Music Therapy

Music Therapy
အားလုံးပဲ မင်္ဂလာပါရှင်
ဒီအပတ်ရဲ့ Friday LIVE အစီအစဉ်လေးမှာတော့ “Music Therapy” “ဂီတသံစဉ်များနှင့် စိတ်ကျန်းမာရေးကုစားခြင်း” ဆိုတဲ့ ခေါင်းစဉ်ကို Founder Htel Phoe Music Learning Center, Youth Chairperson at Southern Shan-Kayah Liphu Youth Association က ဆရာမ Maw Hpray Myar နဲ့ Jue Jue’s Safe Space မှ Live Host ဖြစ်သူ ဆရာမ ဖူးပြည့်စုံ တို့က ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင်။
 
ကျွန်မတို့ရဲ့ Friday LIVE Programကို Jue Jue’s Safe Space ရဲ့ Youtube Channel မှာ အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်သွားမှာဖြစ်လို့ Subscribe မလုပ်ရသေးရင် အခုပဲ လုပ်ထားလိုက်ဖို့ မမေ့ပါနဲ့ရှင်။
 ဖော်ပြလို့မရတဲ့ စိတ်ဒဏ်ရာတွေ၊ ခံစားချက်တွေကို ဂီတနှင့် အတူ ကုစားနိုင်ဖို့၊ တူရိယာတစ်ခုခုကို ကိုယ်တိုင်တီးခတ်တာ ဒါမှမဟုတ် သီချင်းဆိုတာက နားထောင်ရုံသက်သက်ထက် စိတ်ကျန်းမာရေးကို ဘယ်လိုပိုပြီး ထူးထူးခြားခြား အထောက်အကူပြုသလဲ၊ ဂီတဟာ လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးအပေါ် ဘယ်လောက်အထိ လွှမ်းမိုးမှုရှိနိုင်မလဲ၊ စိတ်ဖိစီးနေတဲ့ အချိန်မှာ ဂီတကို အသုံးပြုပြီး စိတ်ခံစားချက်ကို ဘယ်လိုထိန်းညှိမလဲဆိုတဲ့ နည်းလမ်း တွေအပြင် အခုလို ခက်ခဲတဲ့ကာလမှာ စိတ်ဓာတ်ကျ မလန်းဆန်းနေသူတွေအတွက် ဂီတသံစဉ်တွေကတစ်ဆင့် ခွန်အားသစ်တွေ ဘယ်လိုပြန်လည်ရယူမလဲ ဆိုတာတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

Jue Jue’s Safe Spaceရဲ့ Follower တွေအနေနဲ့လည်း ဒီအစီအစဉ်လေးမှာ သိချင်တာ မေးမြန်းချင်တာတွေရှိရင် ပါဝင်ဆွေးနွေးဖို့ မေးခွန်းလေးတွေ ပို့လို့ ရသလို ကိုယ်တိုင်စောင့်ကြည့် ဝင်ရောက်ဆွေးနွေးဖို့လည်း အားလုံးကို ဖိတ်ခေါ်ပါတယ်။
Live မှာ ပါဝင်ဆွေးနွေးပေးသွားမယ့်သူတွေကတော့ ဆရာမ Maw Hpray Myar နဲ့ Jue Jue’s Safe Space က ဆရာမ ဖူးပြည့်စုံ တို့က ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ရက်စွဲ : ၁၃.၂.၂၀၂၆ (သောကြာနေ့)
အချိန် : ည( ၈ ) နာရီ (မြန်မာစံတော်ချိန်)
Live ပြုလုပ်မည့်နေရာ – Jue Jue’s Safe Space YouTube Channel

မေးမြန်းချင်တာတွေ၊ သိလိုတာတွေရှိရင် comment မှာရေးပေးလို့ရသလို Chat Box မှာလည်း ကြိုတင်မေးခွန်းများပို့ကာ မေးမြန်းထားနိုင်ပါတယ်။
 
ဒီဇင်ဘာ 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

နိုဝင်ဘာ 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

နိုဝင်ဘာ 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

အောက်တိုဘာ 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

စက်တင်ဘာ 22, 2025

မထိုက်တန်သူ

မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊

my_MMMY