mental health myanmar - webinar
မြန်မာပြည်သူတွေရဲ့ စိတ်ကျန်းမာရေးပိုမိုတိုးတက်ကောင်းမွန်စေဖို့အတွက် ရည်ရွယ်ပြီး ကျွန်မတို့ Jue Jue’s Safe Space က နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်တွေနဲ့အတူ လစဉ်လတိူင်း မတူညီတဲ့ခေါင်းစဉ်နဲ့ Webinar လေးတွေပြုလုပ်ပေးနေပြီး ဒီလမှာတော့ “ စိတ်ဒဏ်ရာစောင့်ရှောက်မှု ကိုယ်ခန္ဓာဆိုင်ရာကုထုံး” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ပြုလုပ်သွားမှာဖြစ်ပါတယ်။
 
ဒီဆွေးနွေးပွဲမှာဆိုရင် Mindfulness Holistic Therapist တစ်ဦးဖြစ်တဲ့ Dr. Khai Mon နှင့်အတူ Somatic Pre-licensed Therapist ဖြစ်တဲ့ Isabella (Bella) Dagher တို့က ဦးဆောင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ သဘာဝဘေး၊ စစ်ဘေးစတဲ့ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် အခက်အခဲအကြပ်အတည်းကြားမှာ ရုန်းကန်နေထိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် ရင်တွင်းစိတ်ဒဏ်ရာတွေကို ပြန်လည်ကုစားနိုင်မယ့် ခန္ဓာကိုယ်ပိုင်း ဆိုင်ရာကုထုံးတွေကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
 
ဟောပြောပွဲကို လာမည့် – ဇွန်လ ( ၂၁ ) ရက်နေ့ ၊ မြန်မာစံတော်ချိန် မနက် (၁၀:၀၀) နာရီမှ နေ့လည် ( ၁၂:၀၀) နာရီအထိ Zoom Platform မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
ဘာသာစကာအနေနဲ့ မြန်မာလိုရော ၊ English လိုပါ ပြောကြားသွားမှာဖြစ်တဲ့ အတွက် စိတ်ဝင်စားသူများ တက်ရောက်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။
 
စိတ်နဲ့ခန္ဓာဟာ ဆက်စပ်နေတဲ့အတွက် ‌‌တစ်နေ့ပြီးတစ်နေ့ကြုံတွေ့လာရတဲ့ အခြေအနေအမျိုးမျိုးကြားက ကြုံတွေ့ခံစားနေရတဲ့အရာတွေကြောင့် အတွင်းစိတ်ထဲမှာလာရောက်ကိန်းအောင်းနေတတ်တဲ့စိတ်ဒဏ်ရာတွေကို ထိရောက်တဲ့ခန္ဓာကုထုံးတွေနဲ့ ဘယ်လိုကုစားဖြေရှင်းနိုင်မလဲဆိုတာကို လေ့လာသိရှိနိုင်ဖို့အတွက် ဆွေးနွေးပွဲမှာပါဝင်ဖို့ အခုပဲ register လုပ်လိိုက်တော့နော်။
Register လုပ်ပြီးသူများအား တက်ရောက်ရန် zoom linkများကို email ကနေတစ်ဆင့်ပြန်လည်ပေး ပို့သွားမှာဖြစ်ပါတယ်။
 
 
ဒီဇင်ဘာ 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

နိုဝင်ဘာ 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

နိုဝင်ဘာ 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

အောက်တိုဘာ 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

စက်တင်ဘာ 22, 2025

မထိုက်တန်သူ

မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊

my_MMMY