"မျက်ရည်မကျဘဲ ငိုကြတဲ့အခါ .."

မျက်ရည်မကျဘဲ ငိုကြတဲ့အခါ .
တခါတလေမှာ ကျမတို့ဟာ စိတ်ထဲက ငိုနေပေမယ့် အပြင်မှာတော့ မျက်ရည်မကျဘဲ ဖြစ်နေတတ်ပါတယ်။ ဒါဟာ ရုပ်ပိုင်းဆိုင်ရာအရဖြစ်တာဆိုရင် မျက်ဝန်းအိမ်ခြောက်သွေ့ရောဂါ ခေါ် Sjögren’s syndrome ကြောင့် ဖြစ်တတ်ပြီး စိတ်ပိုင်းဆိုင်ရာကြောင့် ဖြစ်တာဆိုရင်တော့ ခံစားချက်တွေကို ထုတ်ပြဖို့ ခက်ခဲတာ ဒါမှမဟုတ် ခံစားချက်တွေ ထုံထိုင်းသွားတာကြောင့် ဖြစ်ပါတယ်။

ကျမတို့တတွေဟာ ခံစားချက်တွေ ပြင်းထန်သွားတဲ့အခါမှာ ဒါမှမဟုတ် ခံစားရပါများလို့ ခံစားချက်တွေကို အမည်မတပ်နိုင်တော့တဲ့အခါ ငိုပေမယ့် မျက်ရည်မကျတော့ပါဘူး။ ငိုကြွေးခြင်း လက္ခဏာတွေဖြစ်တဲ့ ခန္ဓာကိုယ် တုန်ခါတာ၊ ရှိုက်သံထွက်တာ၊ လည်ချောင်းတွေနာလာတာ၊ မျက်လုံးဝေဝါးတာမျိုး ဖြစ်နေပေမယ့် မျက်ဝန်းက မျက်ရည်မကျတဲ့အတွက် ငိုနေမှန်းတောင် ဘေးလူတွေ သတိမထားမိတာမျိုး ဖြစ်တတ်ပါတယ်။

ခံစားချက်တွေကို ဖော်ထုတ်ပြဖို့ ခက်ခဲနေတဲ့ တချို့သောသူတွေဟာ မျက်ရည်မကျဘဲ ငိုကြွေးတတ်ကြပြီး အများအားဖြင့် စိတ်တွင်းခံစားမှုတွေနဲ့ ပြင်ပရုပ်ပိုင်းဆိုင်ရာဖော်ပြနိုင်စွမ်းတွေ ချိတ်ဆက်မမိတော့တဲ့အခါမှာ ဖြစ်တတ်ကြပါတယ်။ မွေးကင်းစကလေးငယ်တွေမှာလည်း မျက်ရည်မကျဘဲ ငိုတာမျိုး ရှိတတ်ပြီး သူတို့ရဲ့ မျက်နှာအမူအရာနဲ့အသံအနေအထားကို ကြည့်ပြီး ငိုကြွေးနေတယ်ဆိုတာ သိနိုင်ကြောင်း စိတ်ပညာရှင်တွေကဆိုပါတယ်။

ရုတ်တရက် ကြောက်ရွံ့တုန်လှုပ်သွားတဲ့အခါနဲ့ ဝမ်းနည်းမှု အဆိုးဆုံးအခြေအနေကို ရောက်တဲ့အခါမှာလည်း ငိုချင်ပေမယ့် မျက်ရည်မကျဘဲ ဖြစ်နေတတ်ပါတယ်။ စိတ်ကျရောဂါ ဝင်နေသူတွေမှာလည်း ဒီလိုအခြေအနေတွေ့ကြုံတတ်ကြပြီး တခြားစိတ်ကျန်းမာရေးအခြေအနေတွေကြောင့်လည်း မျက်ရည်မကျဘဲ ငိုကြွေးရတာမျိုး ကြုံတတ်ပါတယ်။ ဒါ့အပြင် နာတာရှည်ရောဂါသမားတွေ သောက်နေကြတချို့ ဆေးတွေဟာလည်း ခံစားချက်ကို ဖော်ပြဖို့ ခက်ခဲပြီး ရှုပ်ထွေးမှုတွေ ဖြစ်စေပါတယ်။

မျက်ရည်မကျဘဲ ငိုကြွေးပြီဆိုရင် ဒါဟာ alexithymiaလို့ ခေါ်တဲ့ ခံစားချက်တွေကို ဖော်ပြသတ်မှတ်ဖို့ ခက်ခဲတဲ့ရောဂါရဲ့ လက္ခဏာတစ်ရပ်လားလို့ ဆန်းစစ်အဖြေရှာဖို့လိုပါတယ်။ မိမိဟာ ငိုချင်နေပါရက်နဲ့ မျက်ရည်မကျဘဲ ဖြစ်နေပြီဆိုရင်တော့
– စိတ်ကျန်းမာရေးပညာရှင်တွေရဲ့ အကူအညီယူပါ
– Mindfulness လေ့ကျင့်ခန်းတွေလုပ်ပါ
– ခံစားချက်တွေကို Journaling လုပ်ပြီး ဖွင့်ထုတ်ပါ
– မိသားစုဝင် ၊ မိတ်ဆွေရင်းလို ယုံကြည်ရသူတွေနဲ့ မိမိခံစားချက်တွေကို ရင်ဖွင့်ပါ
– နာတာရှည်ရောဂါတွေအတွက် ဆေးဝါးမှီဝဲနေရသူဆိုရင် မိမိဆရာဝန်နဲ့ပြန်တိုင်ပင်ပါ
တချို့ခံစားချက်တွေဟာ ဖွင့်ထုတ်ပြနိုင်ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် စိတ်ခံစားချက်တွေကို ခွဲခြားပြီး ဖော်ထုတ်အဖြေရှာဖို့ အချိန်ယူဖို့တော့ လိုအပ်ပါတယ်။ Jue Jue’s Safe Space ရဲ့ စာဖတ်သူတွေထဲမှာကော မျက်ရည်မကျဘဲ ငိုကြွေးဖူးတဲ့သူတွေ ရှိလား။ ကိုယ်တိုင်ကြုံဖူးတယ် ဒါမှမဟုတ် မြင်ဖူးတယ်ဆိုရင် Comment မှာ ကိုယ့်အတွေ့အကြုံလေးတွေ မျှဝေပေးနိုင်ပါတယ်ရှင်။

Ref : “Can’t Cry? Here’s What Might Be Going On”, Medically reviewed by Timothy J. Legg, PhD, PsyD — Written by Crystal Raypole on May 29, 2020
Ref : “Why Can’t I Cry Even Though I’m Sad?” Medically reviewed by Steven Gans, MD _ Written By Toketemu Ohwovoriole Updated on August 12, 2023
 
ဒီဇင်ဘာ 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

နိုဝင်ဘာ 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

နိုဝင်ဘာ 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

အောက်တိုဘာ 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

စက်တင်ဘာ 22, 2025

မထိုက်တန်သူ

မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊

my_MMMY