Registration Open Now!
5th Annual Mental Health Conference 2026
Theme: Access to Mental Health Care (လွယ်ကူမြန်ဆန် စိတ်ကုစားရန်)
(လွယ်ကူမြန်ဆန်စိတ်ကုစားရန် – Access to Mental Health )

Jue Jue's Safe Space ကနေ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ Annual Mental Health Conference ဟာဆိုရင် နောက်တစ်ကြိမ်ပြန်လည်ကျင်းပဖို့ အချိန်ရောက်ရှိလို့လာပါပြီ။ ပိုမိုကောင်းမွန်သော စိတ်ကျန်းမာရေး အသိပညာပေးခေါင်းစဉ်များ၊ Activities များနှင့်အတူ နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုနှစ်မှာလည်း ပိုမိုကောင်းမွန်ပြည့်စုံသော စိတ်ကျန်းမာရေးညီလာခံကြီးကို Foundation for Education Development (FED) နှင့် ပူပေါင်းပြီး ပြုလုပ်သွားမှာဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းစီစဉ်ခဲ့သည့်အတိုင်း ဒီနှစ်ညီလာခံမှာဆိုရင် အလုံးစုံသော စိတ်ကျန်းမာရေး၏လိုအပ်သည့် ကဏ္ဍများကိုထည့်သွင်းထားသည့်အပြင် ဆွေးနွေးသွားမည့် Speaker များမှာလည်း လူထုအကျိုးပြုလုပ်ဆောင်နေသော Community Leader များ၊ Community Based Organizations (လူထုအခြေစိုက်အဖွဲ့အစည်းများ) ကို ဖိတ်ခေါ်ကျင်းပသွားမယ့် International Conference တစ်ခု ဖြစ်ပါတယ်။ ယခုနှစ် ၂၀၂၆ ခုနှစ်၏ Theme ဖြစ်တဲ့ “Access to Mental Health Care” (လွယ်ကူမြန်ဆန် စိတ်ကုစားရန်)ကို အခြေခံ၍ လူတစ်ဦးချင်းအဆင့်မှ နိုင်ငံတော်အဆင့် အထိ စိတ်ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုလက်လှမ်းမီလာစေရန်၊ တည်တံ့စေရန်နှင့် စနစ်တကျဖော်ဆောင်နိုင်ရန် ရည်ရွယ်ပြီး (၂) ရက်တာ ကျင်းပသွားမှာဖြစ်ပါတယ်။ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသော ဒေသများ၊ ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသည့် ပြည်သူများနှင့် အရင်းအမြစ် ကန့်သတ်ထားခံရသည့် အခြေအနေများကို အလေးထား ဆွေးနွေးသွားမှာဖြစ်ပါတယ်။ညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာများ (၃) ဆင့်

အဆင့် (၁) လူတစ်ဦးချင်းအဆင့် စိတ်ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ရေး (Individual Access) ဤအပိုင်းတွင် လူတစ်ဦးချင်းအနေဖြင့်
စိတ်ကျန်းမာရေး ဝန်ဆောင်မှုများကို ရယူရာတွင် ကြုံတွေ့ရသော အခက်အခဲများနှင့် လက်လှမ်းမီစေရန် အထောက်အကူဖြစ်စေသည့် အချက်များကို အဓိကထား ဆွေးနွေးသွားမှာဖြစ်ပါတယ်။
- စိတ်ကျန်းမာရေး ပြဿနာများကို အစောပိုင်း သိရှိပြီး ကူညီနိုင်သည့် နည်းလမ်းများ
- Trauma-informed နှင့် ယဉ်ကျေးမှုအရ သင့်လျော်သော ကုသရေးနည်းလမ်းများ
- ပဋိပက္ခနှင့် ရွှေ့ပြောင်းနေထိုင်မှုကြောင့် ထိခိုက်ခံစားနေရသူများအတွက် စိတ်ကျန်းမာရေးထောက်ပံ့မှု
- အွန်လိုင်း သို့မဟုတ် အခြားနည်းလမ်းများမှတစ်ဆင့် စိတ်ကျန်းမာရေး ဝန်ဆောင်မှုရရှိနိုင်မှု

