မတုန်လှုပ်ပါနဲ့
“ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံယဿ န ကမ္ပတိ” “လောကဓံ ၈ပါး တစ်ပါးပါးနဲ့ တွေ့ကြုံရတဲ့အခါ စိတ်သည် မတုန်လှုပ်ပါစေနဲ့” ဆိုပြီး မင်္ဂလသုတ္တံထဲ ပြဆိုထားတာ ရှိပါတယ်။ တကယ့် လက်တွေ့မှာတော့ ကောင်းခြင်း၊ ဆိုးခြင်း တွေကို နဖူးတိုက်ဒူးတိုက် ကြုံတွေ့ရတဲ့အခါမှာ စိတ်နှလုံးတည်ငြိမ်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့က ခဲယဥ်းလှပါတယ်။ အပျော်လွန်နေတဲ့အခါမှာလည်း စိတ်နှလုံးမြူးထူးပြီး မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမိတတ်သလို ဒေါသထွက်နေတဲ့ အချိန်တွေမှာလည်း ချစ်ရသူတွေကို နာကျင်စေတဲ့ စကားတွေ ပြောဆိုတတ်မိကြပါတယ်။
 
စိတ်နှလုံးတည်ငြိမ်တယ်ဆိုတာ ဘယ်လိုအခြေအနေကိုပြောတာလဲ။
စိတ်နှလုံးတည်ငြိမ်တယ်ဆိုတာက ပြင်ပအခြေအနေ ရိုက်ခတ်မှုတွေ၊ အပြောင်းအလဲတွေ ဘယ်လိုပဲ တွေ့ကြုံနေပါစေ ကျွန်မတို့ရင်တွင်းထဲက တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပြီး ကိုင်တွယ်ဖြေရှင်းတာ ဖြစ်ပါတယ်။ စိတ်တည်ငြိမ်ခြင်းက အခြေအနေတွေကြောင့် ဖြစ်ပေါ်လာတဲ့ အတွေးတွေ၊ ခံစားချက်တွေကို ပိတ်ပင်တားဆီးလိုက်တာမျိုးမဟုတ်ပါဘူး။ အဖြစ်အပျက်နောက်ကို ခံစားချက်တွေမလိုက်ဘဲ၊ အပြစ်တင်ဝေဖန်ခြင်းမရှိဘဲ အကျိုးသင့် အကြောင်းသင့် စူးစမ်းလေ့လာနိုင်ဖို့ နေရာတစ်ခု ဖန်တီးပေးလိုက်တာပဲ ဖြစ်ပါတယ်။
 
အထူးသဖြင့် ကျွန်မတို့ မြန်မာပြည်သားတွေအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်ကနေ ခက်ခဲ ကြမ်းတမ်းနေတဲ့ အခုလို ကာလတွေမှာ အခက်အခဲတွေကို မတုန်လှုပ်ဘဲ ရင်ဆိုင်နိုင်ဖို့က ခဲယဥ်းလှပါတယ်။ ဒ်ပေမဲ့ စိတ်နှလုံးတည်ငြိမ်ခြင်းကို လိုအင်တစ်ခုအနေနဲ့ မဟုတ်ဘဲ လိုအပ်ချက်တစ်ခုနဲ့ တည်ဆောက်ဖို့ လိုအပ်ပါတယ်။
 
စိတ်နှလုံးတည်ငြိမ်ခြင်းအားဖြင့်
⚫️မကောင်းတဲ့အတွေးတွေကို ရှင်းထုတ်နိုင်ပြီး အာရုံစူးစိုက်မှုနဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းကို အားကောင်းစေခြင်း
⚫️စိတ်ဖိစီးစေတဲ့ အရာတွေကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စေပြီး ခံစားချက်တွေကို ထိန်းညှိနိုင်ခြင်း
⚫️ကြံ့ကြံ့ခံနိုင်စွမ်းအားကောင်းစေခြင်း
⚫️ကိုယ့်ကိုယ်ကိုယ်နဲ့ ပတ်ဝန်းကျင်နဲ့ ချိတ်ဆက်မှု ပိုမိုနက်ရှိုင်းလာစေခြင်း
⚫️ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အစာခြေစနစ်နဲ့ ပတ်သက်တဲ့ ရောဂါတွေကို ထိန်းညှိပေးပြီး ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးလို့ ကိုယ်ကျန်းမာရေးကောင်းမွန်စေခြင်းအစရှိတဲ့ အကျိုးကျေးဇူးများစွာ ခံစားရစေနိုင်ပါတယ်။
 
စိတ်နှလုံးတည်ငြိမ်မှုကို ဘယ်လိုတည်ဆောက်နိုင်မလဲ။
၁။သတိပဋ္ဌာန်ကျင့်စဥ်များ ကျင့်ခြင်း
အသက်ရှုတာပဲဖြစ်ဖြစ်၊ အစားစားတာပဲဖြစ်ဖြစ် လက်ရှိဖြစ်ပေါ်နေတဲ့ အချိန်ကာလအပေါ်၊ အလုပ်အပေါ် အပြည့်အဝအာရုံစိုက်ပေးတာမျိုးတို့လို သေးငယ်တဲ့ အရာတွေနဲ့စတင်နိုင်ပါတယ်။ တရားပုံမှန်ထိုင်တာမျိုးကလည်း မိမိခံစားချက်တွေ၊ အတွေးတွေအပေါ် ငြိတွယ်မှုမပါဘဲ စူးစမ်းလေ့လာနိုင်ဖို့ အကူအညီပေးနိုင်ပါတယ်။
 
