New Year’s Resolutions
အားလုံးပဲ မင်္ဂလာပါရှင်
ဒီအပတ်ရဲ့ Friday LIVE အစီအစဉ်လေးမှာတော့ “ New Year’s Resolutions” “နှစ်သစ်ပန်းတိုင်” ဆိုတဲ့ ခေါင်းစဉ်ကို Jue Jue’s Safe Space မှ Intern တစ်ဦးဖြစ်တဲ့ ဆရာမ ဖူးပြည့်စုံ နဲ့ Dr သည်းသု တို့က ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင်။
ကျွန်မတို့ရဲ့ Friday LIVE Programကို Jue Jue’s Safe Space ရဲ့ Youtube Channel မှာ အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်သွားမှာဖြစ်လို့ Subscribe မလုပ်ရသေးရင် အခုပဲ လုပ်ထားလိုက်ဖို့ မမေ့ပါနဲ့ရှင်။
နှစ်သစ်ရောက်လာတဲ့အချိန်တိုင်းမှာ လူတိုင်းရဲ့စိတ်ထဲမှာ ပန်းတိုင်အသစ်၊ အိပ်မက်အသစ်၊ ရည်မှန်းချက်အသစ်တွေ ပေါ်ထွက်လာကြပါတယ်။ New Year’s Resolutions ဆိုတာက တစ်နှစ်တာအတွင်း ဘာတွေကြိုးစားမယ်၊ ဘာတွေပြောင်းလဲမယ်၊ ဘယ်လိုအောင်မြင်ချင်မယ် ဆိုတဲ့ စိတ်ဓါတ်နဲ့ ဆုံးဖြတ်ချက်တွေကို အဓိကထားတဲ့ အစပြုအချိန်ပါ။ ဒါကြောင့် ပန်းတိုင်တွေချမှတ်တဲ့ အခါမှာအောင်မြင်ဖို့ဆိုရင် ဘာတွေလိုအပ်မလဲ၊ Resolution တွေကို အောင်မြင်အောင် ဆက်လက်လုပ်ဆောင်ဖို့အတွက် မိမိကိုယ်ကိုဘယ်လိုအားပေးသင့်သလဲ၊ GOALS တွေကို မပြည့်မီတဲ့အခါ စိတ်ကျရော၊ အားလျော့ရော ဖြစ်နိုင်တဲ့အခါမှာ ဘယ်လို ပြန်လည်ထူထောင်သင့်သလဲ စတာတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။
 
Jue Jue’s Safe Spaceရဲ့ Follower တွေအနေနဲ့လည်း ဒီအစီအစဉ်လေးမှာ သိချင်တာ မေးမြန်းချင်တာတွေရှိရင် ပါဝင်ဆွေးနွေးဖို့ မေးခွန်းလေးတွေ ပို့လို့ ရသလို ကိုယ်တိုင်စောင့်ကြည့် ဝင်ရောက်ဆွေးနွေးဖို့လည်း အားလုံးကို ဖိတ်ခေါ်ပါတယ်။
 
Live မှာ ပါဝင်ဆွေးနွေးပေးသွားမယ့်သူတွေကတော့ ဆရာမ ဖူးပြည့်စုံ နဲ့ Jue Jue’s Safe Space က ဒေါက်တာသည်းသု တို့က ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
 
ရက်စွဲ : ၂.၁.၂၀၂၆ (သောကြာနေ့)
အချိန် : ည( ၈ ) နာရီ (မြန်မာစံတော်ချိန်)
Live ပြုလုပ်မည့်နေရာ – Jue Jue’s Safe Space YouTube Channel
 
မေးမြန်းချင်တာတွေ ၊ သိလိုတာတွေရှိရင် comment မှာရေးပေးလို့ရသလို Chat Box မှာလည်း ကြိုတင်မေးခွန်းများပို့ကာ မေးမြန်းထားနိုင်ပါတယ်။
December 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

November 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

November 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

October 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

September 22, 2025

မထိုက်တန်သူ

မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊

en_USEN