Challenge မှာပါဝင်သူများအနေနဲ့ လုပ်ဆောင်ရမယ့်အချက်များကတော့
(၁) Challenge မှာ ရက်အလိုက် လုပ်ဆောင်ရမယ့် ခေါင်းစဉ်တွေက (၈) ရက်စာ ခေါင်းစဉ် (၈) ခုပါဝင်ပါတယ်။
(၂) တစ်နေ့ချင်းစီ ခေါင်းစဉ်အလိုက်ပြုလုပ်ရမယ့် အကြောင်းအရာပေါ်မူတည်ပြီး အချက် ( ၁၀ ) ချက် စီ ရေးသားဖော်ပြပေးရမှာဖြစ်ပါတယ်။
(၃) ပြုလုပ်ပြီးပြီဆိုရင်တော့ လှုပ်ဆောင်မှုမှတ်တမ်းကို Jue Jue’s Safe Space Frame ပါဝင်သည့် tiktok filter နဲ့ ဓာတ်ပုံရိုက်ထားရမှာဖြစ်ပါတယ်။
(၄) ပြီးနောက် JJSS Photo Frame ပါဝင်သည့် လုပ်ဆောင်မှုမှတ်တမ်း ပုံနှင့် စာကို မိမိ Social Media (Facebook) Account တွင် ပြန်လည်မျှဝေပေးရမှာဖြစ်ပါတယ်။ ပြန်လည်မျှဝေရာမှာလည်း
#JueJuesSafeSpace #80Wavesofkindness ဆိုတဲ့ Hashtag တွေသုံးပြီး တင်ရမှာ ဖြစ်ပါတယ်။
(၅) Challenge တစ်နေ့တာပြီးမြောက်ကြောင်းကိုတော့ မိမိ Social Media ပေါ်တွင် တင်ထားသည့် Post ကို Screen shot ရိုက်ပြီး Challenge Telegram Group (သို့) JJSS Team ကို တစ်နေ့တာရဲ့ ည ၁၁း၄၉ မတိုင်မီမှာ ပြန်လည်ပေးပို့ရမှာဖြစ်ပါတယ်။
( ၈ ) ရက်လုံး မပျက်မကွက်လုပ်ဆောင်ရမှာဖြစ်ပြီး လုပ်ဆောင်မှုမှတ်တမ်းကို နေ့တိုင်းမမေ့မလျော့ Submit လုပ်ပေးနိုင်မှသာ ဒီ challenge မှာ ပါဝင်တာ အကျုံးဝင်မှာဖြစ်ပါတယ်။
( ၈ ) ရက်လုံး အောင်မြင်စွာပြီးမြောက်သူတွေထဲက တစ်ဦးကို USD 100 မဲနှိုက် ရွေးချယ် ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။
—
Challenge မှာပါဝင်မယ့်လှုပ်ရှားမှုများကတော့
Day 1 – သတိရပြီးစကားမပြောဖြစ်တဲ့သူကိုဖုန်းဆက်ပါ။
Day 2 – ကျေးဇူးတင်ကြောင်းပြောပါ။
Day 3 – အလှူလုပ်ပါ ( ပိုက်ဆံနဲ့လှူရတာမဟုတ်တဲ့အလှူ)
Day 4 -ချီးကျူးအားပေးစကားပြောပေးပါ။
Day 6 – မေတ္တာစာတို (၁၀) စောင်ရေးပြီး အများပြည်သူမြင်နိုင်တဲ့နေရာမှာထားပါ။
Day 7 – လူသစ်တွေကိုနှုတ်ဆက်ပါ။
Day 8 – မိမိကိုယ်ကိုယ် ကျေးဇူးတင်စာရေးပါ။
—