မထိုက်တန်သူ

ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။
ကိုယ်ရောက်ရှိနေတဲ့နေရာ၊ လက်ခံရရှိနေတဲ့ အခွင့်အရေး၊ ပိုင်ဆိုင်ထားရတဲ့အရာတွေက ကံကောင်းခြင်းသက်သက်ပဲ ငါက အရည်အချင်း မပြည့်ဝသူလို့ တွေးနေမိလား။

တကယ်တမ်းမှာ လူအများစုက ငါက မထိုက်တန်သူ၊ မပြည့်ဝသူလို့ ကိုယ့်ကိုယ်ကို ခံစားရတတ်ကြပါတယ်။ စစ်တမ်းတွေအရဆိုရင် လူဦးရေရဲ့ ၈၀ရာခိုင်နှုန်းလောက်က မထိုက်တန်သူ( Imposter Syndrome)လို့ ဘဝရဲ့ တချိုးတကွေ့မှာ ခံစားရတတ်ကြပါတယ်။ အခုလို Imposter Syndrome ကို ကျောင်းသား၊ကျောင်းသူတွေ၊ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ ပညာရှင်တွေအထိ လူတန်းစားမရွေး၊ ကျောထောက်နောက်ခံမရွေး ခံစားရနိုင်ပါတယ်။
မိမိဆီမှာ မထိုက်တန်သူဆိုတဲ့ Imposter Syndrome ရှိနေပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။

-ကိုယ့်ရဲ့ အရည်အချင်းကို မယုံကြည်ဘဲ ရရှိနေတဲ့အောင်မြင်မှုတွေက ကိုယ်နဲ့ မထိုက်တန်ဘူးလို့ ခံစားရခြင်း
-အမှားလုပ်မိသွားရင် ကိုယ့်ကျွမ်းကျင်မှုတွေက အလိမ်အညာတွေဆိုတာပေါ်သွားမယ်လို့ ခံစားရပြီး ရှုံးနှိမ့်မှာ၊ အမှားလုပ်မိမှာ ကြောက်ရွံ့ခြင်း
-မိမိရဲ့ အောင်မြင်မှုတွေက ကိုယ့်အရည်အချင်းကြောင့်မဟုတ်ဘဲ ကံကောင်းလို့၊ တခြားသူတွေရဲ့ ပံ့ပိုးမှုတွေကြောင့် ရရှိတာလို့ ယုံကြည်ခြင်း
-ချီးကျူးစကားတွေ၊ အပြုသဘောဆောင်တဲ့ စကားတွေ ကြားရတဲ့အခါ မထိုက်တန်ဘူးလို့ ခံစားရတဲ့အတွက် လက်မခံနိုင်ခြင်း
-တခြားသူများကို စိတ်ပျက်အောင်လုပ်မိမှာ အမြဲတစေ စိုးရိမ်နေခြင်း
အစရှိတဲ့ အခြေအနေတွေကို တွေ့ကြုံရလေ့ရှိပါတယ်။
ဒီမထိုက်တန်သူ သံသရာကြီးကို ဘယ်လို ရပ်တန့်နိုင်မလဲ။
မထိုက်တန်သူ
၁။အသိအမှတ်ပြုပေးပါ။
မိမိခံစားနေရတဲ့ ခံစားချက်တွေကို မတွန်းလှန် မငြင်းဆန်ဘဲ အသိအမှတ်ပြုပေးပါ။ မထိုက်တန်ဘူးလို့ ယုံကြည်နေတဲ့အတွက် မိမိအနေနဲ့ ကိုယ့်ကိုယ်ကို သံသယလွန်ကဲတာတွေ ခံစားချက်ပြင်းထန်တာမျိုးတွေ မကြာခဏ ကြုံတွေရနိုင်ပါတယ်။ အဲဒီအခါ ခံစားချက်ဟာ ခံစားချက်တစ်ခုသာဖြစ်ပြီး အချက်အလက်တစ်ခု မဟုတ်တာကို ခွဲခြားကြည့်ဖို့ လိုပါတယ်။ ဒါ့အပြင် အခုလို မထိုက်တန်ဘူးလို့ ခံစားရစေတဲ့ အတွေးက ဘယ်လိုအချိန်၊ ဘယ်လိုအခြေအနေတွေမှာ ထွက်ပေါ်လာလေ့ရှိလဲဆိုတာကို ဆန်းစစ်လေ့လာကြည့်ပါ။
 
၂။အောင်မြင်မှုတွေကို အသိအမှတ်ပြုပါ။
သေးငယ်တဲ့အရာတွေကစပြီး မိမိရဲ့ အောင်မြင်မှု၊ မိမိဂုဏ်ယူရတဲ့ အခိုက်အတန့်တွေကို မှတ်တမ်းတင်၊ မှတ်စုနဲ့ မှတ်ပြီး မိမိကိုယ်ကို အသိအမှတ်ပြု၊ ဂုဏ်ပြုပေးပါ။ မိမိအနေနဲ့ မထိုက်တန်ဘူးခံစားရတဲ့အခါ သံသယတွေ လွန်ကဲလာတဲ့အခါ အခါခါ ပြန်လည်ဖတ်ရှူပြီး ကိုယ်က ထိုက်တန်တဲ့သူတစ်ယောက်ဖြစ်ကြောင်း အသိအမှတ်ပြုပေးပါ။
 
