Yoga as a second nature
အားလုံးပဲ မင်္ဂလာပါရှင်
ဒီအပတ်ရဲ့ Friday LIVE အစီအစဉ်လေးမှာတော့ “Yoga as a second nature” “‌ယောဂလေ့ကျင့်ခန်းတစ်ခုအဖြစ်မှ နေ့စဉ်ဘဝနေထိုင်ခြင်းဆီသို့” ဆိုတဲ့ ခေါင်းစဉ်ကို MBBS, Diploma in O&G, 200hrs Certified IYTT ရရှိထားပြီး Patient Care Coordinator & Yoga Instructor ဆရာမတစ်ဦးဖြစ်တဲ့ Dr. Khin Chawsu Yin နဲ့ Jue Jue’s Safe Space မှ Live Host ဖြစ်သူ ဆရာမ ဖူးပြည့်စုံ တို့က ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင်။
 
ကျွန်မတို့ရဲ့ Friday LIVE Programကို Jue Jue’s Safe Space ရဲ့ Youtube Channel မှာ အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်သွားမှာဖြစ်လို့ Subscribe မလုပ်ရသေးရင် အခုပဲ လုပ်ထားလိုက်ဖို့ မမေ့ပါနဲ့ရှင်။
ယောဂဆိုတာ ဖျာပေါ်မှာ ကိုယ်လက်လှုပ်ရှားရုံသက်သက်ပဲလား။ ဒါမှမဟုတ် များပြားလှတဲ့ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝထဲမှာ အသက်ရှူနှုန်းနဲ့အတူ တစ်ထပ်ထဲ ဖြစ်‌နေတဲ့ နေထိုင်မှုပုံစံတစ်ခုလား။ ဒီအပတ် သောကြာနေ့မှာတော့ ယောဂကို ဖျာပေါ်မှာကျင့်ရုံသက်သက်မဟုတ်ဘဲ မိမိရဲ့ နေထိုင်မှုပုံစံနဲ့ Identity တစ်ခုဖြစ်လာအောင် ဘယ်လိုပျိုးထောင်ရမလဲ၊ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေကို”ယောဂကျင့်ခြင်း” ဆိုတဲ့ နည်းလမ်းနဲ့ ဘယ်လိုရင်ဆိုင်မလဲဆိုတာတွေအပြင် စိတ်ဓာတ်ကျနေချိန်မှာ ယောဂကနေတစ်ဆင့် ခွန်အားတွေ ပြန်လည်ဖြည့်တင်းနိုင်မယ့် နည်းလမ်းကောင်းတွေကိုပါ ဆွေးနွေးသွားမှာဖြစ်ပါတယ်။
 
Jue Jue’s Safe Spaceရဲ့ Follower တွေအနေနဲ့လည်း ဒီအစီအစဉ်လေးမှာ သိချင်တာ မေးမြန်းချင်တာတွေရှိရင် ပါဝင်ဆွေးနွေးဖို့ မေးခွန်းလေးတွေ ပို့လို့ ရသလို ကိုယ်တိုင်စောင့်ကြည့် ဝင်ရောက်ဆွေးနွေးဖို့လည်း အားလုံးကို ဖိတ်ခေါ်ပါတယ်။
 
Live မှာ ပါဝင်ဆွေးနွေးပေးသွားမယ့်သူတွေကတော့ Dr. Khin Chawsu Yin နဲ့ Jue Jue’s Safe Space က ဆရာမ ဖူးပြည့်စုံ တို့က ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
 
ရက်စွဲ : ၁၆.၁.၂၀၂၆ (သောကြာနေ့)
အချိန် : ည( ၈ ) နာရီ (မြန်မာစံတော်ချိန်)
Live ပြုလုပ်မည့်နေရာ – Jue Jue’s Safe Space YouTube Channel
 
မေးမြန်းချင်တာတွေ၊ သိလိုတာတွေရှိရင် comment မှာရေးပေးလို့ရသလို Chat Box မှာလည်း ကြိုတင်မေးခွန်းများပို့ကာ မေးမြန်းထားနိုင်ပါတယ်။
 
ဒီဇင်ဘာ 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

နိုဝင်ဘာ 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

နိုဝင်ဘာ 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

အောက်တိုဘာ 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

စက်တင်ဘာ 22, 2025

မထိုက်တန်သူ

မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊

my_MMMY