Decision Fatigue
အားလုံးပဲ မင်္ဂလာပါရှင်
ဒီအပတ်ရဲ့ Friday LIVE အစီအစဉ်လေးမှာတော့ “Decision Fatigue” “ဆုံးဖြတ်ချက်များကြောင့် ပင်ပန်းနွမ်းနယ်ခြင်း” ဆိုတဲ့ ခေါင်းစဉ်ကို ဆရာမ May Sabe Phyu (Director, Gender Equality Network)နဲ့ Jue Jue’s Safe Space မှ Live Host ဖြစ်သူ ဆရာမ ဖူးပြည့်စုံ တို့က ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင်။
 
ကျွန်မတို့ရဲ့ Friday LIVE Programကို Jue Jue’s Safe Space ရဲ့ Youtube Channel မှာ အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်သွားမှာဖြစ်လို့ Subscribe မလုပ်ရသေးရင် အခုပဲ လုပ်ထားလိုက်ဖို့ မမေ့ပါနဲ့ရှင်။
မနက်စာဘာစားမလဲဆိုတဲ့ ရွေးချယ်မှုအသေးလေးတွေကအစ အလုပ်ခွင်က ဆုံးဖြတ်ချက်ကြီးတွေအထိ တစ်နေ့တာလုံး ဆက်တိုက်ချမှတ်နေရတာဟာ ကျွန်မတို့ရဲ့ စိတ်ခွန်အား (Willpower) ကို ဘယ်လိုကုန်ခမ်းစေသလဲ၊ ဒါဟာ ရိုးရိုးပင်ပန်းတာနဲ့ ဘာတွေကွာခြားပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ စိတ်ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာတွေအပြင် ဆုံးဖြတ်ချက်ချနိုင်စွမ်းကျဆင်းနေချိန်မှာ အမှားနည်းအောင် ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတဲ့ လက်တွေ့ကျတဲ့နည်းလမ်းတွေနဲ့ အခက်အခဲတွေကို ဘယ်လိုဖြတ်ကျော်ရမလဲဆိုတဲ့ အကြံပြုချက်တွေကိုပါ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

Jue Jue’s Safe Spaceရဲ့ Follower တွေအနေနဲ့လည်း ဒီအစီအစဉ်လေးမှာ သိချင်တာ မေးမြန်းချင်တာတွေရှိရင် ပါဝင်ဆွေးနွေးဖို့ မေးခွန်းလေးတွေ ပို့လို့ ရသလို ကိုယ်တိုင်စောင့်ကြည့် ဝင်ရောက်ဆွေးနွေးဖို့လည်း အားလုံးကို ဖိတ်ခေါ်ပါတယ်။

Live မှာ ပါဝင်ဆွေးနွေးပေးသွားမယ့်သူတွေကတော့ ဆရာမ May Sabe Phyu နဲ့ Jue Jue’s Safe Space က ဆရာမ ဖူးပြည့်စုံ တို့က ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

ရက်စွဲ : ၂၃.၁.၂၀၂၆ (သောကြာနေ့)
အချိန် : ည( ၈ ) နာရီ (မြန်မာစံတော်ချိန်)
Live ပြုလုပ်မည့်နေရာ – Jue Jue’s Safe Space YouTube Channel
မေးမြန်းချင်တာတွေ၊ သိလိုတာတွေရှိရင် comment မှာရေးပေးလို့ရသလို Chat Box မှာလည်း ကြိုတင်မေးခွန်းများပို့ကာ မေးမြန်းထားနိုင်ပါတယ်။
 
ဒီဇင်ဘာ 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

နိုဝင်ဘာ 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

နိုဝင်ဘာ 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

အောက်တိုဘာ 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

စက်တင်ဘာ 22, 2025

မထိုက်တန်သူ

မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊

my_MMMY