မင်္ဂလာပါရှင်။
Jue Jue’s Safe Space နဲ့ MAP Foundation တို့ရဲ့ ပူးပေါင်းတင်ဆက်မှုအဖြစ် “လုံမေ့ခွန်အား” ရေဒီယိုအသံလွှင့်အစီအစဉ်လေးကို MAP Radio FM 102.5 MHz မှာ နဲ့ MAP Radio Facebook Page တို့မှာ ဂုဏ်ယူဝမ်းမြောက်စွာ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်တင်ဆက်ပေးနေပါတယ်ရှင်။
 
ဒီတစ်ပတ်တင်ဆက်သွားမှာကတော့ “စိတ်ထွက်ပေါက်ကို ဘယ်လိုဖြေဖျောက်မလဲ” ဆိုတဲ့ ခေါင်းစဉ်ကို တင်ဆက်သွားမှာပါ။ လူတွေဟာ အခက်အခဲ၊ အကြပ်အတည်း၊ ဒေါသ၊ စိတ်ပူပန်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ စိတ်ထွက်ပေါက်အနေနဲ့ မူးယစ်ဆေးဝါးနဲ့ အရက်တို့ကို စမ်းသပ်သုံးစွဲကြည့်ရာက စွဲလန်းသွားတတ်ပါတယ်။ ဒါကြောင့် ဒီလိုရင်ဆိုင်ရတဲ့အခါ စိတ်ထွက်ပေါက်အဖြစ် မူးယစ်ဆေးဝါး၊ အရက်အစားနဲ့ မကောင်းတဲ့အမူအကျင့်တွေအစား ဘယ်လိုအရာတွေကို လုပ်သင့်လဲ၊ အားကစား၊ အနုပညာစတဲ့ မိမိဝါသနာတွေကို စိတ်ထွက်ပေါက်အနေနဲ့ အသုံးချနည်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
 
ထိုင်းနိုင်ငံရောက် မြန်မာပြည်သူတွေ၊ ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သူတွေ၊ အထူးသဖြင့်အမျိုးသမီးနဲ့ မိန်းကလေးတွေအတွက် “လုံမေ့ခွန်အား” အစီအစဉ်လေးက စိတ်ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဆောင်းပါးတွေ၊ စိတ်ဝင်စားစရာဗဟုသုတတွေ၊ အမေးအဖြေတွေ၊ ရင်ဖွင့်ပေးစာကဏ္ဍတွေ တင်ဆက်ပေးသွားမှာဖြစ်လို့ နားဆင်အားပေးဖို့အတွက် ဖိတ်ခေါ်လိုက်ရပါတယ်။
 
ရွေ့ပြောင်းအလုပ်သမားများနဲ့ အမျိုးသမီးများကို စိတ်ဓာတ်ခွန်အား ပေးလိုတဲ့ ပေးစာများကို ဖတ်ပြပေးသွားမယ့် အစီအစဉ်လည်း ထည့်သွင်းထားတာမို့လို့ ပေးစာပေးပို့လိုသူများ အနေနဲ့လည်း JJSS Page ကိုဖြစ်စေ MAP Radio FM 102.5 MHz Page ကိုဖြစ်စေ ပေးပို့နိုင်ပါတယ်ရှင်။
 
ထိုင်းနိုင်ငံအတွင်းက ပြည်သူတွေအနေနဲ့ ဒီအစီအစဉ်လေးကို နားထောင်အားပေးချင်တယ်ဆိုရင် (၁၁.၉.၂၀၂၅) ကြာသပတေးနေ့၊ နေ့လည် ၁ နာရီမှာ FM 102.5 MHz ကို ဖမ်းယူပြီး နားသောတဆင်နိုင်သလို တခြားနိုင်ငံက လူတွေအနေနဲ့ MAP Radio ရဲ့ Facebook Pageဖြစ်တဲ့ MAP Radio- FM 102.5 MHz မှာလည်း နားသောတဆင်လို့ ရပါတယ်ရှင်။
 
ဒီတစ်ပတ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ “စိတ်ထွက်ပေါက်ကို ဘယ်လိုဖြေဖျောက်မလဲ” ဆိုတဲ့ အစီအစဉ်ကို လာမယ့် စက်တင်ဘာလ (၁၁) ရက်၊ ကြာသပတေးနေ့ ထိုင်းအချိန် နေ့လည် (၁) နာရီမှာ ဖမ်းယူနားဆင်နိုင်မှာ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ရှင်။
 
December 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

November 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

November 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

October 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

September 22, 2025

မထိုက်တန်သူ

မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊

en_USEN