Jue Jue’s Safe Space ဟာဆိုရင် စစ်ကြောင့် ဒုက္ခခံစားနေရသော မြန်မာနိုင်ငံ ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသားများအား အခြားသော communities, organizations များနှင့် ပူးပေါင်းကာ Mental Health Support ပေးခြင်း၊ Mental Health Training များပေးခြင်း၊ မြန်မာ၊ ထိုင်း နယ်စပ်ရှိ ဒုက္ခသည် စခန်းများ၊ Safe House များသို့ သွားရောက်ကာ စိတ်ကျန်းမာရေးဖွံ့ဖြိုးမှုလုပ်ငန်းများလည်း လုပ်ဆောင်လျက် ရှိပြီး ထောက်ပံ့မှုများလည်း လုပ်ဆောင်လျက်ရှိပါတယ်။
JJSS မှ ထိုင်းနိုင်ငံ မဲဆောက်သို့ ရွေ့ပြောင်းနေထိုင်နေကြသော မြန်မာပြောင်းရွေ့ လူထုများအတွက် စိတ်ကျန်းမာရေးအားကောင်းစေရန်နှင့် နေစဉ်ကြုံတွေ့ရသော အခက်အခဲများကြောင့် စိတ်ဖိစီးမွန်းကြပ်မှုများ သက်သာစေရန်အတွက် သင်တန်းများနဲ့ စိတ်ကျန်းမာရေး လှုပ်ရှားမှုများကို သွားရောက်လုပ်ဆောင် ပေးလျက်ရှိပါတယ်။
Jue Jue’s Safe Space ဟာဆိုရင် ထိုင်းနိုင်ငံ မဲဆောက်မြို့၊ ရန်ကုန် နှင့် အမေရိကန်နိုင်ငံများ ရှိ မြန်မာ communityများ၌လည်း စိတ်ကျန်းမာရေး အထောက်ပံ့များရရှိနိုင်ရန် စိတ်ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေ၊ မျှဝေ ပေးလျက်ရှိပါတယ်။