Jue Jue's Safe Space ကနေ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ Annual Mental Health Conference ဟာဆိုရင် နောက်တစ်ကြိမ်ပြန်လည်ကျင်းပဖို့ အချိန်ရောက်ရှိလို့လာပါပြီ။ ပိုမိုကောင်းမွန်သော စိတ်ကျန်းမာရေး အသိပညာပေးခေါင်းစဉ်များ၊ Activities များနှင့်အတူ နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုနှစ်မှာလည်း ပိုမိုကောင်းမွန်ပြည့်စုံသော စိတ်ကျန်းမာရေးညီလာခံကြီးကို Foundation for Education Development (FED) နှင့် ပူပေါင်းပြီး ပြုလုပ်သွားမှာဖြစ်ပါတယ်။
နှစ်စဉ်နှစ်တိုင်းစီစဉ်ခဲ့သည့်အတိုင်း ဒီနှစ်ညီလာခံမှာဆိုရင် အလုံးစုံသော စိတ်ကျန်းမာရေး၏လိုအပ်သည့် ကဏ္ဍများကိုထည့်သွင်းထားသည့်အပြင် ဆွေးနွေးသွားမည့် Speaker များမှာလည်း လူထုအကျိုးပြုလုပ်ဆောင်နေသော Community Leader များ၊ Community Based Organizations (လူထုအခြေစိုက်အဖွဲ့အစည်းများ) ကို ဖိတ်ခေါ်ကျင်းပသွားမယ့် International Conference တစ်ခု ဖြစ်ပါတယ်။
ယခုနှစ် ၂၀၂၆ ခုနှစ်၏ Theme ဖြစ်တဲ့ “Access to Mental Health Care” (လွယ်ကူမြန်ဆန် စိတ်ကုစားရန်)ကို အခြေခံ၍ လူတစ်ဦးချင်းအဆင့်မှ နိုင်ငံတော်အဆင့်အထိ စိတ်ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုလက်လှမ်းမီလာစေရန်၊ တည်တံ့စေရန်နှင့် စနစ်တကျဖော်ဆောင်နိုင်ရန် ရည်ရွယ်ပြီး (၂) ရက်တာ ကျင်းပသွားမှာဖြစ်ပါတယ်။ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသော ဒေသများ၊ ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသည့် ပြည်သူများနှင့် အရင်းအမြစ် ကန့်သတ်ထားခံရသည့် အခြေအနေများကို အလေးထား ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ဤအပိုင်းတွင် လူတစ်ဦးချင်းအနေဖြင့် စိတ်ကျန်းမာရေး ဝန်ဆောင်မှုများကို ရယူရာတွင် ကြုံတွေ့ရသော အခက်အခဲများနှင့် လက်လှမ်းမီစေရန် အထောက်အကူဖြစ်စေသည့် အချက်များကို အဓိကထား ဆွေးနွေးသွားမှာဖြစ်ပါတယ်။
(Community Access) လူမှုအသိုင်းအဝိုင်းအတွင်း စိတ်ကျန်းမာရေး ပံ့ပိုးမှုများကို မည်သို့ ဖန်တီးနိုင်မည်၊ ဆောင်ရွက်နိုင်မည်နှင့် ရေရှည်တည်တံ့စေရန် မည်သို့ စီမံနိုင်မည်ကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။
မူဝါဒရေးရာ၊ စနစ်တည်ဆောက်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အချက်များက စိတ်ကျန်းမာရေး လက်လှမ်းမီမှုအပေါ် မည်သို့ သက်ရောက်နေသည်ကို အလေးထား ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ညီလာခံမှရရှိလာသော Funding များကို Jue Jue's Safe Space ကနေ နှစ်စဉ်ပြုလုပ်နေကြအတိုင်း စိတ်ကျန်းမာရေးအတွက် အမှန်တကယ် လိုအပ်နေသူများကို ကူညီပေးသည့်နေရာတွင် ပြန်လည်အသုံးပြုသွားမှာဖြစ်ပါတယ်။
For more details, please visit the Jue Jue’s Safe Space Website (https://www.juejuessafespace.org) or contact us at ([email protected]).