“Therapy Vs Coaching” Monthly Briefing Session

“ Therapy Vs Coaching” Monthly Briefing Session
ဘာပြဿနာပဲကြုံကြုံ တစ်စုံတစ်ယောက်ဆီက အကြုံပြုချက်ကိုတောင်းပြီး ဖြေရှင်းတာက မှန်ကန်တဲ့ ရွေးချယ်ဆုံးဖြတ်မှုအဖြစ် မြန်မာ့လူ့ပတ်ဝန်းကျင်က ကျင့်သားရနေကြပါတယ်။ ဒါကြောင့် ဆိုင်ရာပြဿနာတွေ ခံစားရလို့ ကိုယ်တိုင်မဖြေရှင်းနိုင်တော့တဲ့အခါမှာ ခံစားရတဲ့အကြောင်းရင်းနဲ့ပတ်သက်တဲ့ပြဿနာတွေကို ဘယ်လိုကျော်လွှားဖြေရှင်းရမလဲ၊ ဘယ်လိုရှေ့ဆက်သင့်လဲ စတာတွေကို စိတ်ကျန်းမာရေးပညာရှင်ထံသွားပြီး အကြံအဉာဏ်ပေးဖို့ အကူအညီတောင်းတတ်ကြတယ်။ တဘက်မှာလည်း ဘဝအကြံပေး ပညာရှင်များရဲ့ ဟောကြားချက်တွေ၊ သုံးသပ်ချက်တွေကိုနားထောင်ရင်း မိမိဘဝတစ်လျှောက်ခံစားရတဲ့ စိတ်ဒဏ်ရာတွေကို Coach များထံသွားပြီး ဖြေရှင်းဖို့ ကြိုးစားတတ်ကြတယ်။ စိတ်ကျန်းမာရေးကုထုံး/ Therapy နဲ့ ပုဂ္ဂိုလ်ရေးဖွံ့ဖြိုးမှု/ Coaching ဟာ မတူပါဘူး။ ကျွန်မတို့အနေနဲ့ ကိုယ့်ရဲ့လိုအပ်ချက်ကို သိနားလည်ပြီး မှန်ကန်စွာ ချဉ်းကပ်တတ်ဖို့ အရေးကြီးပါတယ်။
 
ဒါကြောင့် ကျွန်မတို့ မြန်မာလူထုကြားမှာ ရောထွေး‌နေကြတဲ့ စိတ်ကျန်းမာရေးကိုကုစားတဲ့ကုထုံး/ Therapy နဲ့ ပုဂ္ဂိုလ်ရေးဖွံ့ဖြိုးမှုအတွက် / Coaching ဟာ ဘယ်လိုကွဲပြားခြားနားလဲ၊ ဘယ်လိုပုဂ္ဂိုလ်တွေဟာ Therapy ကို လိုအပ်ပြီး ဘယ်လိုပုဂ္ဂိုလ်တွေဟာ Coaching လိုအပ်လဲဆိုတဲ့အကြောင်းများကို နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်ဖြစ်တဲ့ Founder, Wisdom Education Coaching, Canadian Educator, Leadership Coach, International Speaker ဖြစ်သူ Michel Thibeault နဲ့အတူ Founder, Lecturer, Licensed Social Worker ဖြစ်တဲ့ ဆရာမ ဂျူးဂျူးမင်းသူတို့က ဦးဆောင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
 
ဟောပြောပွဲကို လာမယ့် ဖေဖော်ဝါရီလ (၂၁) ရက်နေ့၊ မြန်မာစံတော်ချိန် မနက် (၁၀:၀၀) နာရီ က (၁၁:၃၀) နာရီအထိ Zoom Platform မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဘာသာစကားအနေနဲ့ မြန်မာလိုရော၊ English လိုပါ ပြောကြားသွားမှာဖြစ်တဲ့ အတွက် စိတ်ဝင်စားသူများ တက်ရောက်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။
 
Therapy နဲ့ Coaching ရဲ့ ကွာဟချက်များကို ကောင်းမွန်စွာသိရှိနားလည်ပြီး ကိုယ့်ရဲ့လိုအပ်ချက်များအတွက် အနာနဲ့ဆေးတည့်အောင် ဘယ်လိုရွေးချယ်ရမလဲဆိုတာကို သိရှိနိုင်ဖို့ အခုပဲ Register လုပ်လိုက်တော့နော်။
 
Register လုပ်ပြီးသူများအား တက်ရောက်ရန် Zoom Linkများကို email ကနေတဆင့် ပြန်လည်ပေး ပို့သွားမှာဖြစ်ပါတယ်။
ဒီဇင်ဘာ 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

နိုဝင်ဘာ 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

နိုဝင်ဘာ 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

အောက်တိုဘာ 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

စက်တင်ဘာ 22, 2025

မထိုက်တန်သူ

မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊

my_MMMY