$ 100 ဆုလည်းရ လူလည်းကျန်းမာလှပဖို့ Healthy Me (14) Days Campaign ကို Join ကြစို့!

ကျွန်မတို့ Jue Jue’s Safe Space က မြန်မာပြည်သူပြည်သားတွေအတွက် မတူညီကွဲပြားတဲ့ပုံစံတွေနဲ့ စိတ်ကျန်းမာရေးကို လက်တွေ့ဖော်ဆောင်ပေးနေပါတယ်။ စိတ်ကျန်းမာရေးအားကောင်းစေဖို့ တစ်လတစ်ကြိမ် Challenge Campaign တွေကို ပြုလုပ်ပေးတာ နှစ်ကြိမ်တိုင် အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ဒီလမှာ ၃ ကြိမ်မြောက် Challenge ဖြစ်တဲ့ “ Healthy me” ဆိုတဲ့ခေါင်းစဉ်နဲ့ပြုလုပ်သွားမှာဖြစ်ပါတယ်။ Healthy Me Challenge လေးကတော့ အသားအရည်လှပကောင်းမွန်ဖို့၊ အစားအစာမျှတစွာစားဖို့၊ တီထွင်ကြံဆနိုင်စွမ်း နဲ့ ရုပ်ပိုင်းဆိုင်ရာကြံံ့ခိုင်ဖို့ စတဲ့ မတူညီတဲ့အခန်းကဏ္ဍများနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ လှုပ်ရှားမှု (၁၄) မျိုး ပါဝင်မှာဖြစ်ပါတယ်။

ကျွန်မတို့ရဲ့စိတ်ရောကိုယ်ပါ ကျန်းမာလှပပြီး နေ့ရက်တွေကို လန်းဆန်းတက်ကြွစွာ ဖြတ်သန်းနိုင်ဖို့အတွက် မိမိရဲ့ စိတ်နဲ့ခန္ဓာအတွက် အခုလိုမျိုး လှုပ်ဆောင်မှုတွေလုပ်ပေးတာကလည်း များစွာထိရောက်မှုရှိပါတယ်။ ဒီ challenge မှာဆိုရင် မတူညီတဲ့ပုံစံနဲ့ ခေါင်းစဉ် (၄) မျိုးကိုထည့်သွင်းထားပြီး တစ်နေ့တစ်မျိုးမထပ်တဲ့ လှုပ်ရှားမှုတွေပါဝင်တဲ့အတွက် ကိုယ့်ရဲ့စိတ်ကို ထိရောက်စွာ အပန်းဖြေပေးနိုင်သလို ဆုကြေးအတွက်လည်း ကံစမ်းနိုင်တာမို့ challenge မှာ အတူတူပါဝင်ဖို့ အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်။
Challenge ကြာချိန်ကတော့ ဇူလိုင်လ (၁၈) ရက်နေ့ မှ (၃၁) ရက်နေ့ ထိ (၁၄) ရက်တာကာလ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

Register ပြုလုပ်ရမယ့်နောက်ဆုံးရက်ကတော့ (၁၇) ရက်နေ့ ည (၁၁) နာရီမှာ နောက်ဆုံးထားပြီး ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

Challenge မှာပါဝင်ဖို့ အောက်ပါလင့်ကတဆင့် Register လုပ်ပေးဖို့ လိုအပ်ပါတယ်။ Register လုပ်ထားသူတွေကို email ကတဆင့် ပြန်ပြီး ဆက်သွယ်ပေးသွားမှာဖြစ်လို့ စာရင်းပေးသွင်းပြီးသူများအနေနဲ့ email ကို သေချာလေးစစ်ပေးဖို့ လိုအပ်ပါတယ်။
Challenge မှာပါဝင်သူတွေအနေနဲ့ လုပ်ဆောင်ရမယ့်အချက်များကတော့
၁။ နေ့အလိုက် Activity တွေ လုပ်ဆောင်ပြီး မှတ်တမ်းယူထားရမှာဖြစ်ပါတယ်။ (ဓာတ်ပုံရိုက်ထားခြင်း၊ video record ယူထားခြင်း၊ application ဖြင့်မှတ်တမ်းယူခြင်း)
၂။ မိမိလုပ်ဆောင်မှုရဲ့ မှတ်တမ်းကို Jue Jue’s Safe Space ရဲ့ သက်ဆိုင်ရာ Telegram Group သို့ ည ၁၁:၅၉ နောက်ဆုံးထား ပို့ပေးရပါမယ်။
၃။ ၁၄ ရက်လုံး မပျက်မကွက်လုပ်ဆောင်ရမှာဖြစ်ပြီး လုပ်ဆောင်မှုမှတ်တမ်းကို နေ့တိုင်းမမေ့မလျော့ Submit လုပ်ပေးနိုင်မှသာ ဒီ challenge မှာ ပါဝင်တာ အကျုံးဝင်မှာဖြစ်ပါတယ်။
၄။ ၁၅ ရက်လုံး အောင်မြင်စွာပြီးမြောက်သူတွေထဲက တစ်ဦးကို USD 100 မဲနှိုက် ရွေးချယ် ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။
 
