ခင်ရာဆွေမျိုး

ခင်ရာဆွေမျိုး
အားလုံးပဲ မင်္ဂလာပါရှင့်။
 
Jue Jue’s Safe Space နဲ့ Wildflowers Community Support Centre တို့ ပူးပေါင်းပြီး ပြုလုပ်ပေးနေတဲ့ Tea Talk – လက်ဖက်စကားအစီအစဉ်လေးကို ဇန်နဝါရီလ (၂၄) ရက်နေ့ စနေနေ့ မနက်(၉:၃၀) မှ (၁၀:၃၀) နာရီအထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
 
ဟိုးရှေးရှေးကတည်းက မြန်မာလူမျိုးတွေဟာ လက်ဖက်ရည်ကြမ်းဝိုင်းမှာ ဝိုင်းဖွဲ့ရင်း သတင်းအချက်အလက်ဝေမျှတာ၊ အချင်းချင်း စိတ်ခွန်အားပေးတာ၊ ရင်းနှီးသူတွေ တွေ့ဆုံစကားပြောကြတာတွေ လုပ်လေ့ရှိပါတယ်။
 
ကျွန်မတို့ရဲ့ လက်ဖက်စကားဝိုင်းမှာ မိမိတို့ရဲ့စိတ်ခံစားချက်တွေကို မျှဝေမယ်၊ အချင်းချင်းအားပေးမယ်၊ အချက်အလက်တွေကို မျှဝေမယ်၊ ပြီးတော့ တစ်ယောက်ကို တစ်ယောက်လက်တွဲကူပြီး နွေးထွေးလုံခြုံတဲ့ ရပ်ဝန်းကိုဖန်တီးနိုင်ဖို့ ရည်ရွယ်ပါတယ်ရှင်။
 
ဒီလက်ဖက်စကားဝိုင်းမှာ ဆွေးနွေးမယ့်အကြောင်းအရာကတော့ “ခင်ရာဆွေမျိုး” ပဲဖြစ်ပါတယ်။
ကျွန်မတို့တတွေဟာ နေရာသစ် ပတ်ဝန်းကျင်အသစ်ကိုရောက်ကြတဲ့အခါ တွေ့ဆုံလာတဲ့သူတွေနဲ့ပဲ မိတ်ဆွေအမှီသဟဲပြုတတ်ကြပါတယ်။ သူစိမ်းတွေကနေ မိတ်ဆွေတွေဖြစ်လာတဲ့အခါမှာ တခါတလေ စကားမတူညီခြင်း၊ ယုံကြည်မှုမတည်မြဲသေးခြင်း၊ စိတ်မချမ်းသာသေးခြင်း စတဲ့အဆင်မပြေမှုတွေကို ကြုံရတတ်သလို တစ်ဖက်မှာလည်း အပြန်အလှန်နားလည်မှု၊ အချိန်တိုအတွင်း အားပေးမှု၊ စတဲ့ နွေးထွေးတဲ့ ခံစားချက်တွေ ကြုံတွေ့ရပြီး မိတ်ဆွေအသစ်တွေက အတူတူအားပေးနိုင်တဲ့ ရင်းနှီးရတဲ့ဆွေမျိုးသဖွယ်ဖြစ်လာပါတယ်။ စိတ်လုံခြုံတဲ့နေရာတစ်ခုဖြစ်အောင် အချင်းချင်း ဘယ်လိုအားပေးကြလဲ၊ Support System ကိုဘယ်လိုမျိုး ကောင်းမွန်စွာအသုံးချမလဲစတဲ့ အကြောင်းအရာများအပေါ်အခြေခံပြီး တက်ရောက်လာသူတွေနဲ့အတူတူ ဆွေးနွေးသွားရအောင်နော်။
 
ဒီစကားဝိုင်းကို မှတ်တမ်း ယူထားမှာမဟုတ်သလို တက်ရောက်သူများအနေနဲ့ လွတ်လပ်စွာ ဝင်ရောက် ဆွေးနွေးလို့ရပါတယ်။ တစ်ဦးရဲ့အမြင်ကို တစ်ဦးက ဝေဖန်ခြင်းမပြုဘဲ လူတိုင်းအတွက် လုံခြုံနွေးထွေးတဲ့ရပ်ဝန်းဖြစ်အောင် တိုက်တွန်းလိုပါတယ်ရှင်။
 
တက်ရောက်လာသူတွေအနေနဲ့ ဖော်ပြပါ link ကနေ တဆင့် စာရင်းပေးသွင်းလို့ရပြီဖြစ်ပါတယ်။
 
အချိန်က မြန်မာစံတော်ချိန် မနက် (၉:၃၀) နာရီက (၁၀:၃၀) နာရီ အထိ ဖြစ်ပါတယ်။
လူဉီးရေ အကန့်အသတ်ရှိတာမို့လို့ အခုပဲ Registration လုပ်ထားလိုက်တော့နော်။
 
ဒီဇင်ဘာ 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

နိုဝင်ဘာ 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

နိုဝင်ဘာ 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

အောက်တိုဘာ 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

စက်တင်ဘာ 22, 2025

မထိုက်တန်သူ

မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊

my_MMMY