သားသမီးတွေအပေါ် ထားရှိတဲ့ မိဘရဲ့ ချစ်ခြင်းမေတ္တာတွေက အမြဲတမ်း နူးညံ့ သိမ်မွေ့ပြီး အနှိုင်းမဲ့ ချစ်မေတ္တာတွေ မဟုတ်ပါဘူး။ ဇာတ်လမ်းတွေ ဝတ္ထုတွေကလို ပြီးပြည့်စုံပြီး ကိုယ့်ကို အမြဲတမ်း နားလည်ခွင့်လွှတ်တာမျိုး ကိုယ်လိုအပ်တဲ့ အချိန်တိုင်း အနားမှာ အသင့်ရှိနေတာမျိုး မဟုတ်တာတွေလည်း ဖြစ်နေနိုင်ပါတယ်။ သားသမီးအတွက် လမ်းလျှောက်တတ်စ အရွယ်ကစလို့ ဆယ်ကျော်သက်အရွယ် အသက်တွေ ကြီးလာသည့်တိုင် မိဘတွေဆီက ချစ်ခြင်းမေတ္တာ နားလည်ယုံကြည်ပေးမှုတွေနဲ့ စိတ်ပိုင်း ဆိုင်ရာလုံခြုံမှုတွေ လိုအပ်ပါတယ်။
 
မိဘတွေဆီမှ ချစ်ခြင်းမေတ္တာတွေကို မရရှိတဲ့အခါ မခံစားရတဲ့အခါ သားသမီးတွေက ပင်ပန်းအထီးကျန်တဲ့ ခံစားချက် ရင်ထဲ လှစ်ဟာနေတဲ့ နေရာတွေကို ဖြည့်နိုင်ဖို့ ချစ်ခြင်းမေတ္တာတွေကို အပြင်ရပ်ဝန်းကနေ လိုက်ရှာမိပါတော့တယ်။ ထိုကဲ့သို့ ရှာဖွေနေတဲ့ အချိန်တွေမှာလည်း မိမိရဲ့ ချစ်ခြင်းမေတ္တာကို လိုအပ်မှုက ကျန်းမာကောင်းမွန်တဲ့ လက်တွဲဖော်များ (ခေတ်စကားနဲ့ ဆိုရရင် Red Flag, Green Flag) ပိုင်းခြားသိမြင်နိုင်စွမ်း သာလွန်နေတာကြောင့် relationship တွေမှာလည်း မကြာခဏဆိုသလို ပြဿနာတွေ ကြုံတွေ့တတ်ရပါတယ်။ 
 
ဥပမာဆိုရသော်-
မိဘများဆီမှ ခံစားခဲ့ရတဲ့ အထီးကျန်မှုတွေကြောင့် လက်တွဲဖော်ထံမှ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုများ အသိအမှတ်ပြုမှု (validation) များကို အဆက်မပြတ် ရှာဖွေနေခြင်း
လက်တွဲဖော်အပေါ် မိမိရဲ့စိတ်ပိုင်းဆိုင်ရာ သုခချမ်းသာ (emotional well-being) အတွက် အလွန်အမင်း မှီခိုလာခြင်း
မိမိကိုယ်ကို ချစ်ခင် မြတ်နိုးမှု လေးစားမှု နည်းပါလာပြီး သိမ်ငယ်စိတ်များ ဝင်ခြင်း
ငြင်းပယ်ခံရမှာ ကြောက်ရွံ့သောကြောင့် မိမိရဲ့ စိတ်ခံစားချက်များ ဖွင့်ဟပြောဆိုရန် ခက်ခဲခြင်း သို့မဟုတ် လက်တွဲဖော်အပေါ် အပြည့်အဝ ယုံကြည်ရန် ခက်ခဲခြင်း
အချစ်ခံလိုသောကြောင့် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် မိမိ စိတ်ဆန္ဒတစ်ခွန်း မဆိုဘဲ အမြဲတမ်း ချစ်ရသူ အလိုကျ စိတ်တိုင်းကျ ပြုမူ ပြောဆို နေထိုင်ခြင်း
တို့မှစလို့ အခြားသော စိတ်ပိုင်းဆိုင်ရာ အခြေအနေများကို ကြုံတွေ့ ခံစားရတတ်ပါတယ်။
 
အားငယ်အထီးကျန်ပြီး ချစ်ခြင်းမေတ္တာတွေ လိုအပ်နေတဲ့ကိုယ်ကို ဘာတွေ လုပ်ပေးနိုင်မလဲ…❓
ခံစားချက်များကို အသိအမှတ်ပြုပေးပါ
အထီးကျန်မှု မှစလို့ အခြားသော မိမိရဲ့ ခံစားချက်များကို အရှိတိုင်း လက်ခံ အသိအမှတ်ပြုပေးတာကကိုင်တွယ်ဖြေရှင်းဖို့ ပထမဆုံးခြေလှမ်းပါပဲ။
 
ကြင်နာမှုအပြည့်နဲ့ ဆက်ဆံပေးပါ
ကိုယ့်ကိုကိုယ် နွေးထွေးကြင်နာစွာ ဆက်ဆံပေးပြီး လိုချင်နေတဲ့ ချစ်မေတ္တာတွေကို ကိုယ့်ကိုကိုယ် ပေးကြည့်လို့ရပါတယ်။ မိမိဟာ အမှားတွေလုပ်မိလည်း အဆင်ပြေပြီး အမြဲ ချစ်ခြင်းမေတ္တာနဲ့ လက်ခံထိုက်သူဆိုတာကို သတိရစေချင်ပါတယ်။
 
