5TH ANNUAL MENTAL HEALTH CONFERENCE ACCESS TO MENTAL HEALTH CARE

Jue Jue’s Safe Space (JJSS) နဲ့ Foundation for Education Development (FED) တို့ပူးပေါင်းပြီး ကျင်းပပြုလုပ်တဲ့ (၅)ကြိမ်မြောက် စိတ်ကျန်းမာရေးညီလာခံကြီး နီးကပ်လာတာနဲ့အမျှ တက်ရောက်ဖို့ အတွက် အားလုံးပဲရင်ခုန်နေကြပြီလား?
 
ညီလာခံမှာပါဝင်ဆွေးနွေးသွားမယ့် ပညာရှင်တွေကို တစ်ဦးချင်း မိတ်ဆက်ပြီး ဘယ်လို စိတ်ဝင်စားစရာ အကြောင်းအရာတွေကို ဆွေးနွေးသွားကြမလဲဆိုတာကို အတူတူကြည့်ကြရအောင်။
 
စိတ်ကျန်းမာရေးညီလာခံမှာဆိုရင် အပိုင်းအားဖြင့် သုံးပိုင်းပါဝင်သွားမှာဖြစ်ပြီး (၁) လူတစ်ဦးချင်းအဆင့် စိတ်ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ရေး (Individual Access)၊ အဆင့် (၂) လူမှုအသိုင်းအဝိုင်းအဆင့် စိတ်ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ခြင်း (Community Access)၊ အဆင့် (၃) နိုင်ငံတော်အဆင့် စိတ်ကျန်းမာရေး လက်လှမ်းမီမှု (National Access) ဆိုပြီး အဆင့်အလိုက် (၃) ပိုင်းခွဲသွားကာ Speaker များနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒီနှစ် စိတ်ကျန်းမာရေး ညီလာခံကို “Access to Mental Health Care” (လွယ်ကူမြန်ဆန် စိတ်ကုစားရန်) ခေါင်းစဉ်ကို အမှီပြုပြီး နယ်ပယ်အစုံမှ စိတ်ကျန်းမာရေးပညာရှင်တွေသာမက၊ အခြားသော ကျွမ်းကျင်ပညာရှင်များကိုပါ စုစည်းထားပါတယ်။
 
ကျွန်မတို့ (၅)ကြိမ်မြောက် စိတ်ကျန်းမာရေး ညီလာခံမှာ လာရောက်ဆွေးနွေးသွားမယ့် ဆရာ၊ဆရာမတွေရဲ့ ကိုယ်ရေးအကျဉ်းနှင့်တကွ ဆွေးနွေးသွားမယ့်အကြောင်းအရာတွေကိုလည်း မျှဝေပေးလိုက်ရပါတယ်။
ဒီနှစ်စိတ်ကျန်းမာရေးညီလာခံကိုတက်ရောက်မယ့်သူတွေအနေနဲ့ လူတစ်ဦးချင်းအဆင့်မှ နိုင်ငံတော်အဆင့်အထိ စိတ်ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုလက်လှမ်းမီလာစေရန်၊ တည်တံ့စေရန်နှင့် စနစ်တကျဖော်ဆောင်နိုင်မယ့် နည်းလမ်းကောင်းများကို သိရှိနားလည်သွားမယ့်အပြင် ပဋိပက္ခဖြစ်ပွားနေသော ဒေသများ၊ ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသည့် ပြည်သူများနဲ့ အရင်းအမြစ် ကန့်သတ်ထားခံရသည့် အခြေအနေများမှာ စိတ်ကျန်းမာရေးရေရှည်တည်တံ့ဖို့အတွက် နည်းစနစ်ကောင်းများ ဖြစ်ပေါ်စေရန်အတွက်လည်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် လူကြီးမင်းတို့အနေနဲ့ ဒီနှစ်စိတ်ကျန်းမာရေးညီလာခံကို တက်ရောက်ဖို့ စာရင်းမသွင်းရသေးဘူးဆိုရင်တော့ အခုပဲ လာရောက်စာရင်းသွင်းဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
 
Registration အတွက် JJSS’s Birthday Scholarship ကိုလျှောက်ထားလိုပါက မနက်ဖြန် (၁၀) ရက်နေ့နောက်ဆုံးထားပြီး လျှောက်ထားလို့ရပါတယ်။ အသေးစိတ်ကို အောက်ပါ Link မှာ ဖတ်ရှုနိုင်ပါတယ်။
ညီလာခံကနေ ရလာမယ့် Funding တွေ ကို Jue Jue’s Safe Space ကနေ နှစ်စဉ်ပြုလုပ်နေကျအတိုင်း စိတ်ကျန်းမာရေးအတွက် အမှန်တကယ် လိုအပ်နေသူများကို ကူညီပေးတဲ့ နေရာတွေမှာ ပြန်လည်အသုံးပြုသွားမှာဖြစ်ပါတယ်။
 
စိတ်ဝင်စားတက်ရောက်ပါဝင်လိုသူများအနေနဲ့လည်း အောက်ဖော်ပြပါ Registration Link မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။
 
Conference Details:
Dates: April 2nd and 3rd, 2026
Time: 8:30 AM to 4:30 PM (Thailand Time)
Venue: Holiday Garden Hotel, Chiang Mai, Thailand (In-person) & Zoom Platform (Online)
Registration Fees (Includes Lunch and Refreshments)
In-person Attendance : 200,000 Kyats, 1600 Baht, USD 50
Online Attendance: 160,000 Kyats, 1250 Baht, USD 40
Student Discount: 120,000 Kyats, 930 Baht, USD 30
JJSS Volunteer Discount: 100,000 Kyats, 800 Baht, USD 25
 
အသေးစိတ်သိရှိလိုပါက Jue Jue’s Safe Space Website (https://www.juejuessafespace.org) မှာ ဝင်ရောက်လေ့လာနိုင်သလို [email protected] ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
 
 
my_MMMY