အဆင့် (၂) လူမှုအသိုင်းအဝိုင်းအဆင့် စိတ်ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ခြင်း
(Community Access) လူမှုအသိုင်းအဝိုင်းအတွင်း စိတ်ကျန်းမာရေး ပံ့ပိုးမှုများကို မည်သို့ ဖန်တီးနိုင်မည်၊ ဆောင်ရွက်နိုင်မည်နှင့် ရေရှည်တည်တံ့စေရန် မည်သို့ စီမံနိုင်မည်ကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။
- လူမှုအသိုင်းအဝိုင်းအခြေပြု စိတ်ကျန်းမာရေး ပံ့ပိုးမှုများ နှင့် Peer Support အဖွဲ့များ
- ကျောင်းနှင့် လူငယ်အဖွဲ့အစည်းများထဲတွင် စိတ်ကျန်းမာရေး ထည့်သွင်းဆောင်ရွက်ခြင်း
- စိတ်ကျန်းမာရေးနှင့် ပတ်သက်သည့် အယူအဆအလွဲများနှင့် ခွဲခြားဆက်ဆံမှုများ လျှော့ချရေး

အဆင့် (၃) နိုင်ငံတော်အဆင့် စိတ်ကျန်းမာရေး လက်လှမ်းမီမှု (National Access)
မူဝါဒရေးရာ၊ စနစ်တည်ဆောက်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အချက်များက စိတ်ကျန်းမာရေး လက်လှမ်းမီမှုအပေါ် မည်သို့ သက်ရောက်နေသည်ကို အလေးထား ဆွေးနွေးသွားမှာဖြစ်ပါတယ်။
- စိတ်ကျန်းမာရေး မူဝါဒများကို လက်တွေ့တွင် အသုံးချခြင်း
- အခြေခံကျန်းမာရေးစနစ်ထဲတွင် စိတ်ကျန်းမာရေးကို ပေါင်းစည်းဆောင်ရွက်ခြင်း
- Donorများ နှင့် လုပ်ငန်းစဉ်များကို ချဲ့ထွင်နိုင်မည့် နည်းလမ်းများ
- ဒေသတွင်းနှင့် နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုများ

ဘယ်သူတွေ တက်ရောက်သင့်လဲ?

- စိတ်ကျန်းမာရေးနယ်ပယ်မှ ပညာရှင်များ (Psychiatrists, Psychologists, Counselors, Social Workers)
- စိတ်ကျန်းမာရေးကို လေ့လာလိုက်စားလိုသူများနှင့် ကျောင်းသားများ
- လူထုအကျိုးပြုလုပ်ဆောင်နေသော Community Leaders များနှင့် NGO/CBO ဝန်ထမ်းများ
- မိမိနှင့် ပတ်ဝန်းကျင်ရှိ လူအများ၏ စိတ်ကျန်းမာရေးကို ကုစားရန် စိတ်ဝင်စားသူများ
- ပြည်တွင်းငြိမ်းချမ်းရေးနှင့် လူမှုဖွံ့ဖြိုးရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်အားဖြည့်လိုသူများ

ဒီညီလာခံကနေ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ?
- နိုင်ငံတကာမှ အသိအမှတ်ပြုခံထားရသော ပညာရှင်များဆီမှတစ်ဆင့် စိတ်ကျန်းမာရေးနဲ့ပတ်သတ်တဲ့ မှန်ကန်တဲ့ ဗဟုသုတတွေရရှိနိုင်ခြင်း။
- မြန်မာ၊ ထိုင်း၊ UK နှင့် USA ရှိ စိတ်ကျန်းမာရေးပညာရှင်များ ၊ Clinicians များ၊ Community Leaders များနှင့် တစ်နေရာတည်းမှာ
တွေ့ဆုံခွင့်ရပြီး Networking ရယူနိုင်ခြင်း။
- ပဋိပက္ခဒေသများရှိ စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ်နိုင်မည့် လက်တွေ့ကျသော နည်းလမ်းများကို လေ့လာခွင့်ရခြင်း။
- Hybrid format (In-person နှင့် Online) ဖြင့် ကျင်းပမည်ဖြစ်ပြီး Professional Interpretation များ ပါဝင်မည်ဖြစ်သောကြောင့်
ဘာသာစကား အခက်အခဲမရှိ ပါဝင်နိုင်ခြင်း။

Conference Details
Dates: April 2nd and 3rd, 2026
Time: 8:30 AM to 4:30 PM (Thailand Time)
Venue: Holiday Garden Hotel, Chiang Mai, Thailand (in-person) & Zoom platform (online)

