Jue Jue's Safe Space ရဲ့ မေလ တွင်ပြုလုပ်မည့် Online နှင့် In person အစီအစဉ်များ

ကျွန်မတို့ Jue Jue’s Safe Space ရဲ့ မေလမှာ လုပ်ဆောင်သွားမယ့် သင်တန်းများ၊ လှုပ်ရှားမှုများကို ဖော်ပြပေးထားပါတယ်။ မေလမှာ စိတ်ကျန်းမာရေးအသိပညာတိုးပွားဖို့ online ကနေ ပြုလုပ်သွားမယ့် သင်တန်းများ၊ဆွေးနွေးပွဲများအပြင် မဲဆောက်ရုံးမှာ In person ပါဝင်တက်ရောက်နိုင်မယ့် စိတ်ကျန်းမာရေးမြင့်တင်ဖို့ အစီအစဉ်ကောင်းများပါ ပါဝင်ပါတယ်။
ကျွန်မတို့အနေနဲ့ ပြည်တွင်းပြည်ပရှိမြန်မာပြည်သားများရဲ့ စိတ်ကျန်းမာရေးကို အစဉ်အမြဲဂရုတစိုက် ကူညီဆောင်ရွက်ပေးဖို့ရှိနေသလို စိတ်ကျန်းမာရေးအားကောင်းလာဖို့ သင်တန်းများနဲ့အတူ အခြားထိရောက်စေမယ့် လှုပ်ရှားမှုများကိုလည်း စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒါကြောင့် မိမိစိတ်ဝင်စား ပါဝင်ချင်တဲ့ အစီအစဉ်ကို ကြိုတင်စာရင်းသွင်းထားရင်း မိမိရဲ့စိတ်ကျန်းမာရေးကို Jue Jue’s Safe Space နဲ့အတူ မြင့်တင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
en_USEN