၃။မိမိကိုယ်ကို ကြင်နာမှုနဲ့ဆက်ဆံပါ
မိမိက ကြင်နာမှုနဲ့ ထိုက်တန်တဲ့သူတစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့် မိမိကိုယ်ကို သံသယလွန်ကဲလာတဲ့ အချိန်တွေ၊ မထိုက်တန်သူလို့ခံစားရတဲ့ အချိန်တွေမှာပါ ကြင်ကြင်နာနာနဲ့ဆက်ဆံပေးပါ။ မိမိအနေနဲ့ အသားမကျလို့ ခက်ခဲနေရင် ကိုယ်သူငယ်ချင်းတစ်ယောက်သာ အခုလို ခက်ခဲနေရရင် ကိုယ်အနေနဲ့ ဘယ်လိုဆက်ဆံပေးလဲ။ သူ့ကို အပြစ်တင် ဝေဖန်မလား။ အားပေးအသိအမှတ်ပြုမလား။ ပြန်လည်တွေးတောပြီး ကိုယ်သူငယ်ချင်းတစ်ယောက်ကို ဆက်ဆံမယ့် ပုံစံအတိုင်း မိမိကိုယ်ကို ကြင်နာစွာ ဆက်ဆံပေးပါ။
 
၄။တခြားသူတွေနဲ့ မနှိုင်းယှဥ်ပါနဲ့
အထူးသဖြင့် ဒီနေ့ခေတ်လို လူမှုကွန်ရက် စာမျက်နှာတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတဲ့ အချိန်မှာ မိမိကိုယ်ကို အခြားသူနဲ့ နှိုင်းယှဥ်မိဖို့က လွယ်ကူပါတယ်။ အရင်ကထက် ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက် ဖြစ်လာဖို့က အရေးကြီးတာဖြစ်ပြီး ဘယ်သူကမှ မပြီးပြည့်စုံတာမလို့ မပြီးပြည့်စုံလည်းရပါတယ်။
 
၅။လိုအပ်ရင် အကူအညီရယူပါ။
မိမိအနေနဲ့ ခံစားချက်တွေကြောင့် ခက်ခဲ မွန်းကြပ်လာရင် ယုံကြည်စိတ်ချရတဲ့ မိသားစုဝင်၊ မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့ ခံစားချက်တွေ မျှဝေဖလှယ်တာမျိုးလုပ်နိုင်ပါတယ်။ ဒါ့အပြင် လိုအပ်ရင် မှန်ကန်တဲ့ လမ်းညွှန်ပံ့ပိုးမှုတွေ၊ ထောက်ပံ့မှုတွေ ပေးနိုင်တဲ့ စိတ်ကျန်းမာရေးပညာရှင်တွေ၊ ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး အကူအညီရယူဖို့ ပြောကြားပါရစေ။
 
Imposture Sydrome က စိတ်ပိုင်းဆိုင်ရာ အားနည်းချက်၊ ချို့တဲ့မှု တစ်ခုမဟုတ်ပေမယ့် ရေရှည် ခံစားနေရပြီဆိုရင် စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှုတွေကနေ စိတ်ထောင်းကိုယ်ကြေ၊ မီးစာကုန်ခမ်းလာတာတွေ၊ မိမိကိုယ်ကို ယုံကြည်မှု ကျဆင်းလာတာကြောင့် မိမိရဲ့ နေ့စဥ်ဘဝတွေမှာ၊ ပေါင်းသင်းဆက်ဆံရေးတွေနဲ့ ပညာရေး သို့မဟုတ် လုပ်ငန်းခွင်ပိုင်ဆိုင်ရာတွေမှာ အများကြီး ထိခိုက်မှု ရှိလာနိုင်ပါတယ်။
 
ကျွန်မတို့ Jue Jue’s Safe Space ရဲ့ စာဖတ်သူတွေထဲမှာကော ကိုယ့်ကိုယ်ကို မထိုက်တန်ဘူးလို့ ခံစားဖူးတဲ့ သူတွေရှိကြလား။ ရှိခဲ့ရင် မိမိရဲ့ ခံစားချက်တွေ၊ အတွေ့အကြုံတွေကို comment box မှာ မျှဝေပေးဖို့ ဖိတ်ခေါ်ပါရစေနော်။
Reference
Stephanie Booth-Imposter Syndrome: How to Overcome It-Medically Reviewed by Jabeen (2024)
 
ဒီဇင်ဘာ 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

နိုဝင်ဘာ 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

နိုဝင်ဘာ 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

အောက်တိုဘာ 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

စက်တင်ဘာ 22, 2025

မထိုက်တန်သူ

မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊

my_MMMY