Registration Fees (Includes Lunch and Refreshments)
ဇန်နဝါရီလ (၁၅) ရက်မှ (၃၁) ရက်နေ့အတွင်း Registration ပြုလုပ်သူများအတွက် Early Bird Discount အနေနဲ့ မြန်မာငွေ ၁၂၀,၀၀၀ ကျပ်၊ ထိုင်းဘတ် ၉၃၀ ဘတ်၊ USD 30 ဒေါ်လာသာ ကျသင့်မှ ဖြစ်ပါတယ်။
– In-person Attendance: 200,000 Kyats, 1600 Baht, USD 50
– Online Attendance: 160,000 Kyats, 1250 Baht, USD 40
– Student Discount: 120,000 Kyats, 930 Baht, USD 30

ညီလာခံမှရရှိလာသော Funding များကို Jue Jue's Safe Space ကနေ နှစ်စဉ်ပြုလုပ်နေကြအတိုင်း စိတ်ကျန်းမာရေးအတွက်
အမှန်တကယ် လိုအပ်နေသူများကို ကူညီပေးသည့်နေရာတွင် ပြန်လည်အသုံးပြုသွားမှာဖြစ်ပါတယ်။
စိတ်ဝင်စားတက်ရောက်ပါဝင်လိုသူများအနေနဲ့ အောက်ဖော်ပြပါ Registration Link မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။
Register here: https://www.zeffy.com/en-US/ticketing/5th-annual-mental-health-conference

Meet Our Key Note Speakers

Dr.Myat Htoo Razak
Dr.Awirut Oon-Arom

Meet Our Speakers

Htoo Chit
Executive Director, Foundation for Education and Development, Thailand.   
Dr. Myat Htoo Razak
Distinguished Professor, Faculty of Medicine, Chulalongkorn University   
Jue Jue Min Thu (Founder, Jue Jue’s Safe Space)
Lecturer, University of Hawaii; Licensed Social Worker, Queen’s Medical Center, USA   
Naw Susan Hla Hla Soe
Director, Art and Vocational Education Department; Fmr. Member, Myanmar Union Parliament, Myanmar
Dr. Awirut Oon-arom
Psychiatrist, Assistant Professor, Chiang Mai University   
Michel Thibeault
Founder, Wisdom Education Coaching, Canadian Educator, Leadership Coach, International Speaker, Canada   
Dr. Phyu Pannu Khin
PhD; Clinical Psychologist and Faculty of Medicine, Harvard Medical School / Mass General Hospital, USA   
Agnes Mary
Counseling Psychologist    
Dr. Moan Thawdar Myo Thant
Consultant Psychiatrist, Mae Tao Clinic, Mae Sot, Tak, Thailand.   
Dr. May Cho
Founder and Therapist of Healing Chapters with May, Mental Health Practitioner, Mind Myanmar; Co-founder, COPE (Connected Oregon Padauk Education), Myanmar    
Aye Thida Oo
Child Psychologist, PhD Research Fellow, University of South‑Eastern Norway    
Moe Moe Sann
Mental Health Facilitator / Lay Counselor, RBA, Myanmar    
Dr. Khai Mon
Mental Health Practitioner, Mindfulness and Holistic Therapist, Thailand
Nyi Nyi Phyo Htet
Environmental Management & Wildlife Conservation Specialist, Thailand.   
Dr. Kyi Min Tun
Consultant Psychiatrist/Freelance MHPSS Trainer.   
Dr. Min Thein Kyi
Consulting Psychologist, Lecturer & Trainer, One Step Rehab Center, Thailand    
Andrew McLay
Psychotherapist, McLay Counseling, UK   
Hnin Shwe Zin Hlaing
Head of Policy Advocacy, Gender Equality Network (GEN), Myanmar   
Lea Gentile
Tai Chi Chuan Practitioner & Instructor, Murray State University, USA  
Hayman Linn Lae Zaw
MSW, Youth Engagement Director, Social Worker and Mental Health Advocate, USA    
Maw Hpyar Myar
Founder, Htel Phoe Music Learning Center; Youth Chairperson, Southern Shan - Kayah Liphaw Youth Association, Myanmar
Cho Wutyi Lwin
Community Mental Health Supporter, Jue Jue’s Safe Space, Documentary Film maker, Thailand
Gerda Liebmann
Art therapist, Founder of Visual Arts Mission Asia.   
Kyaw Soe Win
Former Political Prisoner; Head of the Mental Health Assistance Program, AAPP
Mr. Htin Aung
Former Political Prisoner; Program Coordinator, MHAP, AAPP; Certified CETA Mental Health Trainer, Supervisor, Counselor

ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ အရေးကြီးထည့်သွင်းလုပ်ဆောင်ရမယ့် ကျန်းမာရေးလုပ်ငန်းစဉ်များထဲမှာ စိတ်ကျန်းမာရေးလုပ်ဆောင်ချက်များက အဓိကပါဝင်လို့နေပါတယ်။ ဒါကြောင့် လက်လှမ်းမှီဖို့ ခက်ခဲတဲ့ဒေသတွေမှာ စိတ်ကျန်းမာရေးလုပ်ငန်းစဉ်တွေကို ထိရောက်စွာလုပ်ဆောင်စေနိုင်မယ့် နည်းစနစ်များအကြောင်းကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးလုံခြုံရေး၊ ကျန်းမာရေးစနစ်ခိုင်မာရေးနှင့် ကျန်းမာရေးလုပ်သားဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးဆောင်ဆောင်ရွက်လာတဲ့ ဆရာဝန်တစ်ဦးဖြစ်သလို ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ မြတ်ထူးရာဇတ် (MBBS, MPH, PhD) နဲ့အတူ Chiang Mai University (CMU) မှ စိတ်ကျန်းမာရေးဌာနတွင် စိတ်ကျန်းမာရေးပညာရှင်နှင့် တွဲဖက်ပါမောက္ခအဖြစ် လုပ်ကိုင်နေသူတစ်ဦးဖြစ်တဲ့ Dr. Awirut Oon-Arom တို့မှ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒီ session တက်ရောက်သူများအနေနဲ့ ပြည်တွင်းပြည်ပ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ စိတ်ကျန်းမာရေးလုပ်ဆောင်ချက်များကို လက်တွေကျ ထိရောက်အောင် ဘယ်လိုနည်းစနစ်များနဲ့ လုပ်ဆောင်သွားနိုင်မလဲ ဆိုတဲ့ သိပ္ပံနည်းကျအချက်အလက်ကောင်းများကို နားလည်သဘောပေါက်ပြီး မိမိအကျိုးပြုရာဒေသတွေမှာ ပြန်လည်အသုံးချနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် လူကြီးမင်းတို့အနေနဲ့ ဒီနှစ်စိတ်ကျန်းမာရေးညီလာခံကို တက်ရောက်ဖို့ စာရင်းမသွင်းရသေးဘူးဆိုရင်တော့ အခုပဲ လာရောက်စာရင်းသွင်းဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

စိတ်ဝင်စားတက်ရောက်ပါဝင်လိုသူများအနေနဲ့ စာရင်းပေးသွင်းရာတွင် အခက်အခဲမရှိအောင် စာရင်းပေးသွင်းနည်း အဆင့်ဆင့်ကို ခုလိုပဲ ဖော်ပြလိုက်ရပါတယ်။ မြန်မာကျပ်ငွေဖြင့် စာရင်းပေးသွင်းလိုသူများအနေနဲ့လည်း page messenger ကို လာရောက်ဆက်သွယ်နိုင်ပါတယ်ရှင်။ အောက်ဖော်ပြပါ Registration Link မှတစ်ဆင့်လည်း စာရင်းပေးသွင်းနိုင်ပါတယ်။

Register here: https://www.zeffy.com/en-US/ticketing/5th-annual-mental-health-conference