Challenge များတွင် ပါဝင်သော လှုပ်ရှားမှုတွေကတော့ ⬇️
Day 1 – အိမ်တွင်းရှိပစ္စည်းများဖြင့် မျက်နှာအသားအရည်ကို ဂရုစိုက်ပေးကြမယ (Home Remedy Face Care)
Day 2 – အိမ်တွင်းပစ္စည်းတွေနဲ့ ဖော်စပ်ပြီး မိမိဆံပင်ကို ပေါင်းတင်ဂရုစိုက်မယ် (Home Remedy Hair Care)
Day 3 – အိမ်တွင်းရှိပစ္စည်းတွေနဲ့ ဖော်စပ်ပြီး မိမိအသား အရည်ကို စိုပြေကျန်းမာ အောင် ဂရုစိုက်မယ် (Home Remedy Skin Care)
Day 4 – အစားအစာများကို သတိ/အမှတ်နဲ့ စားသောက်မယ် (Mindful Eating)
Day 5 – မိမိ တစ်နေ့တာ စားသုံးတဲ့ သုံးနပ်လုံး အဆီ/ဆား လျှော့စားမယ် (Reduce Fat and Salt/ Eat Fat and Salt Less)
Day 6 – ကျန်းမာရေးနဲ့ညီညွတ် တဲ့ ပမာဏဖြင့် ညီမျှ အောင်စားသောက်မယ် (Portion Control)
Day 7 – စိတ်ခံစားချက်တွေကို စာရွက်မှာပုံဖော်ရေးဆွဲမယ် (Healing with Drawing)
Day 8 – အိမ်မှာ အလှပန်းအိုးထိုးမယ် (Flower Arrangement)
Day 9 – မိမိကြိုက်နှစ်သက်တဲ့ Croft ပစ္စည်းလေးတွေကို ကိုယ်တိုင်ဖန်တီးမယ် (Make Handmade Accessories)
Day 10 – အသုံးပြုပြီးပစ္စည်းများကို အိမ်မှာပြန်လည်တီထွင် အသုံးပြုမယ် (Recycle)
Day 11 – မိနစ် (၃၀) လမ်းလျှောက်မယ် (Walk 30 Minutes)
Day 12 – မိနစ် (၃၀) ဝမ်းဗိုက် ကြွက်သားနဲ့ ပတ်သတ်တဲ့ အက/aerobic လေ့ကျင့်ခန်း တွေလုပ်မယ် ( Ab Workouts 30 Minutes)
Day 13 – (၄၅) မိနစ် ယောဂ ဆော့မယ် (Yoga Exercises – 45 Minutes)
Day 14 – (၄၅) မိနစ် Zumba ကမယ် ( Zumba Dance-45 Minutes)
အသားအရည်လည်းလှ ကိုယ့်ခန္ဓာလည်းကြံ့ခိုင်ပြီး မတူညီတဲ့ကိုယ်တိုင်ဖန်တီးမှုလေးတွေနဲ့ စိတ်လန်းဆန်းတက်ကြွပြီး ကျေနပ်နိုင်စေဖို့ Healthy Me Challenge မှာ အတူတူပါဝင်ရအောင်!
မိမိသူငယ်ချင်းများနဲ့ အတူတူပါဝင်နိုင်ဖို့ ဒီ post လေးကို share ပြီး စိန်ခေါ်လိုက်ရအောင်ပါ။
 
my_MMMY