$ 100 ဆုလည်းရ စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းစေမယ့် Shake it off (14) Days Campaign ကို Join ကြစို့!
ကျွန်မတို့ Jue Jue’s Safe Space က မြန်မာပြည်သူပြည်သားတွေအတွက် မတူညီကွဲပြားတဲ့ပုံစံတွေနဲ့ စိတ်ကျန်းမာရေးကို လက်တွေ့ဖော်ဆောင်ပေးနေပါတယ်။ အခုဆိုရင် စိတ်ကျန်းမာရေးအားကောင်းစေမယ့် Challenge တွေကို လစဉ် ပြုလုပ်ပေးခဲ့တာ ၃ လတိတိ အောင်အောင်မြင်မြင် ပြီးဆုံးထားပြီ ဖြစ်ပါတယ်။
 
သြဂုတ်လအတွက် ( ၄ ) ကြိမ်မြောက် Challenge လေးကတော့ “ Shake It Off ” ဆိုတဲ့ခေါင်းစဉ်နဲ့ ပြုလုပ်သွားမှာဖြစ်ပါတယ်။ Shake It Off Challenge လေးကတော့ စိတ်ကိုလေးလံစေတဲ့ မကောင်းတဲ့စိတ်အညစ်အကြေးတွေ၊ ကိုယ့်ရဲ့ တစ်ကိုယ်ရည်ဖွံဖြိုးမှုကို နှောင့်နှေးစေတဲ့ မကောင်းတဲ့အမူအကျင့်တွေ၊ ခန္ဓာကိုယ်ထုံထိုင်းလေးလံပြီးလှုပ်ရှားမှုနည်းတာတွေ စတဲ့ မိမိမှာ စွဲကပ်နေတဲ့မကောင်းတဲ့အရာတွေကို အတူတူခါချကြဖို့အတွက် မတူညီတဲ့လှုပ်ရှားမှုတွေနဲ့ (၁၄) ရက်တိတိ တစ်နေ့တစ်မျိုးစီ ပြုလုပ်သွားကြမှာပါ။
 
ကျွန်မတို့ရဲ့ တန်ဖိုးရှိတဲ့နေ့ရက်ကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ စိတ်ရောလူပါ တက်ကြွ လန်းဆန်း ကျန်းမာနေဖို့လိုပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့နေ့စဉ်ဘဝလေးလှပကောင်းမွန်စွာ ဖြတ်သန်းနိုင်ဖို့ “ Shake It Off 14 Days Challenge” နဲ့အတူ မကောင်းတဲ့ အမူအကျင့်တွေ၊ စိတ်အညစ်အကြေးတွေကို အတူတူခါချကြရင်း ဆုကြေးငွေလည်း ရရှိနိုင်တာမို့ challenge မှာ အတူတူပါဝင်ဖို့ အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်။
 
Challenge ကြာချိန်ကတော့ ဩဂုတ်လ (၁၇) ရက်နေ့ မှ (၃၀) ရက်နေ့ ထိ (၁၄) ရက်တာကာလ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
Register ပြုလုပ်ရမယ့်နောက်ဆုံးရက်ကတော့ ဩဂုတ်လ (၁၆) ရက်နေ့ ည (၁၁) နာရီမှာ နောက်ဆုံးထားပြီး ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
Challenge မှာပါဝင်ဖို့ အောက်ပါလင့်ကတဆင့် Register လုပ်ပေးဖို့ လိုအပ်ပါ တယ်။ Register လုပ်ထားသူတွေကို email ကတဆင့် ပြန်ပြီး ဆက်သွယ်ပေးသွား မှာဖြစ်လို့ စာရင်းပေးသွင်းပြီးသူများအနေဖြင့် emailစစ်ပေးရန်လိုအပ်ပါတယ်။ 
Challenge များတွင် ပါဝင်တဲ့ လှုပ်ရှားမှုတွေကတော့ ⬇️
 