ချစ်ရတဲ့ ချစ်သူ သို့ မိတ်ဆွေများကဲ့သို့ ဆက်ဆံပေးပါ
ကျွန်မတို့ဟာ သူများကို ချစ်ခြင်းမေတ္တာတွေ နားလည်မှုတွေ ပေးစွမ်းနိုင်ကြပေမယ့် မိမိကိုယ်ကိုကျ ခက်ခဲလေ့ရှိတတ်ပါတယ်။ ထိုအခါ “တန်ဖိုးထားရတဲ့ ချစ်သူ သူငယ်ချင်းတွေအပေါ် ငါ ဘယ်လို ဆက်ဆံပေးနေသလဲ “ဆိုတာကို ပြန်လည် သုံးသပ်ကြည့်ပြီး မိမိကိုယ်ကို ချစ်ရတဲ့ ချစ်သူ သို့ မိတ်ဆွေများကိုအမြဲ ကြင်နာစွာဆက်ဆံသကဲ့သို့ ဆက်ဆံပေးကြည့်ခြင်းနဲ့ စတင်နိုင်ပါတယ်။
 
ရှိရင်းစွဲဆက်ဆံရေးကို ပြုစုပျိုးထောင်ပေးပါ
မိသားစုဝင်များ ချစ်ရသူများနှင့် လက်ရှိဆက်ဆံရေးကို ပြုစုပျိုးထောင်ဖို့အတွက် ပိုမိုရင်းနှီးလာဖို့ အချိန်ယူကြည့်လို့ရပါတယ်။ လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ နှလုံးသားချင်းစကားပြောတာပဲဖြစ်ဖြစ်၊ ထမင်းလက်ဆုံစားကြည့်တာပဲဖြစ်ဖြစ် Quality time တွေကို အတူဖြတ်သန်းကြည့်တာကလည်း တစ်ယောက်ကို တစ်ယောက် ပိုမို သိမြင်နားလည်နိုင်ပါတယ်။ ကိုယ် ကြိုးစားကြည့်ပေမယ့် တွေးထင်ထားတဲ့ ရလဒ်ကို မရရှိတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ထိုအခါ မိမိကိုယ်ကို နားလည်ပေးပြီး Quality over Quality (အရေအတွက်ထက် အရည်အသွေးက ပိုအရေးကြီးတယ်) ကိုသတိရစေချင်ပါတယ်။
 
လိုအပ်ပါက အကူအညီရယူပါ
စိတ်ခံစားချက်များကို တစ်ယောက်တည်း ကိုင်တွယ်ဖြေရှင်းတဲ့အခါ မိမိ ထင်ထားတာထက် ပိုမို ခက်ခဲပင်ပန်းနိုင်တာမို့ လိုအပ်လာတဲ့အခါ စိတ်ချယုံကြည်ရသောသူငယ်ချင်းများ၊ မိသားစုဝင်များကို အကူအညီရယူဖို့ ဆက်သွယ်ဖို့အရေးကြီးပါတယ်။ ခံစားချက်များကို နားထောင် အတူအဖြေရှာပေးပြီး ကိုင်တွယ်ဖြေရှင်းဖို့ မှန်ကန် ကျန်းမာတဲ့နည်းစနစ်တွေ သင်ကြားပေးနိုင်မယ့်သူများကိုလည်း လိုအပ်လာတဲ့အခါမှာလည်း ယုံကြည်စိတ်ချရတဲ့ စိတ်ကျန်းမာရေးပညာရှင်များ Jue Jue’s Safe Space ကဲ့သို့ ကျွမ်းကျင် အဖွဲ့အစည်းများထံတွင် အကူအညီရယူဖို့ မှာကြားပါရစေနော်။ ကျွန်မတို့ Jue Jue’s Safe Space ရဲ့ page messenger မှာလည်း ရင်ဖွင့်ပြောဆိုနိုင်ပါတယ်။
ကျွန်မတို့အားလုံးဟာ ဘဝတစ်လျှောက်လုံး ချစ်ခြင်းမေတ္တာတွေကို အပြင်ရပ်ဝန်းကနေ ရှာနေရင်း မိမိကိုယ်ကို ကိုယ်တိုင်ပေးဖို့ကို မေ့လျော့နေတတ်ကြပါတယ်။ မိမိခံစားချက်တွေ စိတ်ပင်ပန်း နာကျင်မှုတွေကို နားလည်ပေးနိုင်မယ့် အသိအမှတ်ပြုပေးမယ့် သူတွေ ရှာဖွေရင်း ကိုယ့်ခံစားချက်တွေကို ကိုယ်တိုင် အသိအမှတ်မပြုမိကြပါဘူး။ တကယ်တော့ ဒီခံစားချက်တွေက ဘယ်သူမှ အသိအမှတ်မပြုတောင် မိမိရဲ့ နာကျင်တဲ့ ခံစားချက် အထီးကျန်တဲ့ ခံစားချက် ဒီခံစားချက်တွေအကုန်က စစ်မှန်တယ် ဆိုတာကို သတိရစေချင်ပါတယ်။
 
မိမိက ဒီခံစားချက်တွေကို လက်ခံဖို့ အသိအမှတ်ပြုဖို့ အဆင့်သင့်ဖြစ်နေပြီဆိုရင် comment box မှာမျှဝေပေးသွားပါဦးနော်…
References from
Prity Rajbhandary – IMPACT OF PARENTAL NEGLECT ON TEENAGERS (2019)
The Children Society-Understanding Adolescent Neglect: Troubled Teens (2016)
Better Help- Coping skills for teens: How to handle difficult emotions (2024)
ဒီဇင်ဘာ 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

နိုဝင်ဘာ 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

နိုဝင်ဘာ 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

အောက်တိုဘာ 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

my_MMMY