ Individual Level တစ်ဦးတစ်ယောက်ချင်းရဲ့ ရုပ်နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖို့အတွက် မြှင့်တင်ခဲ့တာဖြစ်ပြီး အခုတစ်ခါမှာတော့ မိမိနဲ့ပတ်ဝန်းကျင်အတွက် ထိရောက်တဲ့ Community Level လူထုစိတ်ကျန်းမာရေးကို မြှင့်တင်နိုင်ဖို့အတွက် ရည်ရွယ်တဲ့ Challenge လေး ပြုလုပ်ဖို့ စီစဥ်ထားပါတယ်။

မိမိတို့ရဲ့ စိတ်ကျန်းမာပျော်ရွှင်ဖို့အတွက် ကိုယ်နဲ့အတူ နေ့စဉ်ဖြတ်သန်းတဲ့ လူနေမှုပတ်ဝန်းကျင်ကလည်း ကျန်းမာနေဖို့လိုအပ်ပါတယ်။ ကိုယ်နဲ့အတူရှိနေတဲ့ရပ်ဝန်းမှာ အချင်းချင်းချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နက်ပြီး တစ်ဦးအပေါ်တစ်ဦး နားလည်ဂရုစိုက်ပေးမယ်ဆိုရင် ကျွန်မတို့ရဲ့နေ့ရက်တွေက ပိုပိုပြီး အဓိပ္ပာယ်ရှိလာနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ဘဝရဲ့အနှစ်သာရရှိတဲ့နေ့ရက်တွေရရှိဖို့ ကိုယ့်ရဲ့ရပ်ဝန်းလေး နေကောင်းကျန်းမာအောင် ကိုယ်တိုင်ကစပြီး ဒီchallenge လေးမှာ ပါဝင်ရင်း ဖန်တီးကြရအောင်။
80 Waves of Kindness Challenge လေးမှာ မိမိရဲ့ ပတ်ဝန်းကျင်ကို ကြင်နာမှုနဲ့နွေးထွေးစေတဲ့ လုပ်ဆောင်မှုတွေကို နေ့စဉ်အလိုက် လွယ်ကူပေါ့ပါးစွာ ၈ ရက်တိတိ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

မိမိနဲ့ မိမိရဲ့ပတ်ဝန်းကျင် Community မှာ အချင်းချင်း မေတ္တာထားပြီး နွေးထွေးကြင်နာတဲ့ ရပ်ဝန်းတစ်ခုကို အတူတူ တည်ဆောက်ဖို့အတွက် 80 Waves of Kindness Challenge မှာပါဝင်ပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။

Challenge ကြာချိန်ကတော့ June (၁၂) ရက် မှ (၁၉) ရက်နေ့ ထိ (၈) ရက်တာကာလ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

Register ပြုလုပ်ရမယ့်နောက်ဆုံးရက်ကတော့ (၁၁) ရက်နေ့ ညနေ (၃) နာရီနောက်ဆုံးထားပြီး ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
Challenge မှာပါဝင်ဖို့ အောက်ပါလင့်ကတဆင့် Register လုပ်ပေးဖို့ လိုအပ်ပါတယ်။ Register လုပ်ထားသူတွေကို email ကတဆင့် ပြန်ပြီး ဆက်သွယ်ပေးသွားမှာဖြစ်လို့ စာရင်းပေးသွင်းပြီးသူများအနေဖြင့် emailစစ်ပေးရန်လိုအပ်ပါတယ်။ 
Challenge မှာပါဝင်သူများအနေနဲ့ လုပ်ဆောင်ရမယ့်အချက်များကတော့
(၁) Challenge မှာ ရက်အလိုက် လုပ်ဆောင်ရမယ့် ခေါင်းစဉ်တွေက (၈) ရက်စာ ခေါင်းစဉ် (၈) ခုပါဝင်ပါတယ်။
(၂) တစ်နေ့ချင်းစီ ခေါင်းစဉ်အလိုက်ပြုလုပ်ရမယ့် အကြောင်းအရာပေါ်မူတည်ပြီး အချက် ( ၁၀ ) ချက် စီ ရေးသားဖော်ပြပေးရမှာဖြစ်ပါတယ်။
(၃) ပြုလုပ်ပြီးပြီဆိုရင်တော့ လှုပ်ဆောင်မှုမှတ်တမ်းကို Jue Jue’s Safe Space Frame ပါဝင်သည့် tiktok filter နဲ့ ဓာတ်ပုံရိုက်ထားရမှာဖြစ်ပါတယ်။
(၄) ပြီးနောက် JJSS Photo Frame ပါဝင်သည့် လုပ်ဆောင်မှုမှတ်တမ်း ပုံနှင့် စာကို မိမိ Social Media (Facebook) Account တွင် ပြန်လည်မျှဝေပေးရမှာဖြစ်ပါတယ်။ ပြန်လည်မျှဝေရာမှာလည်း #JueJuesSafeSpace #80Wavesofkindness ဆိုတဲ့ Hashtag တွေသုံးပြီး တင်ရမှာ ဖြစ်ပါတယ်။
(၅) Challenge တစ်နေ့တာပြီးမြောက်ကြောင်းကိုတော့ မိမိ Social Media ပေါ်တွင် တင်ထားသည့် Post ကို Screen shot ရိုက်ပြီး Challenge Telegram Group (သို့) JJSS Team ကို တစ်နေ့တာရဲ့ ည ၁၁း၄၉ မတိုင်မီမှာ ပြန်လည်ပေးပို့ရမှာဖြစ်ပါတယ်။
( ၈ ) ရက်လုံး မပျက်မကွက်လုပ်ဆောင်ရမှာဖြစ်ပြီး လုပ်ဆောင်မှုမှတ်တမ်းကို နေ့တိုင်းမမေ့မလျော့ Submit လုပ်ပေးနိုင်မှသာ ဒီ challenge မှာ ပါဝင်တာ အကျုံးဝင်မှာဖြစ်ပါတယ်။
( ၈ ) ရက်လုံး အောင်မြင်စွာပြီးမြောက်သူတွေထဲက တစ်ဦးကို USD 100 မဲနှိုက် ရွေးချယ် ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။
 
Challenge မှာပါဝင်မယ့်လှုပ်ရှားမှုများကတော့
Day 1 – သတိရပြီးစကားမပြောဖြစ်တဲ့သူကိုဖုန်းဆက်ပါ။
Day 2 – ကျေးဇူးတင်ကြောင်းပြောပါ။
Day 3 – အလှူလုပ်ပါ ( ပိုက်ဆံနဲ့လှူရတာမဟုတ်တဲ့အလှူ)
Day 4 -ချီးကျူးအားပေးစကားပြောပေးပါ။
Day 5 – ခွင့်လွှတ်ပေးပါ။
Day 6 – မေတ္တာစာတို (၁၀) စောင်ရေးပြီး အများပြည်သူမြင်နိုင်တဲ့နေရာမှာထားပါ။
Day 7 – လူသစ်တွေကိုနှုတ်ဆက်ပါ။
Day 8 – မိမိကိုယ်ကိုယ် ကျေးဇူးတင်စာရေးပါ။
ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ဖို့အတွက် ကိုယ့်ရဲ့ Community ကို လုံခြုံနွေးထွေးတဲ့ရပ်ဝန်းဖြစ်အောင် မိမိကစပြီး ဖန်တီးလိုက်ပါ။
‌လုံခြုံနွေးထွေးတဲ့ရပ်ဝန်းကိုအတူတူဖန်တီးနိုင်ဖို့ သူငယ်ချင်းတွေကိုလည်း Challenge မှာ တူတူပါတင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
 
 
my_MMMY