လာမယ့် April လ (၂) ရက်နဲ့ (၃)ရက်နေ့များမှာ 5th Annual Mental Health Conference ညီလာခံ ကျင်းပဖို့ ရှိပါတယ်။ Jue Jue's Safe Space ရဲ့ Friday live Program မှာ ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ Guest Speaker များနှင့် Helplines မှာ ပါဝင်အားဖြည့်ကူညီပေးနေကြတဲ့ စေတနာ့ဝန်ထမ်းများကို ကျေးဇူးတုန့်ပြန်သောအားဖြင့် အဲဒီညီလာခံအတွက် လက်မှတ်တွေကို Registration fees (50%) Discount ပေးဖို့ စီစဉ်ထားပါတယ်။ စိတ်ဝင်စား တက်ရောက်လိုတဲ့ Jue Jue's Safe Space ရဲ့ စေတနာ့ဝန်ထမ်းများအနေနဲ့ -မိမိရဲ့ Volunteer agreement form -Volunteer Name -မိမိပါဝင်လျက်ရှိသော Helpline Batch စတာတွေကို Page messenger မှာ ပေးပို့ဆက်သွယ်ပြီး (50%) off Discount ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် (50%) off Discount ရရှိသူများအနေနဲ့ Online ဖြစ်စေ၊ In Person ဖြစ်စေ Registration fees - 100,000 Kyats, 800 Baht, USD 25 သာ ကျသင့်မှာဖြစ်ပါတယ်။ ညီလာခံကနေ ရလာမယ့် Funding တွေ ကို Jue Jue's Safe Space ကနေ နှစ်စဉ်ပြုလုပ်နေကျအတိုင်း စိတ်ကျန်းမာရေးအတွက် အမှန်တကယ် လိုအပ်နေသူများကို ကူညီပေးတဲ့ နေရာတွေမှာ ပြန်လည်အသုံးပြုသွားမှာဖြစ်ပါတယ်။

တစ်ဦးဝယ် တစ်ဦးလက်ဆောင် Valentine’s Day Discount! ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ ‌ဖေဖော်ဝါရီလမှာ Jue Jue's Safe Space မှ လာမယ့် (၅) ကြိမ်မြောက် စိတ်ကျန်းမာရေးညီလာခံကို ကိုယ်ချစ်ရသူတဲ့ အတူတူတက်နိုင်ဖို့ Ticket (၁) စောင်ဝယ် (၁) စောင်လက်ဆောင်ပေးမယ့်အထူးအစီအစဉ်ကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ စိတ်ကျန်းမာရေးကိုလေ့လာ လိုက်စားလိုသူ‌များ ကိုယ်ချစ်ခင်မြတ်နိုးရသူနဲ့အတူ စိတ်ကျန်းမာရေးညီလာခံမှာ အတူတူတက်ရောက်ပါဝင်နိုင်စေရန် ရည်ရွယ်ပြီး ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှ (၂၂) ရက်နေ့ Online ဖြစ်စေ In person ဖြစ်စေ Ticket တစ်စောင်ဝယ်ယူတာနဲ့ နောက်ထပ်တစ်စောင်ရရှိမှာဖြစ်ပါတယ်။

လာမယ့် April လ 2nd နှင့် 3rd ရက်များမှာ Jue Jue’s Safe Space အနေနဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာပြုလုပ်သွားမယ့် (၅) ကြိမ်မြောက်စိတ်ကျန်းမာရေးညီလာခံအတွက် Jue Jue's Safe Space’s (5) Years Birthday Scholarship Winners များ ထွက်ပေါ်လို့လာပါပြီ။

ယခုအကြိမ်မှာ ပါဝင်ခွင့်မရလိုက်သော်လည်း စိတ်ကျန်းမာရေးညီလာခံကို တက်ရောက်နိုင်ရန်အတွက်

နောက်ထပ်ပညာသင်ဆု အစီအစဉ်လေးတွေ ရှိသေးတာဖြစ်တဲ့အတွက် လက်မလွတ်သွားရအောင်
Jue Jue’s Safe Space ရဲ့ page ကို like and follow လေးလုပ်ထားပေးပြီး စောင့်မျှော်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

ဖေဖော်ဝါရီလ (၂၂) ရက်နေ့အထိ
တစ်ဦးဝယ် တစ်ဦးလက်ဆောင် Valentine’s Day Discount အစီအစဉ်လေးရှိတာဖြစ်တဲ့အတွက် အခွင့်အရေးကောင်းကိုလက်မလွတ်သွားရလေအောင် အခုပဲစာရင်းသွင်းထားလိုက်တော့နော်။

Break the Barriers Challenge Campaign Series မှာ ပါဝင်ခဲ့ကြပြီး Challenge အဆုံးထိ ပြီးမြောက်အောင်မြင်ထားတဲ့ Participantsတွေအနေနဲ့ Jue Jue's Safe Space ရဲ့လာမယ့် (၅) ကြိမ်မြောက်စိတ်ကျန်းမာရေးညီလာခံကြီးကို ၅၀ % ကူပွန်နဲ့ တက်ရောက်နိုင်မဲ့ အခွင့်အရေးကိုစီစဉ်ထားပါတယ်။