Day 1 – Let Go,လွှတ်ချခြင်း၊ စွန့်လွှတ်လိုက်ခြင်းစတဲ့ အဓိပ္ပာယ်ရတဲ့ သီချင်းတွေထဲကမှ ကိုယ်ကြိုက်နှစ်သက်ရာ သီချင်း ( ၃ )ပုဒ်ကို ရွေးခြယ်ပြီး စိတ်လွတ်လပ်ပေါ့ပါးစွာ ကခုန်ကြမယ်။
Day 2 – ခံစားရတဲ့စိတ်ဖိစီးမှုတွေကို ကိုယ်လက်၊ ခြေထောက် အကြောတွေ ပြေလျော့ခါချတဲ့ လေ့ကျင့်ခန်းနဲ့အတူ ခါချကြမယ်။
Day 3 – မိမိကိုယ်ကိုယ် အပြစ်တင်မိတဲ့ ခံစားချက်တွေကို ခွင့်လွှတ်စာရေးပြီး ‌ကောင်းမွန်စွာရှေ့ဆက်ကြမယ်။
Day 4 – မကောင်းတဲ့ခံစားချက်တွေ အတွေးတွေကို စာရွက်၊ စက္ကူ အပိုင်းအစပေါ်မှာရေးချပြီး ဆုတ်ချေစွန့်ပစ်ကြမယ်။
Day 5 – မိမိကြိုက်နှစ်သက်တဲ့ Self-care ( ၃ ) ခုလုပ်မယ်။
Day 6 – မိမိစွန့်လွတ်ချင်တဲ့အရာကို စာထဲရေးချပြီး နှုတ်ဆက်စွန့်လွတ်လိုက်မယ်။ Journaling လုပ်မယ်။
Day 7 – ကိုယ်နဲ့အသုံးမတည့်တော့တဲ့ ပစ္စည်းတွေကို တခြားအသုံးလိုတဲ့သူကိုပေးလှူမယ်။
Day 8 – ကိုယ့်အတွက် အဆိပ်သင့်စေတဲ့သူတွေနဲ့ဆက်ဆံရေးကနေ နှုတ်ဆက်ထွက်ခွာမယ်။ ဒီနေ့ကစပြီး မိမိရဲ့ ကိုယ်ပိုင်တန်ဖိုးထားမှုစည်းနဲ့နေမယ်။
Day 9 – မကောင်းတဲ့အကျင့်ဆိုးကြီးတစ်ခုကို ဒီနေ့ကစပြီးစွန့်လွှတ်မယ်၊ ပြင်မယ်။
Day 10 – မိနစ် (၃၀) ရင်ဘတ်ကိုဖွင့်ဟ ဆန့်ထုတ်တဲ့လေ့ကျင့်ခန်းလုပ်ကြမယ်။
Day 11 – ခန္ဓာကိုယ်ပေါ်က မလိုချင်တဲ့အဆီ၊ ကယ်လိုရီတွေကို မိမိနှစ်သက်ရာ လေ့ကျင့်ခန်းနဲ့လုပ်ပြီး ကယ်လိုရီတွေကို လျှော့ချကြမယ်။
Day 12 – မိမိအကြောက်တရားကို ဖယ်ရှားနိုင်မယ့် အရာတစ်ခုလုပ်မယ်။
Day 13 – ကိုယ်ဝတ်ချင်ပေမယ့် ဝတ်ဖို့မဝံ့မရဲဖြစ်နေတဲ့ အဝတ်အစားတွေကို ဝတ်ကြည့်ရင်း မိမိ Insecurity စိတ်မလုံခြုံမှုကိုအနိုင်ယူမယ်။
Day 14 – ပါဝင်သူတွေနဲ့အားလုံးတူတူကကြမယ်၊ ကမယ့်အချိန်ကတော့ နောက်ဆုံးရက် (၃၀) ရက်နေ့ စနေနေ့၊ ညနေ (၅) နာရီမှ (၆) နာရီဖြစ်ပြီး zoom platform ထဲမှာ အတူတူ ပျော်ပျော်ပါးပါး ကခုန်ကြမယ်။
 
Challenge မှာပါဝင်သူတွေအနေနဲ့ လုပ်ဆောင်ရမယ့်အချက်များကတော့
 
၁။ နေ့အလိုက် Activity တွေ လုပ်ဆောင်ပြီး မှတ်တမ်းယူထားရမှာဖြစ်ပါတယ်။ (ဓာတ်ပုံရိုက်ထားခြင်း၊ video record ယူထားခြင်း၊ application ဖြင့်မှတ်တမ်းယူခြင်း)
၂။ မိမိလုပ်ဆောင်မှုရဲ့ မှတ်တမ်းကို Jue Jue’s Safe Space ရဲ့ သက်ဆိုင်ရာ Telegram Group သို့ ည ၁၁:၅၉ နောက်ဆုံးထား ပို့ပေးရပါမယ်။
၃။ ၁၄ ရက်လုံး မပျက်မကွက်လုပ်ဆောင်ရမှာဖြစ်ပြီး လုပ်ဆောင်မှုမှတ်တမ်းကို နေ့တိုင်းမမေ့မလျော့ Submit လုပ်ပေးနိုင်မှသာ ဒီ challenge မှာ ပါဝင်တာ အကျုံးဝင်မှာဖြစ်ပါတယ်။
၄။ ၁၄ ရက်လုံး အောင်မြင်စွာပြီးမြောက်သူတွေထဲက တစ်ဦးကို USD 100 မဲနှိုက် ရွေးချယ် ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။
မကောင်းတဲ့ စိတ်အညစ်အကြေးနဲ့ အမူအကျင့်တွေကို စွန့်ထုတ်ပြီး စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းပေါ့ပါးစေဖို့ Shake It Off 14 Days Challenge မှာ အတူတူပါဝင်ရအောင်!
မိမိသူငယ်ချင်းများနဲ့ အတူတူပါဝင်နိုင်ဖို့ ဒီ post လေးကို share ပြီး စိန်ခေါ်လိုက်ရအောင်ပါ။
 
Shake it off (14) Days Campaign
December 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

November 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

November 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

October 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

September 22, 2025

မထိုက်တန်သူ

မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊

en_USEN