၂၀၂၅ ကို ကျေးဇူးတင်ပါ | Friday Live
အားလုံးပဲ မင်္ဂလာပါရှင်
 
ဒီအပတ်ရဲ့ Friday LIVE အစီအစဉ်လေးမှာတော့ “၂၀၂၅ ကို ကျေးဇူးတင်ပါ” ဆိုတဲ့ ခေါင်းစဉ်ကို Social Worker တစ်ဦးဖြစ်တဲ့ ဆရာမ ထား နဲ့ Jue Jue’s Safe Space မှ Dr သည်းသု တို့က ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင်။
ကျွန်မတို့ရဲ့ Friday LIVE Programကို Jue Jue’s Safe Space ရဲ့ Youtube Channel မှာ အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်သွားမှာဖြစ်လို့ Subscribe မလုပ်ရသေးရင် အခုပဲ လုပ်ထားလိုက်ဖို့ မမေ့ပါနဲ့ရှင်။
၂၀၂၅ရဲ့နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလမှာ တစ်နှစ်ပါတ်လုံးဖြတ်သန်းခဲ့တာတွေမှာ အဆင်မပြေမှုတွေ သင်ခန်းစာတွေ၊ အမှတ်တရတွေနဲ့ အခွင့်အလမ်းတွေလည်းရှိနေနိုင်ပါတယ်။ ဒါကြောင့် နှစ်တစ်နှစ်ကို ပြန်လှည့်ကြည့်မယ်ဆို အလေ့အကျင့်ကောင်းတွေ၊ လေ့လာသင်ယူခဲ့တာတွေကို အနာဂါတ်ကို ယူဆောင်သွားနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဒီအပါတ်မှာတော့ နောက်နှစ်တွေမှာ ဘယ်လိုအလေ့အကျင့်ကောင်းတွေ တည်ဆောက်မလဲ၊ ကျေးဇူးတင်တတ်ခြင်း gratitide ဆိုတာဘာလဲ စတာတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
Jue Jue’s Safe Spaceရဲ့ Follower များအနေနဲ့လည်း ဒီအစီအစဉ်လေးမှာ သိချင်တာ မေးမြန်းချင်တာတွေရှိရင် ပါဝင်ဆွေးနွေးဖို့ မေးခွန်းလေးတွေ ပို့လို့ ရသလို ကိုယ်တိုင်စောင့်ကြည့် ဝင်ရောက်ဆွေးနွေးဖို့လည်း အားလုံးကို ဖိတ်ခေါ်ပါတယ်။
 
Live မှာ ပါဝင်ဆွေးနွေးပေးသွားမယ့်သူတွေကတော့ ဆရာမ နဲ့ Jue Jue’s Safe Space က ဒေါက်တာသည်းသု တို့က ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
ရက်စွဲ : ၁၂.၁၂.၂၀၂၅ (သောကြာနေ့)
အချိန် : ည( ၈ ) နာရီ (မြန်မာစံတော်ချိန်)
Live ပြုလုပ်မည့်နေရာ – Jue Jue’s Safe Space YouTube Channel
မေးမြန်းချင်တာတွေ ၊ သိလိုတာတွေရှိရင် comment မှာရေးပေးလို့ရသလို Chat Box မှာလည်း ကြိုတင်မေးခွန်းများပို့ကာ မေးမြန်းထားနိုင်ပါတယ်။
 
 
ဒီဇင်ဘာ 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

နိုဝင်ဘာ 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

နိုဝင်ဘာ 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

အောက်တိုဘာ 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

စက်တင်ဘာ 22, 2025

မထိုက်တန်သူ

မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊

my_MMMY