To receive your 50% off coupon, please contact us via our Facebook Page Messenger with the following details:

Challenge မှာ ပါဝင်ဖူးသူများအနေနဲ့
ကိုယ်ပါဝင်ခဲ့တဲ့ Challenge Title

Challenge ရက်ပြည့်ပြီးမြောက်အောင်မြင်ထားတဲ့ တုံးထုထားတဲ့ Bingo Card စတာတွေကို Page messenger မှာ ပေးပို့ဆက်သွယ်ပြီး (50%) off Discount ရယူနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ရရှိသူများအနေနဲ့ Online ဖြစ်စေ၊ In Person ဖြစ်စေ Registration fees - 100,000 Kyats, 800 Baht, USD 25 သာ ကျသင့်မှာဖြစ်ပါတယ်။

ယခုနှစ် ၂၀၂၆ ခုနှစ်မှာ “Access to Mental Health Care” (လွယ်ကူမြန်ဆန် စိတ်ကုစားရန်) ဆိုတဲ့ ခေါင်းစဉ်နဲ့ လူတစ်ဦးချင်းအဆင့်မှ နိုင်ငံတော်အဆင့်အထိ စိတ်ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုလက်လှမ်းမီလာစေရန်၊ တည်တံ့စေရန်နှင့် စနစ်တကျဖော်ဆောင်နိုင်ရနအတွက်ရည်ရွယ်ပြီး (၂) ရက်တာ ကျင်းပသွားမှာဖြစ်ပါတယ်။ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသော ဒေသများ၊ ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသည့် ပြည်သူများနှင့် အရင်းအမြစ် ကန့်သတ်ထားခံရသည့် စိတ်ကျန်းမာရေးဝန်ဆောင်မှု မရှိနိုင်သည့် အကြောင်းအရာများ အစရှိတာတွေကို အလေးထား ဆွေးနွေးသွားမှာဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းစီစဉ်ခဲ့သည့်အတိုင်း ဒီနှစ်ညီလာခံမှာဆိုရင် အလုံးစုံသော စိတ်ကျန်းမာရေး၏လိုအပ်သည့် ကဏ္ဍများကို ထည့်သွင်းထားသည့်အပြင် ဆွေးနွေးသွားမည့် Speaker များမှာလည်း နိုင်ငံတကာမှ စိတ်ကျန်းမာရေးပညာရှင်များ၊ လူထုအကျိုးပြု လုပ်ဆောင်နေသော Community Leader များ၊ Community Based Organizations (လူထုအခြေစိုက်အဖွဲ့အစည်းများ) ကို ဖိတ်ခေါ်ကျင်းပသွားမယ့် International Conference တစ်ခု ဖြစ်ပါတယ်။

ညီလာခံမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေကို အဆင့် (၃) ဆင့်ခွဲထားပါတယ်။
အဆင့် (၁) လူတစ်ဦးချင်းအလိုက် စိတ်ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ရေး အဆင်မြှင့်တင်ခြင်း (Level up your individual practices)
အဆင့် (၂) လူမှုအသိုင်းအဝိုင်းအဆင့် စိတ်ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ရေး ပူးပေါင်းမြှင့်တင်ခြင်း (Fostering Collaboration Through Community Practices )
အဆင့် (၃) နိုင်ငံတော်အဆင့်အနေနဲ့ စိတ်ကျန်းမာရေးလိုအပ်ချက်များကိုဖြည့်ဆည်းရန်နှင့် နိုင်ငံတကာမှ ကျင့်သုံးနေသည့်နည်းလမ်းများကို တွင်ကျယ်စွာပြန်အသုံးပြုနိုင်စေရေး (Closing the gap in local, national and global practices) ဆိုပြီးဖြစ်ပါတယ်။
ညီလာခံကို အပိုင်း(၃) ပိုင်းခွဲထားပြီး တစ်ရက်နှင့် နေ့တစ်ပိုင်း ကျင်းပသွားမှာဖြစ်ပြီး အပိုင်း(၃) ပိုင်း လုံးမှာပါဝင်သွားမယ့် အကြောင်းအရာနဲ့ ခေါင်းစဉ်များကို အစဉ်လိုက်ဖော်ပြပေးပါမယ်။ Agenda အလိုက် ဆွေးနွေးသွားမည့်ခေါင်းစဉ်များကို ပုံတွေကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

my_MMMY