Jue Jue’s Safe Space


Safe Space for All, Safe Space to Talk
Mental Health Services for Myanmar Communities

Our Organization

Jue Jue's Safe Space Organization was established in 2021 as a non-profit organization with 501 (c) (3) status in Hawaii, the United States of America due to the needs of mental health service for Myanmar people after the coup. Jue Jue Min Thu, the founder of the organization is a social worker who values social justice and works for the individuals who are struggling with mental health issues.

Suicide Prevention Training

Total Completion

839

Helpline Participants

373

Total Participants

1,654

Training Batch

1 to 6

Our Services

  • Individual Counseling

  • Group Counseling

  • Couple Counseling

  • လက်တွေ့ပြန်လည်အသုံးပြုနိုင်သော အမေရိကန်အသိအမှတ်ပြု သင်ရိုးညွှန်းတန်းများဖြင့် သင်ကြားပေးသော အသိအမှတ်ပြုဘွဲ့လက်မှတ်ရ ဆရာ၊ ဆရာမများဖြင့် သင်တန်းများကိုလည်း Jue Jue’s Safe Space မှာ တစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ်၊ ပြုလုပ်လျက်ရှိပါတယ်။

  • အမေရိကန်နိုင်ငံအသိအမှတ်ပြုလက်မှတ်ရဆရာမဒေါ်ဂျူးဂျူးမင်းသူ၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် စိတ်ကျန်းမာရေးဆောင်ပါးများ Video များကိုလည်း Jue Jue’s Safe Space ၏ Social Media Platform များတွင် အခမဲ့ဖတ်ရှုနိုင်အောင်တင်ပေးလျက်ရှိပါတယ်

  • Suicide Helpline တွင်လုပ်ကိုင်နေသောစေတနာ့ဝန်ထမ်းများအား Continue Education Session များကို မတူညီ‌သောခေါင်းစဉ်များအလိုက် စေတနာ့ဝန်ထမ်းများ၏လိုအပ်ချက်ကိုကြည့်ရှုပြီး လစဉ် Free Education Session များပေးလျက်ရှိပါတယ်။

24/7 Suicide Helpline

လက်ရှိမြန်မာနိုင်ငံ၏ အကြပ်အတည်းကာလအတွင်း သက်ရောက်မှုများထဲမှ အထိအခိုက်အမြင့်ဆုံးနှင့် အပြင်း ထန်ဆုံးအရာဖြစ်သည့် မိမိကိုယ်ကို အဆုံးစီရင်ခြင်းကိစ္စများ၊ မိမိကိုယ်ကိုယ်နာကျင်အောင်ပြုလုပ် သူများအတွက် အလေးအနက်ထားရည်ရွယ်ပြီး Jue Jue's Safe Space မှ ၂၄နာရီ စိတ်ကျန်းမာရေး ဝန်ဆောင်မှု ပေးနိုင်သည့် Suicide Helpline ကိုဖွင့်လှစ်ထားပြီး မိမိကိုယ်ကိုယ်အဆုံးစီရင်ခြင်းများ အဆက် မပြတ် ဖြစ်ပေါ်နေမှုများကို လက်လှမ်းမှီသလောက် ကူညီမှုများပေးနိုင်အောင် Batch (1) မှ Batch (5) အထိ စေတနာ့ဝန်ထမ်းစုစုပေါင်း ၃၇၃ ဦးလုပ်ကိုင်လျက်ရှိကာ 24 နာရီ Helpline ကိုဖွင့်လှစ်ထားရှိပါတယ်။  တစ်နှစ်ကျော် အတွင်း လူပေါင်း (၅၆) ယောက်ကျော်ကို အရေးပေါ် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်နိုင်ခဲ့ပါတယ်။

Upcoming Events And Trainings

Dialectical Behavior Therapy Workshop

“Essential Counseling Skills Training for Peer Support Specialist” ဆိုတာ ဘယ်လိုသင်တန်းမျိုးလဲ?

Jue Jue’s Safe Space ရဲ့ Founder Jue Jue Min Thu နှင့် စိတ်ကျန်းမာရေးနယ်ပယ်မှာ ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်နေသော ဆရာမနှစ်ယောက်တို့က တစ်ရက် ၂နာရီ၊ ၅ရက် (၁၀နာရီ) နှင့် စိတ်ကျန်းမာရေးဆိုင်ရာ Counseling ရဲ့ မဖြစ်မနေလိုအပ်တဲ့ Essential Skillsets တွေကို အခမဲ့သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

သင်တန်းတက်ရောက်ရန် လျှောက်ထားသူများထဲမှ အမှန်တကယ် လူမှုအကျိုးပြုလုပ်ငန်းကို လုပ်ကိုင်လိုစိတ်ရှိသူများ၊ စိတ်ကျန်းမာရေးအခြေခံဗဟုသုတ ရှိသူများထဲမှ လူဦးရေ (၃၀) ယောက်ကို သင်တန်းတက်ရောက်ရန် ရွေးချယ်သွားမှာဖြစ်ပါတယ်။ သင်တန်းတက်ရောက်ပြီးသော အယောက် (၃၀)မှ ထူးချွန်သောသူ အယောက် (၂၀)ကို ထပ်မံရွေးချယ်ကာ Jue Jue’s Safe Space Team တွင် ရွယ်တူချင်း ပြန်လည်အားပေး စိတ်ကျန်းမာရေးအကျိုးပြု စေတနာ့ဝန်ထမ်း (Peer Support Specialists) များအနေနှင့် ထပ်မံရွေးချယ်သွားမှာ ဖြစ်ပါတယ်။

Reviews

Join Our Safe Space Community