Mental Health Myanmar | Webinar
“STOP GENDER BASED VIOLENCE (GBV) – ဂျဲန်ဒါ အခြေပြုအကြမ်းဖက်မှုချက်ချင်းရပ်”
 
ကျွန်မတို့ Jue Jue’s Safe Spaceက မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်ကျန်းမာရေး အသိပညာများ ပိုမိုကြွယ်ဝစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လစဉ် မတူညီတဲ့ခေါင်းစဉ်တွေနဲ့ Webinarတွေ ပြုလုပ်ပေးနေတာဖြစ်ပြီး ဒီတစ်လမှာတော့ “STOP GENDER BASED VIOLENCE (GBV) – ဂျဲန်ဒါ အခြေပြုအကြမ်းဖက်မှုချက်ချင်းရပ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ပြုလုပ်သွားမှာဖြစ်ပါတယ်။
 
အခုလက်ရှိ ကျွန်မတို့ပတ်ဝန်းကျင်နဲ့ လူမှုကွန်ယက်ပေါ်မှာ အဖြစ်များနေတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်အကြောင်းအရာတွေပေါ်မူတည်ပြီး နိုင်ငံတကာကကျွမ်းကျင်ပညာရှင်တွေဖြစ်တဲ့
Gender Equality Network(GEN) မှ ဒါရိုက်တာဖြစ်သူ ဆရာမ May Sabe Phyu၊
Jue Jue’s Safe Space မှ Clinical Educator, Refugee Case Worker တစ်ဦးဖြစ်တဲ့ ဆရာမ Myintzu Aye
Stop Online Harm အဖွဲ့အစည်းမှ Program Lead ဖြစ်သူ ဆရာမ Hetty နဲ့
ထုတ်ဖော်ပြောဆိုသူ၊ LGBTQ+ အရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဆရာ August တို့က ဦးဆောင်ဆွေးနွေးသွားမှာဖြစ်ပြီး
Jue Jue’s Safe Space ရဲ့ Founder, Lecturer and Licensed social workerတစ်ဦးဖြစ်တဲ့ ဆရာမ Jue Jue Min Thu မှ Moderator အနေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ဆွေးနွေးသွားကြ မှာဖြစ်ပါတယ်။
ဟောပြောပွဲကို လာမည့် ဇူလိုင်လ ( ၁၉ ) ရက်နေ့ ၊ မြန်မာစံတော်ချိန် မနက် (၁၀:၀၀) နာရီ မှ (၁၂:၀၀) နာရီအထိ Zoom Platform မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
 
ဂျဲန်ဒါပိုင်းဆိုင်ရာစော်ကားအကြမ်းဖက်မှုကြောင့် နောက်ဆက်တွဲခံစားရနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများကို ကောင်းစွာသိရှိနားလည်နိုင်ဖို့နဲ့ ကျွန်မတို့ Community မှာ ဒီလို အကြမ်းဖက်ခြင်းများ ရပ်တန့်ပပျောက်သွားအောင် ကျွန်မတို့ တစ်ဦးတစ်ယောက်စီတိုင်း ပါဝင်ကူညီဆောင်ရွက်နိုင်စေရန် ယခုဆွေးနွေးပွဲကို ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါတယ်။ မိမိပတ်ဝန်းကျင်မှာ ဂျဲန်ဒါပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ လျော့နည်းပပျောက်သွားအောင် ဘယ်လိုကူညီဆောင်ရွက်ရမလဲဆိုတာတွေကို လေ့လာသိရှိလိုတယ်ဆိုရင် ဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ အခုပဲ Register လုပ်လိိုက်တော့နော်။
Register လုပ်ပြီးသူများအား တက်ရောက်ရန် Zoom Link များကို email ကနေတဆင့်ပြန်လည်ပေး ပို့သွားမှာဖြစ်ပါတယ်။
 
 
December 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

November 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

November 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

October 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

September 22, 2025

မထိုက်တန်သူ

မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊

en_USEN