၂။စည်းဘောင်များချမှတ်ခြင်း
စိတ်နှလုံးတည်ငြိမ်မှု တည်ဆောက်တဲ့နေရာမှာ ပြင်ပက ဖိအားတွေကို ကိုင်တွယ်ဖြေရှင်းဖို့ စည်းဘောင်တွေ ချမှတ်ထားဖို့ အရေးကြီးပါတယ်။ လိုအပ်တဲ့အခါ ငြင်းတတ်ဖို့၊ မိမိကို အဆိပ်အတောက်ဖြစ်စေတဲ့ ပတ်ဝန်းကျင်နဲ့ ကင်းကင်းရှင်းရှင်းနေဖို့၊ ကိုယ့်အတွက် တကယ်အရေးကြီးတဲ့အရာအပေါ်ကို အလေးပေးဖို့တို့က အရေးကြီးပါတယ်။
 
၃။လက်ခံတတ်မှု (Acceptance) ကိုကျင့်သုံးခြင်း
အခြေအနေတွေကို တွန်းခံ၊ တွန်းလှန်ဖို့ ကြိုးစားမိနေခြင်းက ပိုမိုဆောက်တည်ရာမရ ဖြစ်စေနိုင်ပါတယ်။ အဲ့တာမို့ အခြေအနေတွေ၊ ခံစားချက်တွေနဲ့ လူတွေကို ဝေဖန်၊ငြင်းဆန်မှုတွေမပါဘဲ အရှိအတိုင်းလက်ခံဖို့ ကြိုးစားလေ့ကျင့်ခြင်းဖြင့်လည်း စိတ်နှလုံးတည်ငြိမ်မှုတည်ဆောက်နိုင်ပါတယ်။
 
၄။သဘာဝတရားနဲ့ အချိန်ကုန်ဆုံးခြင်း
သဘာဝတရားနဲ့ အချိန်ကုန်ဆုံးတဲ့အခါ စိတ်ဖိစီးမှုကိုလျော့ချစေပြီး စိတ်ခံစားချက် ကောင်းမွန်စေတဲ့ ဟော်မုန်း ထုတ်ပေးတဲ့အပြင် စိတ်နှလုံး တည်ငြိမ်မှုကို ထိန်းသိမ်းပေးပါတယ်။ ပန်းခြံထဲ လမ်းလျှောက်ထွက်တာမျိုး၊ နေဝင်ချိန် စောင့်ကြည့်တာမျိုး၊ သစ်ပင်အောက်မှာ ထိုင်တာမျိုးတို့လို သေးငယ်တဲ့အရာလေးတွေကအစ စိတ်ကျန်းမာရေးအပေါ်မှာ သက်ရောက်မှုရှိပါတယ်။
 
၅။ကျွမ်းကျင်ပညာရှင်များထံက အကူအညီရယူပါ
စိတ်တုန်လှုပ်ခြင်းက ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုမဟုတ်ပေမယ့် ရေရှည် ကြုံတွေ့လာရပြီ ဆိုရင်တော့ အခြားသော စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုတွေနဲ့ နှလုံးရောဂါတို့လို ကိုယ့်ခန္ဓာကိုယ်ကိုပါ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ယုံကြည်စိတ်ချရတဲ့ စိတ်ကျန်းမာရေးပညာရှင်များရဲ့ လမ်းညွှန်ပြသမှု Cognitive Behavioural Therapy, Dialectical Behaviour Therapy တို့လို ကုထုံးများကို ရယူဖို့အတွက် အကြံပေးချင်ပါတယ်။
 
ကျွန်မတို့ Jue Jue’s Safe Space ရဲ့ စာဖတ်သူတွေကော စိတ်တုန်လှုပ်မှုတွေ ဖြစ်ပေါ်တဲ့အခါ ဘယ်လက္ခဏာတွေ ဖြစ်လာတတ်တာကို သတိထားမိလဲဆိုတာကို Comment Box မှာ မျှဝေပေးသွားပါဦးနော်။
Reference
Symbosity-Mindfulness Practices to Cultivate Inner Stillness
Charlie Health-5 Tips for How to Stop Feeling Restless
Faster Capital- Cultivating Inner Stillness And Clarity
Tags:
Mental Health
ဒီဇင်ဘာ 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

နိုဝင်ဘာ 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

နိုဝင်ဘာ 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

အောက်တိုဘာ 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

စက်တင်ဘာ 22, 2025

မထိုက်တန်သူ

မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊

မေ 5, 2025

မျက်ရည်မကျဘဲ ငိုကြတဲ့အခါ ..

"မျက်ရည်မကျဘဲ ငိုကြတဲ့အခါ .." တခါတလေမှာ ကျမတို့ဟာ စိတ်ထဲက

my_MMMY