ဒေါသတွေမထိန်းနိုင်လို့ မိမိလူမှုဘဝက ဆိုးကျိုးတွေနဲ့ထိခိုက်နေလား?
မဲဆောက်မြို့မှာရှိတဲ့ မြန်မာပြည်သားတွေအတွက် စိတ်ကျန်းမာရေးမြင့်တင်ဖို့ Jue Jue’s Safe Space ရဲ့ အစီအစဉ်ကောင်းတွေ အပတ်စဉ်လစဉ် ပြုလုပ်သွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ မကြာခင် မေလထဲ ကျွန်မတို့Jue Jue’s Safe Space ရုံးမှာ စိတ်ဒေါသတွေကိုဖြေလျှော့ပြီး စိတ်အေးချမ်းမှု ရရှိစေဖို့ရည်ရွယ်တဲ့ ကျွန်မတို့ရဲ့ Anger Management Program တစ်ခုပြုလုပ်သွားဖို့ရှိပါတယ်။
မေလရဲ့ ပထမပတ်ဖြစ်တဲ့ မေလ (၂) ရက်နေ့နဲ့ (၃) ရက်နေ့ အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
ဒီ Program က စိတ်ဒေါသတွေကို မှန်ကန်စွာ စီမံခန့်ခွဲတတ်ဖို့ ရည်ရွယ်ပြီး အပိုင်း (၂) ပိုင်းနဲ့ သွားမှာပါ –
Self Care Saturday: မေလ ၂ ရက် (စနေနေ့)၊ မနက် ၈:၀၀ – ၉:၀၀ မှာ ခန္ဓာကိုယ်နဲ့ စိတ်ကို ပြေလျော့စေမယ့် ယောဂကျင့်စဉ်တွေကို ပြုလုပ်ပါမယ်။
Supportive Sunday: မေလ ၃ ရက် (တနင်္ဂနွေနေ့)၊ မနက် ၈:၀၀ – ၁၀:၀၀ မှာ Mindfulness၊ စိတ်ပညာဗဟုသုတသင်တန်းနဲ့ အချင်းချင်း ဖေးမကူညီတဲ့ Support Group ရင်ဖွင့်ဆွေးနွေးခြင်းအစီအစဉ် တွေပါဝင်ပါမယ်။
ပါဝင်တက်ရောက်သူများအနေနဲ့ Deposit ဘတ် (၃၀၀) ပေးသွင်းဖို့လိုပါတယ်။ လူဦးရေအကန့်အသတ်နဲ့ တက်ရောက်ခွင့်ရတာဖြစ်တဲ့အတွက် မိမိရဲ့ပျက်ကွက်မှုဟာ တစ်ခြားတက်ခွင့်မရလိုက်သူကို နှစ်နာစေတဲ့အတွက်ဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့ အချိန်အတိုင်း အပတ်စဉ် (၂) ရက်၊ (၄) ပတ်လုံး မပျက်မကွက် တက်ရောက်သူတိုင်းကို မိမိသွင်းထားတဲ့ Deposit (၃၀၀) ဘတ်ကို ရာနှုန်းပြည့် ပြန်လည်ထုတ်ပေးမှာ ဖြစ်ပါတယ်။
ဘယ်သူတွေ တက်ရောက်လို့ ရသလဲ?
မိမိရဲ့ ဒေါသကို ပိုမိုကောင်းမွန်စွာ ထိန်းညှိချင်သူ၊ စိတ်အေးချမ်းမှု လိုချင်သူ၊ စိတ်ကျန်းမာရေးမြင့်တင်လိုသူ မည်သူမဆို တက်ရောက်နိုင်ပါတယ်။ အပတ်စဉ် စနေ့နဲ့ တနင်္ဂနွေနေ့တိုင်း (၄) ပတ်လုံး ပါဝင်နိုင်သူဖြစ်ရပါမယ်။
မိမိရဲ့စိတ်ကျန်းမာရေးကိုမြင့်တင်ဖို့ စိတ်ကျန်းမာရေးဗဟုသုတလည်း တိုးပွားသလို ကိုယ်လက်အင်္ဂါလှုပ်ရှားမှု အစီအစဉ်တွေပါ တပါထဲပါပြီးသားဖြစ်တဲ့အတွက် စိတ်ရောကိုယ်ရော ပေါ့ပါးအောင် အားလုံးတူတူပါဝင်ဖို့ အခုပဲ စာရင်းသွင်းထားဖို့ဖိတ်ခေါ်လိုက်ပါတယ်။ သင်တန်းသားဦးရေ အယောက် (၂၀) ကိုသာ လက်ခံမှာဖြစ်တဲ့အတွက် register မြန်မြန်လုပ်ထားဖို့လိုပါမယ်နော်။
အစီအစဉ်များကို ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွင်ရွင်နဲ့ ပြုလုပ်သွားမှာဖြစ်တဲ့အတွက် မိမိနဲ့အတူတက်ရောက်ချင်တဲ့ မိတ်ဆွေတွေလည်း ပါဝင်တက်ရောက်နိုင်ဖို့ post ကို share ခြင်းဖြင့်ကူညီဖိတ်ခေါ်ပေးပါနော်။